မြန်မာ့အားကစား ကမ္ဘာ့နောက်ဆုံးရောက်ခဲ့ရတဲ့ နောက်ကွယ်က အဓိကအကြောင်းရင်း
အဲဒါ မြန်မာပြည် ဟုခေါ်သည်။
ကျွန်မ မေမေခင်ပါ။ မီတာ ( 800/1500/3000/400×4 ) ရှမ်းပြည်နယ်ကနေ မြန်မာ့လက်ရွေးစင် ဖြစ်ခဲ့ပါတယ်။
၁၆ ကြိမ်မြောက် ဆီးဂိမ်း၊ အာရှအားကစားပွဲ အကြို ချစ်ကြည်ရေးပွဲတွေ ကစားခဲ့ရပြီး ၁၇ ကြိမ်းမြောက် ဆီးဂိမ်း မှာ ပထမရပြီး စံချိန်ဝင်တာတောင် ကျွန်မကို ဆီးဂိမ်း မလွှတ်ပါဘူး ကျွန်မ သွားမကစားခဲ့ရပါဘူး ။
ဒါပေမယ့် စိတ်ဓါတ်မကျဘဲ ပြန်ကြိုးစားခဲ့ပါတယ် အဲ့ဒီအချိန်တုန်းက ကျွန်မက ရုရှားနည်းပြနဲ့ Training ဆင်းရပါတယ်
ကျွန်မရဲ့ပြိုင်ဖက်တွေက ပြည်တွင်းနည်းပြတွေနဲ့ Training ဆင်းကြရပါတယ် ကျွန်မရဲ့ စံချိန်တွေလည်း ကောင်းလာပါတယ်
အာရှအားကစားပွဲ အကြိုပွဲသွားကစားတော့ တတိယရလာပြီး စံချိန်လည်းကောင်းလို့ ဂျပန်ဟီရိုရှီးမားမှာ အာရှအားကစားပွဲ အတွက် ဆက်ကြိုးစားပေမဲ့ ကျွန်မကို မခေါ်သွားဘဲ ကျွန်မအနောက်က နှစ်ယောက်ကိုခေါ်သွား လို့ စိတ်မချမ်းသာစွာနဲ့ဘဲ ဇာတိမြေကို အပြီးပြန်လာခဲ့ပါတယ် … ။
ရုရှားနည်းပြလည်း မော်စကို ပြန်သွားပါတယ် ကျွန်မကိုလည်း မှာခဲ့ပါတယ် ” မင်း ဆက်မကြိုးစားပါနဲ့တော့ ဇာတိကိုဘဲပြန်ပါ .. ငါလည်း ပြန်တော့မယ် မင်းတို့ဆီမှာ မတရားမှုတွေ များတယ် .. ” လို့ ကျွန်မကို အမှာစကားပါးခဲ့ပါတယ်
သမိုင်းအမှန်မို့ အောင်ဆန်းကွင်းမှာ စုံစမ်းလို့ရပါတယ်ရှင့် နောက်မျိုးဆက်သစ်တွေ ကျွန်မလို မခံစားစေချင်လိုပါရှင့် ။
Ma Yoon Shwe @ မမေမေခင်