မြန်မာပြည်ကိုဗစ်ကာကွယ်ဆေး သူရဲကောင်းကို အသည်းအသန် တရားစွဲချင်ရတဲ့ အကြောင်းရင်း
ဒီနေ့မှာ ဒေါက်တာထားထားလင်းကို အဂတိမှု တခုနဲ့ ထပ်တရားစွဲပါတယ်။ အမှုကတော့ သူရဲကောင်းဆန်လွန်းလို့ တရားစွဲခံရတယ်လို့တောင် ဆိုလို့ရပါတယ်။
ဒေါက်တာထားထားလင်းဟာ ကိုဗစ်ကာကွယ်လုပ်ငန်းရဲ့ ညွှန်ကြားရေးမှူးပါ။ မြန်မာပြည်သူတွေအတွက် ပေးထားလှူထားတဲ့ အလှူငွေတွေကို အာဏာသိမ်းပြီးတဲ့နောက် အမက အလှူရှင်တွေဆီ ပြန်ပို့ပေးလိုက်တာပါ။
အဲဒီငွေတွေကို သူတို့ မသုံးရလို့ ဒေါသတကြီးနဲ့ အဂတိမှု တပ်ပါသတဲ့။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ယူနီဆက်ဖ်က ပြည်သူတွေအတွက် ပေးထားတဲ့ ငွေတွေကို သူတို့က ပြန်မပေးပဲ ထိန်းထားဖို့ပြောပေမယ့် အမက ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ယူနီဆက်ဖ် ကို ပြန်လွှဲပေးခဲ့တာပါ။ စုစုပေါင်း ၁၆၁ သန်းပါ။ အမဟာ အလှူငွေတွေကို ကျည်ဆန်အဖြစ်မခံခဲ့ပါဘူး။
ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ပဲ တာဝန်ကို အကျေပွန်ဆုံး ထမ်းဆောင်သွားခဲ့တာပါ။ ဒီလိုမျိုး သူရဲကောင်းတွေဟာ ကိုယ့်ရဲ့ စီနီယာတွေဖြစ်တဲ့အခါ အလွန်ဂုဏ်ယူမိပါတယ်။ တခါတရံ သူရဲကောင်းတွေရဲ့ကမ္ဘာဟာ ဘယ်လိုပင် စွပ်စွဲပုတ်ချနေပါစေ။ နေမဝင်ပဲ အမြဲလင်းလက်နေမယ်ဆိုတဲအကြောင်း အမကို လေးစားစွာ ဂုဏ်ပြုလိုက်ရပါတယ်။
Nay Thway