ကင်ဆာဝေဒနာရှင် ၃၆,၄၃၉ ဦးကို ပျောက်ကင်းအောင် ကုသပေးခဲ့တယ်ဆိုတဲ့ ပခုက္ကူက ဆရာတော်

ယခုဖော်ပြမည့် အကြောင်းအရာသည် အွန်လိုင်းပေါ်တွင် လူပြောများနေသည့် အကြောင်းအရာ များကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။

လက်ရှိအချိန်ထိ ကမ္ဘာပေါ်မှာ မည်သူမျှ ကင်ဆာကို အရှင်းပျောက်ကင်းအောင် မကုသနိုင်သေးပါဘူး။ ပိုစ့်ကို အောက်မှာ ဖော်ပြလိုက်ပါတယ်-

ဘုန်းဘုန်းဘုရားကို အချိုရည်တွေ မကပ်တော့ဘူး… အားလုံးမင်္ဂလာပါ လို့နှုတ်ခွန်းဆက်သရင်း သတင်းကောင်းလေးပါးချင်လို့ပါ…

အိမ်နားကအကိုအသည်းကင်ဆာနောက်ဆုံးအဆင့် ဘန်ကောက်မစ်ရှင်ဆေးရုံကြီးကပါ လက်လျှော့ခဲ့ရတဲ့လူနာ အကြောင်းကို အရင်ရက်က ကျမရေးတင်ခဲ့ပါသေးတယ်..

ဒီအတိုင်းလက်လျှော့ရမယ့်အခြေအနေမှာ ညောင်ဦးမြို့နယ်ထဲက ဘုန်းကြီးကျောင်းမှာကင်ဆာရောဂါ မှန်သမျှ နောက်ဆုံးအဆင့်ရောက်ရှိနေသည့်တိုင် အရှင်းပျောက် ကင်းနေသည့်သတင်းကို ကြားပါတယ်..

လက်တွေ့ပျောက်ကင်းလာတဲ့လူနာရှင်တွေရဲ့ ဆက်သွယ်ပေးမှုကြောင့် မနေ့က အဲဒီကျောင်းကို လူနာကို တင်ခေါ်ပြီး သွားခဲ့ပါတယ်.. အသည်းရဲ့အနာကြောင့် ကားကိုဖြေးဖြေးမောင်းရင်း ခဏခဏနားရင်း မောပန်းနေတဲ့လူနာရဲ့ အရိပ်အခြေကြည့်ပြီး ဘုန်းကြီးကျောင်းထိ အောင်မြင်စွာ ရောက်ရှိခဲ့တယ်။

ရောက်တယ်ဆိုရင်ပဲ ဘုန်းဘုန်းကို ဆေးမှတ်တမ်းတွေ ပေး.ဆေးမှတ်တမ်းကြည့်ပြီး ထိုးဆေးနှစ်လုံးတန်းထိုးပေးတယ် ချက်ချင်းပဲ လူနာ အနာသက်သာသွားပြီး လန်းဆန်းသွားတာကို မြင်ရတယ်။

သုံးလအတွင်း ဆေးသုံးကြိမ်ထိုးရမယ် ဗမာဆေးသောက်ရမယ် ပျောက်ကင်းဖို့လဲ အာမခံလိုက်ပါတယ်.. ဆေးခန်းမှာကုသလို့ ပျောက်ကင်းသွားတဲ့ ကင်ဆာရောဂါ ဝေဒနာရှင်ပေါင်း ၃၆၄၃၉ ယောက်ရှိသွားပါပြီ။ AIDS ၊ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်နေသူများ၊ ကင်ဆာရောဂါသည်များ အားလုံးအရှင်းပျောက်သွားတာကို လေ့လာသိရှိခဲ့ရပါတယ်..

ဆရာတော်ကြီးကို ဖဘပေါ် ဒီသတင်းလေးတင်ခွင့်တောင်းပြီး တင်ပေးလိုက်တာပါ.. ဆရာတော်ကြီးကို မန္တလေးမြို့မှာ ဆေးရုံဖွင့်ဖို့ အကြံပေးတော့ တောနယ်က မရှိဆင်းရဲသားတွေအတွက် တောမှာပဲ သတင်းသုံးရင်းဆေးကုမယ့်အကြောင်းပဲ ပြောပါတယ်။

မြို့အရပ်က ပိုက်ဆံရှိကြတော့ တောအရပ်ထိလာကုနိုင်တယ် တဲ့လေ..ကိုယ်သဒ္ဒါသလောက်ကန်တော့ရပါတယ် ကိုယ်နဲ့အတူ ဆေးကုလာတဲ့အကိုကတော့ အသွားနဲ့အပြန်နဲ့ကို မတူတော့ပါဘူး လက်တွေ့ထူးခြားလွန်းလို့ အံ့သြဘနန်းဖြစ်ရပါတယ်။

