နေ့လည် (၁၂) နာရီ ကျော်အထိ ဈေးဦးမပေါက်လို့ ထမင်း မစားရသေးတဲ့ အသက် (၈၀) အရွယ် အဘိုး
ဘဝမှာ…ခုလို အများကြီး တခါမှ မရခဲ့ဖူးဘူး သားရယ်
အဖိုး အသက် (၈၀)နှစ်၊ မိသားစု အကြောင်းတော့ အဖိုးကိုယ်တိုင် မပြောပြချင်တော့ဘူးတဲ့။ မြို့ထဲမှာ…အမျိုးသား ဝတ် အောက်ခံဘောင်းဘီလေးတွေ ရောင်းတယ်။ မနက် မြို့ထဲဘက်သွားရင်း၊
အဖိုးရေ…ဘယ်လိုရောင်းလဲ ဗျ၊ သားရေ (၂)ထည် ၄၅၀၀ ကျပ် ပဲ ပေးပါ သားရယ်။ ဟုတ် အဖိုး…ရောင်းကောင်းရဲ့လား ဗျ။ မနက်တည်းက သားရယ်…ခု (၁၂)ခွဲထိ စျေးဦးတောင် မပေါက်သေးဘူး
ဟာ…ဟုတ်လား အဖိုး…ဒါဆို စျေးဦးပေါက် (၄)ထည် အားပေးမယ်ဗျာ။ ကျေးဇူးတင်လိုက်တာ သားရယ်…ဒါလေးရောင်းရပြီဆို ထမင်းသွားစားမယ်။ အဖိုး ရော့… ၈၀၀၀၀ ကျပ်။
ဟာ…သား အများကြီးပဲ ပိုနေတယ်…တရွက်ပဲ ပေးရမှာလေ (၉၅၀၀)ကျပ်ပဲ ကျတာ လေ။ ပိုနေတာ အဖိုး လိုတာ သုံးပါနော်…သား ကန်တော့တာပါ။
အဖိုး ဘဝမှာ…ဒါမျိုး ပိုက်ဆံ အများကြီး တခါမှ မရခဲ့ဖူးဘူး…မကိုင်ခဲ့ဖူးဘူး။ သူများတွေ သနားလို့ ပေးတဲ့ (၁)ထောင် (၂)ထောင်ပဲ ဘဝမှာ ရဖူးတယ်…ခုလို ပိုက်ဆံတွေ မကိုင်ခဲ့ဖူးဘူး။ တကယ် ကျေးဇူးတင်ပါတယ် သားရယ်…ဒါနဲ့ သား နမည်လေး အဖိုးကို ပြောပြပါလား
သား နမည် ပူတူးပါ အဖိုး။ အဖိုး မှတ်ထားမယ်နော်…အဖိုးနဲ့သား သူငယ်ချင်း ဘော်ဒါတွေ ဖြစ်သွားပြီနော်။ ဒါပေါ့ အဖိုး…သားက အဖိုး သူငယ်ချင်း ဘော်ဒါဖြစ်သွားပြီ။ အဖိုး အိမ်ပြန်နားတော့နော်…စောစော ပြန်နားတော့နော်။
(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖိုးကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ)
ဪ ..အဖိုး ပျော်သွားတာလေး ကြည့်ပြီ…ရင်ထဲမှာ ဝမ်းနည်းဝမ်းသာ ဖြစ်ရပါတယ်။
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