မြန်မာပြည်က ကားဝပ်ရှော့ဆရာကြီးတွေ ပြုပြင်ပြောင်းလဲရမယ့် အဓိကအချက်

တချို့ကားဝပ်ရှော့က စက်ဆရာတွေကိုပြောချင်ပါတယ်… တခြားကားသမားတွေတော့မသိဘူး ကျနော်ကတော့ ခံရတာတော်တော်များနေပြီ။

ကားသွားပြင်မယ်ဆို စက်ပြင်စရာတွေက သူတို့တစ်သက်မှာ တစ်ခါမလျှော်တဲ့ဝတ်စုံ အမဲဂျီးတွေညစ်ပတ်နေတဲ့ဝတ်စုံနဲ့ ကားထဲမှာဝင်ထိုင်တယ် စမ်းသပ်တယ် ထိုင်ပြင်တယ် ပြင်ပြီးရင်ပြီးသွားတယ်ပေါ့။

ကားပိုင်ရှင်တွေက အရမ်းစိတ်ညစ်ရပါတယ်။ အတွင်းခန်းမှာထိုင်မယ်ဆို သတင်းစာဟောင်းဖြစ်ဖြစ် အဝတ်အသန့်လေးဖြစ်ဖြစ် ကြားခံပြီးထိုင်ပေးကြပါ။ ဝပ်ရှော့ဆိုင် အားလုံးကိုမပြောလိုပါ။ အမှားပါရင် Sorry (Alex Rizwan)

ဝပ်ရှော့ဆရာကြီးတွေရဲ့ ဒဏ်ကို ခံခဲ့ရတဲ့ ကားပိုင်ရှင်တချို့ရဲ့ မှတ်ချက်များကိုလည်း စုစည်းဖော်ပြ ပေးလိုက်ပါတယ်-

မှတ်ချက် (၁) – ဆံပင်ညှပ်ရာပတ်သလို ထိုင်တဲ့အခင်းပိုင်းသီးသန့်ရှိ ပါတယ် ကားပိုင်ရှင်ရဲပစ္စည်း ကိုစေတနာနဲ့တန်ဖိုးထားရ ကောင်းမသိတဲ့သူတွေထံပြင် မနေပါနဲဗျာ။

မှတ်ချက် (၂) – အဲဒါအမှန်ဆုံပဲ ညစ်ပတ်နေတဲ့ ဆီဂျီးဝတ်စုံတွေနဲ့ တက်စမ်းတယ် စီယာတိုင်တွေဆိုလဲ ဆီတွေပေလို့ စိတ်အပျက်ဆုံးပဲ ခုံတွေဆိုလဲ ညစ်ပတ်ပေရေကုန်တယ် ခနခနဖြစ်တယ် ဒီမှာက အကျင့်ကိုဖြစ်နေပီ အမှန်က ကားစမ်းဝယ်ဆို ဝတ်စုံ အသစ်မဟုတ်ရင်တောင် နဲနဲသန့်တာလဲပီး စမ်းပေးသင့်တယ် ဝပ်ရှော့တတိုင်း စည်းကမ်းရှိဖို့လိုတယ် မဟုတ်ရက်ကားပြင်တိုင်းစိတ်ညစ်ရတယ် တခါတလေ ဘာမှ မသိတဲ့ စမ်းသပ်ကလေးတွေနဲ့ ကားကိုပြင်ခိုင်း သေးတာ။

မှတ်ချက် (၃) – ပြန်လာရင် အတွင်းခန်းတွေ ညစ်ပတ်လာတာ များတယ်။ တခါတလေ သူတို့ လက်ညစ်ပတ်ကြီးတွေနဲ့ မဆီမဆိုင် ကားခေါင်မိုးတွေပါ ထိထားသေးတယ်။ တချို့ workshop တွေကတော့ အဲ့တာမျိုး မဖြစ်အောင် ဂရုစိုက်ပေးပါတယ်။

မှတ်ချက် (၄) – အမှန်ဘဲဗျာ..ဘယ်လိုများတွေးထင်ပြီးအဲဒီလိုပြုမူလဲဆိုတာနားမလည်နိုင်အောင်ပါဘဲ..ဝပ်ရှော့တစ်ခါသွားပြီးရင်ကားသန့်ရှင်းရေးကိုတော်တော်လုပ်ယူရတယ်..ပိုင်ရှင်တွေကစနစ်တကျလမ်းညွှန်ပြီးတတ်နိုင်သမျှအပေအရေနည်းအောင်လုပ်ပေးသင့်တယ်..အခုက ငါတို့ပြင်ပေးမှမင်းတို့ကားကောင်းမှာ ဆိုတဲ့အတွေးတွေများဝင်နေလားမသိပါဘူး။

မှတ်ချက် (၅) – အရင်ဆုံး ကားမပြင်ခင် ဆရာသမားကို ကန်တော့ပါတယ်ဆိုပြီး ပလေကပ်တစိထည်ရယ် ရှပ်လက်ရှည်ရည်ကို တစ်ခါတည်း တံဆိပ်ခွာပြီး ကောက်စွပ်ပေးလိုက်။

မှတ်ချက် (၆) – တချို့ဆိုင်က ကလေးတွေရှိသေးတယ် ဆီပေနေတဲ့လက်တွေနဲ့ဘောနက်ဖုံးပေါ်တွေစာလိုက်ရေးသေးတာ ကိုယ်ကပြောပြန်ရင်လည်း ကြီးကျယ်တယ် နှိမ်တယ်ဆိုပြီးအပြောခံရမှာ။

မှတ်ချက် (၇) – ဒီက ဝပ်ရှော့ဆရာတွေ အတော်များများက ဆီပေနေတဲ့ အဝတ် ဝတ်မှ စက်ဆရာပီသတာလို့လွဲမှားစွာ မှတ်ယူနေကြတာပါ။

မှတ်ချက် (၈) – ဒါကတော့အမှန်ပါပဲ ဝပ်လျော့ကအပြန်မှာ လက်ကိုင်ဂွေမှာလည်း ဆီချေးတွေပေပြီး နံနေတာ မကြာခဏ ကြုံဖူးသေးတယ်။ ခေတ်ကာလက ပြောင်းနေပြီ သူတို့က လိုက်မပြောင်းရင်တော့ ကျန်နေခဲ့မှာပဲ အရင်ခေတ်က ဂျစ်ကားတို့ ဟိုင်းလတ်ကားတို့ခေတ်ပုံစံပဲ ဆက်မနေသင့်တော့ဘူး။ ဒီပို့စ်ကို ဝပ်ရှော့ဆရာတွေနဲ့ ပိုင်ရှင်တွေ ဖတ်မိပြီး ခေတ်စနစ်နဲ့လျော်ညီစွာလိုက်ပြောင်း စေချင်မိပါတယ်။

မလိုလားအပ်တဲ့ ပြဿနာများ မဖြစ်ပေါ်စေဖို့အတွက် မှတ်ချက်ပိုင်ရှင်များရဲ့ နာမည်များအား မဖော်ပြထားခြင်းကို နားလည်ခွင့်လွှတ်ပေးကြပါ ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page