အသည်းကနာနေတာတွေ ဘာမှမရှိတော့ လူက ထောင်ထောင်မတ်မတ်လမ်းလျှောက်နိုင်တဲ့အပြင် စကားတွေလဲ ဖောင်ဖွဲ့လို့ အပြန်လမ်းမှာ လူနာက လူကောင်းဖြစ်ပြီး ပခုက္ကူ ကဘုရားတွေတောင် သူဝင်ဖူးချင်တယ်ဆိုလို့ ဘုရားဖူးတောင်လည်ခဲ့ပါသေးတယ်.

ကားပေါ်မှာလဲ အသွားတုန်းက ကားဆောင့်လိုက်ရင် ရှုံ့မဲ့သွားရတဲ့မျက်နှာက အပြန်လမ်းမှာတော့ တချက်မှ မရှုံ့တဲ့အပြင် တလမ်းလုံး သူကချည်း စကားတွေ ပြောလာတော့တာပဲ…ပြုံးလို့ ရွှင်လို့… မယုံကြည်နိုင်လောက်အောင် ဆေးအစွမ်းကို အံ့သြခဲ့ရတယ်..ခုမနက် လူနာအကို ဘယ်လိုအခြေအနေရှိလဲ သိချင်လို့ မနက်စောစောထပြီး အိမ်ရှေ့ထွက်ကြည့်မလို့ ကိုယ်က ဟန်ပြင်နေတုန်း လူနာအကိုက လမ်းတောင်ထွက် လျှောက်နေပြီ…

လမ်းလာသမျှလူတွေ တပြုံးပြုံးနဲ့ စကားတွေ ပြောလို.. စိတ်ချမ်းသာတဲ့မြင်ကွင်းလေးကြည့်ပြီး ဝမ်းသာရပါတယ်။

ဒါကြောင့်မို့ အသည်းကင်ဆာဝေဒနာရှင်များ သွေးကင်ဆာ၊ အဆုပ်ကင်ဆာ နောက်ဆုံးအဆင့် အောက်ဆီဂျင်တန်းလန်းနဲ့ နာရေးကူညီမှုကားတွေနဲ့ ရောက်လာကြတဲ့ လူနာတွေ တောင် ဘုန်းကြီးက ကုသပေးနိုင်တယ်ဆိုတာ လက်တွေ့ မြင်ခဲ့ရပါပြီ..

သွားနိုင်ရင် သွားကြပါ..7 day သတင်းဂျာနယ်က လာရောက်သတင်းယူသွားတယ်တဲ့ ဒါပေမယ့်ဘုန်းဘုန်းက သတင်းမထည့်ခိုင်းသေးပါဘူး.. တနေ့ကို တစ်ရာကျော်လောက်လူနာတွေလာနေတာမို့ ဘုန်းဘုန်းကုမနိုင်မှာစိုးနေတာပါ..

အခုလဲ ဘုန်းဘုန်းဘုရား တပည့်တော် ဒီသတင်းလေး တင်ပါရစေလို့ ခွင့်တောင်းပြီး ဘုန်းဘုန်းပုံကိုရိုက်လာခဲ့တော့ ဘုန်းဘုန်းက ပြောတယ် အေး နင်တင်လိုက်လို့ လူနာတွေ များလာရင် နင်လာကူရမှာနော်တဲ့..”ကူပါမယ်ဘုရား တင်ပါရစေဘုရားလို့ ” လျှောက်တင်ပြီး ဝေဒနာရှင်တွေသိရအောင် ပြန်လည် တင်ပေးခြင်း ဖြစ်ပါတယ်..

ဘုန်းဘုန်းရဲ့အထူးမှာကြားချက်က ကင်ဆာဝေဒနာသည်မှန်သမျှ ကျွဲရိုင်း လစ်ပို လိုမျိုး အချိုရည်တွေကို လုံးဝ မသောက်ဖို့ မှာကြားပါတယ်…. လိပ်စာလေးထည့်ပေးလိုက်တယ်

ဦးပဏ္ဍိတ သာသနာ့ဇေယျုံကျောင်းတိုက် (ပခုက္ကူ) ဧရာဝတီတံတားအနီး၊ ကန်တောကျေးရွာ ညောင်ဦးမြို့နယ်။ 09259477699 09401006767

လေးစားလျှက်
ခင်မိုးပြေး

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page