တနေ့ ၃ နပ်စာ ဟင်းဖိုး ၅၀၀ ကျပ်ပဲ ရတဲ့ အလုပ်အကြောင်း ဖွင့်ချလိုက်တဲ့ အင်ဂျင်နီယာမလေး

ညီမလို ဂျင်းမိမှာစိုးလို့ စာအရှည်ကြီး ရေးလိုက်ပါပီနော်

လွန်ခဲ့တဲ့တပတ်လောက်က အလုပ်ခေါ် Post တွေ့လို့ ၀မ်းသာအားရ လျှောက်ပီး Interview ၀င်ခဲ့ပါတယ် Exc—— company မှာပါ အလုပ်ရခဲ့ပါတယ်

အခြေခံလစာ ၁၅၀၀၀၀ နဲ့ပါ ညီမက BE(EC) နဲ့ကျောင်းပီးထားလို့ လစာနည်းပေမယ့် ပညာရမယ့်အလုပ်ဆိုပီး သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူတို့ပြောတဲ့ နေစားငြိမ်းဆိုတာ အမည်ခံပါ

တကယ်တော့ ဆန်ကြမ်းတွေကို အဖွဲ့ထဲက တာ၀န်ကျ တရက် ၂ ယောက် ထမင်းဟင်းချက်ရပါတယ် (ထမင်းချက်တာ၀န်ကျလို့ ရုံးတတ်ချိန်မလျော့ပါဘူး) ဟင်းဖိုးက တယောက်ကို ၃ နပ်စာ ၅၀၀ ပါတဲ့ရှင်

အသားဟင်းကိုစိတ်တောင်မကူးပါနဲ့ နေ့တိုင်းအရွက်ကြော်ပါ နောက်လူအတွက် မကျန်မှာစိုးလို့ တိုင်းစားရပါတယ်။ အလုပ်ချိန်က 8:30-6:30 လို့ပြောပေမယ့် အသစ်ရောက်တဲ့ညီမတို့ကလွဲရင် အကုန် ည ၈ နာရီမှအလုပ်ဆင်းရပါတယ်တဲ့

နေ့လည်ခင်းထမင်းစားနားချိန်က မိနစ် ၃၀ နဲ့ အပြေးအလွှားစားရပါတယ်။ Monday, Friday က ရုံးတက်ချိန် 8 နာရီပါရှင်။ ပိတ်ရက်ကတော့ တလကို ၃ ရက်ပါ ညအိပ်ပြန်လို့မရပါဘူး

တရက်ပျက်ရင် ၅၀၀၀ နုတ်ပေမယ့် အချိန်ပို ကြေးမပေးပါဘူး Bonus ဆိုပြီးလဲ တယောက်နဲ့တယောက်မတူသလို ပြောခွင့်လဲမရှိပါဘူးတဲ့

သိရသလောက်တော့ အကြာကြီးအလုပ်၀င်နေတဲ့သူတွေတောင် Bonus ပါမှ ၁၅၀၀၀၀-၂၀၀၀၀၀ ကြားပါတဲ့ ပိုင်ရှင်က ဗိုလ်မှူးလို့သိရပါတယ်

အလုပ်အတွေ့အကြုံမရှိ နယ်ကတတ်လာ မိသားစုအဆင်မပြေ စသည့်အကြောင်းအမျိုးမျိူးကြောင့်သာ အောင့်အီး လုပ်နေကြရသူတွေချည်းပါပဲ

လိုက်မေးကြည့်သမျှတော့ ၂၀ မှာ ၁၈ ယောက်လောက်က အဆင်မပြေ /မပျော် /အလုပ်ထွက်ချင်နေကြသူတွေချည်းပါပဲ

ဘာလို့မထွက်လဲ စဉ်းစားမရတော့ပါဘူး ညီမကတော့ အင်ယာတွေကို ဈေးနှိမ်ထားပီး မတန်တဆခိုင်းတယ်လို့ ထင်လို့ ထွက်လာပါပြီ။

လူသစ်တွေ ဂျင်းထည့်ဖို့ အဆက်မပြတ် ခေါ်နေပါတယ် (ခေါ်ရမှာပဲလေ ၀န်ထမ်းမှ မမြဲတာ ) ဟုတ် ကိုယ့်လို အဖိုးတန်အင်ယာလေးတွေ ဂျင်းမိမခံကြပါနဲ့လို့ အင်ယာ အခြေခံ လစာက ၃၀၀၀၀၀ လောက် ရှိကိုရှိ ရပါမယ်

Entry level မို့ ၂၅၀၀၀၀ ဆိုရင်တောင် ကြားကောင်းပါသေးတယ် ၁၅၀၀၀၀ နဲ့ အမတန်တဆ အခိုင်းမခံချင်ရင် ရှောင်ကြပါရှင်

နေစရာပေးတယ်ဆိုတာကလဲ အထပ်ခိုးပေါ်မှာအထက်သားလေးတွေနဲ့ ဆောက်ထားတဲ့ အခန်းပုလေးထဲ ပျဉ်ထောင်ခင်းထားပြီး အယောက် ၂၀ လောက်အိပ်ရတာမျိုးပါ ညညဆို သွပ်မိုးနဲ့အရမ်းနီးလို့ နှင်းစက်လေးတွေတဖွဲဖွဲပေါ့ရှင်

အပေါ်ဆုံးထပ်မှာ လူ ၁၅-၂၀ ကြားရှိတာ ရေချိုးခန်း တခန်း အိမ်သာတလုံးကြီးတောင်ပါပါတယ် အလုပ်ချိန်စ၀င်ကတည်းက ဖုန်းကိုအပ်ထားခဲ့ရပါတယ် အလုပ်ဆင်းချိန်မှပြန်ပေးပါတယ်

မိသားစုသေရေးရှင်ရေးဆို ရုံးဖုန်းကိုဆက်ပြီး စီနီယာတွေက တဆင့်ပြောရတယ်လို့ ပြောပါတယ် အပြင်မှာ ပစ္စည်းတခုခု လာပေးရင်တောင် ယောင်္ကျားလေးဆို မရပါဘူးတဲ့ ဘဲတွေခေါ်လို့ပါတဲ့ ဆယ်တန်းဘော်ဒါတောင် ခုလိုမကြပ်ပါဘူး။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page