ဂြိုဟ်တုတွေကို ထိရင် မီးပွင့်မယ်လို့ ပြောလိုက်တဲ့ ရုရှနဲ့ တကယ်ကိုယ်ပျောက်နေတဲ့ ရုရှလေတပ်

ရုရှရဲ့ဂြိုဟ်တုတွေကို နှောင့်ယှက်မယ်( hack ) ဆိုရင် တရားမျှတမှုကိုပြန်ပေးဆပ်ရလိမ့်မယ်။

ရုရှအနေနဲ့ပြန်တုန့်ပြန်မယ် လို့ ရုရှ စပေ့အေဂျင်စီအကြီးအကဲက ဗုဒ္ဓဟူးနေ့ကသတင်းထုတ်ပြန်ရာမှာ ပြောခဲ့တာကို ကောက်နှုတ်တင်ပြချက်သတင်းအဖြစ်ထွက်ပေါ်လာပါတယ် (ရိုက်တာ)

Roscosmos အဖွဲ့ ရဲ့အကြီးအကဲ Dimitry Rogozin က မီဒီယာပေါ်မှာ ရုရှဂြိုဟ်တုထိန်းချုပ်ရေးစင်တာ hacked နှောက်ယှက်တိုက်ခိုက်ခံရတယ်လို့ သတင်းထွက်ပေါ်နေတဲ့အပေါ် ငြင်းဆိုလိုက်ပါတယ်။ ငြင်းရင်းပြုရင်းမှာပဲ သူက အဲ့သည့်လိုမလုပ်ဖို့ကိုလည်း သတိပေးလိုက်ပါတယ် လို့ အင်တာဖက်စ် သတင်းဌာနက သတင်း
တင်ဆက်ထားပါတယ်

“နိုင်ငံတနိုင်ငံရဲ့ ဂြိုဟ်တုတွေကို မိန်းစင်တာနဲ့ အချိတ်အဆက်ပျက်အောင် လုပ်တာဟာ တကယ်တော့စစ်ဖြစ်စေမယ့်အကြောင်းတခုပဲ ” လို့သူကဆိုခဲ့တာကိုလည်း အင်တာဖက်စ် သတင်းဌာနက ကောက်နှုတ်ဖော်ပြခဲ့ပါတယ်

Rogozin ကသူ့အေဂျင်စီအနေနဲ့ ဗြိတိန်အခြေစိုက် နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ OneWeb ကိုအာမခံချက်တောင်းထားပါတယ်။ OneWeb ရဲ့ ပိုင်ဆိုင်တဲ့ဂြိုဟ်တုတွေကို ရုရှကိုဆန့်ကျင်ရာမှာ အသုံးချမခံထားပါဘူးဆိုတဲ့အာမခံချက်ကို တောင်းနေတာပါ လို့သိရပါတယ်။

သည်လိုအာမခံချက်မပေးဘူးဆိုရင် မတ်လ၄ရက်နေ့မှာ Baikonur cosmodrome ကနေလွှတ်တင်မယ့် 36 OneWeb Satellites အစီအစဉ်ကိုပယ်ဖျက်ရမယ်လို့ဆိုပါတယ် လျော်ကြေးလည်းပေးမှာမဟုတ်ကြောင်းလည်းပြောပါတယ်

အလားတူပါပဲ မော်စကိုရဲ့လေတပ်မှာဘာတွေဖြစ်နေသလဲ ဆိုပြီး စစ်ရေးကျွမ်းကျင်သူတွေနဲ့အမေရိကန် အရာရှိတွေက စဉ်းစားရကြပ်နေတယ်ဆိုတဲ့ သတင်းလည်းပေါ်လာပါတယ်။

ထင်ထားသလိုမဟုတ်ပဲ ရုရှလေတပ်ရဲ့ စိုးမိုးမှုတွေကို မဖြစ်စလောက်သာတွေ့နေရလို့ပါတဲ့။ အများထင်တာ စစ်ဦးဘီလူးဆိုသလို လေကြောင်းစိုးမိုးမှုများစွာနဲ့ဝီခေါ်နေရမယ့်အချိန်မှာ ရုရှလေယာဉ်တွေ လှုပ်ရှားမှု အဆမတန်နည်းနေတာကို သုံးသပ်သူတွေ အကြံအိုက်နေပြန်ပါသတဲ့

ပူတင်ရဲ့လှည့်ကွက်တွေလားဘာတွေလား၊ အတော်တော့ရှုပ်နေတာသေချာပါတယ်

Pi Lon

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page