ဗယ်လင်တိုင်းနေ့ အကြောင်းနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဗယ်လင်တိုင်းနေ့ရဲ့ နောက်တနေ့
ဗယ်လင်တိုင်းဆိုတာ…..
ဗယ်လင်တိုင်း ဆိုသူဟာ နတ်ကိုးကွယ်တဲ့ ရောမဘုရင်က ခရစ်ယန်တွေကို သုတ်သင်တဲ့ခေတ် အေဒီ ၄ ရာစုက ခရစ်ယန် ဘုန်းကြီးတပါး နံမည် ဖြစ်တယ် တဲ့။ သူ့ကိုအမှတ်တရပြုတဲ့နေ့တဲ့။
ယုံတမ်းတခုမှာ ရောမဘုရင် ကလားဒီးယစ်က စစ်သား တွေ အိမ်ထောင်မပြုရင်ကောင်းတယ်၊ နောက်ဆံတင်းတာတွေလျော့ပြီး စစ်ကို အပီအပြင် တိုက်ကြလိမ့်မယ် လို့ ယူဆပြီး စစ်သားတွေ အိမ်ထောင်မပြုရ အမိန့်ထုတ်ပြန်တယ်။ ဒါကို ဘုန်းတော်ကြီး ဗယ်လင်တိုင်းက ကန့်ကွက်ခဲ့လို့ ဘုရင်က အမျက်ရှတယ်။ -တ်ပစ်တယ်။
နောက်တခုမှာ ရောမဘုရင်ဟာ လူပျိုတွေချည်းပဲ စစ်သား အဖြစ် စုဆောင်းတယ်၊ စစ်မတိုက်ချင်သူတွေ စစ်ထဲမသွားရအောင် စုံတွဲတွေကို ဘုန်းတော်ကြီးဗယ်လင်တိုင်းက အိမ်ထောင်ပြုပေးတယ်။ ဘုရင် က စစ်သားဦးရေလျော့လာတော့ ဘုန်းကြီးကို စိတ်ဆိုးတယ်။ -တ်ပစ်တယ်။
တကယ်တော့ အဲ့ဒီ လေးရာစုနှစ်တုန်းက ဖေဖော်ဝါရီ ၁၃-၁၅ ရက် အတွင်း ရောမသားတွေဟာ မိန်းမတွေကို သားသမီးရအောင် ကြာပွတ်နဲ့ ရိုက်၊ နတ်ဘုရားတွေကို သားကောင်တွေ-တ်ဖြတ်ယစ်ပူဆော်တဲ့ the Feast of Lupercalia နေ့ ဖြစ်တယ်တဲ့။ အဲ့ဒီပွဲမှာ လူတွေဟာ ဝတ်လစ်စလစ် နဲ မူးရူးပျော်ပါးကြတယ်။ အဲ့ဒီပွဲကို အစပြုပြီး နောင် နတ်မကိုးကွယ်တော့တဲ့ခေတ်မှာ စိန့် ဗယ်လင်တိုင်းနေ့ လို့ ပြောင်းသတ်မှတ်ပြီး ဆက်ကခုန်ကြတယ် လို့လည်း ဆိုကြတယ်။
အင်္ဂလန် နဲ့ ပြင်သစ်မှာ ငှက်မိတ်လိုက်ရာသီအစ ကို ဖေဖော်ဝါရီလ ၁၄ ရက် လို့ တရားဝင်သတ်မှတ်ပြီး ငှက်ပစ် မထွက်ကြဘူး။ အဲ့ဒီနေ့ဟာ စုံတွဲ တွေရဲ့ နေ့ လို့ နောက်ဖြစ်လာတယ် တဲ့။
ပထမဆုံး ဗယ်လင်တိုင်းနေ့ မှတ်တမ်းက ၁၄ ရာစုနှစ် Chaucer (1382) ရေးတဲ့ စာတမ်းပါတဲ့၊”For this was on St. Valentine’s Day, when every bird cometh there to choose his mate.” လို့ရေးခဲ့ပါတယ်။
အရိုးရှည်ရှည် နှင်းဆီနီ ကို ဘာလို့ပေးကြတာလဲ? နှင်းဆီနီဟာ အချစ်ရဲ့ သင်္ကေတ ဖြစ်တယ်၊ ဂရိတွေရဲ့ အချစ် နတ်သမီး Aphrodite နဲ့ ဆက်စပ်တယ် တဲ့။
ချောကလက် ဘာလို့ပေးလဲ? ချောကလက် ဟာ အသဲကွဲတာကို ဖြေဖျောက်နိုင်တယ်လို့ ၁၉ရာစု က ဆရာဝန်တွေက ယူဆကြတယ်။ ဒါကြောင့် ချောကလက်ပေးတယ်။ ချောကလက်မှာ စိတ်ကျရောဂါ ကို သက်သာစေတဲ့ ဓါတ်တမျိုးပါတယ်။
နိုင်ငံခြားမှာတော့ ဗယ်လင်တိုင်းကဒ်တွေ အများဆုံးရတာ ဆရာ၊ဆရာမတွေဖြစ်တယ်တဲ့။ ကျောင်းသားတွေက သူတို့ချစ်တဲ့ ဆရာ ဆရာမတွေကို ဗယ်လင်တိုင်းနေ့မှာ thank you အနေနဲ့ ဝိုင်းပေးကြတာပါ။
ဗယ်လင်တိုင်း ဘယ်က စတယ် ဆိုတာ သေချာမပြောနိုင်ပေမဲ့ အပေါ်ကအကြောင်းကြောင်းထဲက တခုကနေ မြစ်ဖျားခံလာပုံရပါတယ်။
ကျွန်တော်တို့ ငယ်စဉ်က ဗယ်လင်တိုင်းနေ့ အကြောင်း သိလည်းမသိဘူး၊ တခါမှ လည်းမကြားခဲ့ဖူးဘူး၊ မြန်မာပြည် ကူးစက်လာတာ ဆယ်စုနှစ် ပျော့ပျော့တခုစာပဲရှိသေးတယ်။
Single awareness day လူပျို၊အပျိုများအမှတ်တရနေ့က ဖေဖေါ်ဝါရီ ၁၅ ရက်နေ့ဖြစ်တယ် တဲ့။ ကဲ မနက်ဖြန် ကျ ထပ် ကျင်းပကြဦးပေါ့။
Kyaw Swa Min