စစ်ပွဲကာလအတွင်း ရန်သူနဲ့ စကားပြောခြင်း (သို့) တွေ့ဆုံဆွေးနွေးခြင်း အနုပညာ
ရုရှဟာ ယူကရိန်းအပေါ်ကျူးကျော်စစ်ဆင်တယ်၊ စစ်စတာနဲ့ လေးရက်ပဲရှိသေးတယ်၊ စားပွဲပေါ် နှစ်ယောက် ထိုင်စကားပြောတယ်။ ဒီနေ့ဆို နှစ်ကြိမ်ရှိပြီ။
စစ်ပွဲအတွင်း တွေ့ဆုံဆွေးနွေးမှု (wartime negotiations) တွေဟာ ဘယ်လောက်အရေးပါလည်း ဆိုတာ ကမ္ဘာ့သမိုင်းမှာ အများကြီးရှိခဲ့ပါတယ်။ အဓိက က နှစ်ဖက်ဟာ မိမိ ရန်သူ့ဆီက ဘာရနိုင်လဲ ဆိုတာ စကားပြောကြယုံနဲ့ ဆွဲထုတ်လေ့လာနည်း သုံးခြင်း ဖြစ်တယ်။
ပြန်ကြည့်တော့ တောင် မြောက်ကွဲသွားတဲ့ ကိုရီးယားစစ်ပွဲ၊ မြောင် နဲ့ တောင် ကွဲလုခမန်း ဖြစ်ခဲ့တဲ့ ဗီယက်နမ်၊ တရုတ် အိန္ဒိယ၊ ပါလက်စတိုင်း- အစ္စရေး ၊ တာလီဘန်တွေနဲ့ အမေရိကန်၊ ကျူးဘား ပြဿနာ အားလုံး ဟာ စစ်ရဲ့ အမြင့်ဆုံးအချိန်တွေမှာ ဆွေးနွေးခဲ့ကြတယ်။
ဆက်တိုက်မလား? ငြိမ်းချမ်းရေးသွားလို့ရနိုင်လား ? ငါလိုချင်တာ နဲ့ သူလိုချင်တာ ဘာတူလဲ? ဘာကွဲလည်း စနည်းနာကြရတာပါပဲ။
တွေ့ဆုံဆွေးနွေးတာ ပျော့ညံ့တယ် ကို ကိုယ့်ပရိဿတ်က ဖိအားဝင်မှာစိုးရင် လှို့ဝှက်ဆွေးနွေးကြပါတယ်။ တချို့ဆို ဖြစ်နေတဲ့နေရာနဲ့ အဝေးမှာ သွားဆွေးနွေးတယ်။ ပါလက်စတိုင်း- အစ္စရေးဆို နော်ဝေးက အော်စလိုမှာ အများမမြင်အောင် သွားဆွေးနွေးတယ်။
ရန်ဖက်အချင်းချင်း သူ့အင်အား ကိုယ့်အင်အား အပေါ် တွက်ချက်မှုလွဲတဲ့အခါ cost of no talking ဟာ ထင်တာထက် ပိုကြီးမားပြီး ထွက်ပေါက် အစီအမံ (exit plan) မရှိပဲ နှစ်ဖက် မရှုနိုင် မထွေးနိုင် ဖြစ်တတ်တယ်။ ကြားက ပြည်သူက စစ်ထဲမှာ လူမှု စီးပွား ထွက်ပေါက်မရှိ ညပ်နေရော။
ပွဲ ဖြစ်အောင် စီစဉ်တဲ့ third-party mediators အရေးကြီးပါတယ်။ တခါတခါ အဲ့ဒီ mediator တွေထွက်ပေါ် မလာနိုင်အောင် ပိတ်ထားတဲ့ အခြေအနေဖြစ်လာရင် တခြား နိုင်ငံတခု ဒါမှမဟုတ် အဖွဲ့အစည်း တခုက ဆွေးနွေးပွဲ ဖြစ်မြောက်အောင် ကြားဝင်လေ့ရှိပါတယ်။
တကယ်တော့ UN ဆိုတာ သူ့အလုပ်တွေထဲမှာ အဲ့ဒီ mediations ကိစ္စတွေ ၈၀% လောက် workload ရှိတယ်။ ဘယ်လောက်ပြင်းပြင်းထန်ထန် ဆက်တိုက်ရမလဲ? ငါတို့လိုချင်တာရမလား ဆိုတာ Conference table ပေါ်တက်လာတဲ့ ရန်သူ ရဲ့ ideology ကို ကြည့် ဆုံးဖြတ်နိုင်ရင် အကောင်းဆုံးပါပဲ။
ဆွေးနွေးတာ စေ့စပ်ညှိနှိုင်းတာ မဟုတ်ဘူး၊ အလယ်ကျတဲ့ရလာဒ်မှာ ရပ်ရမယ်ဆိုတာမျိုးမဟုတ်ဘူး။ သတ္တိကြောင်တာ မဟုတ်ဘူး၊ နှစ်ဖက်ကြား ဘုံအကျိုးစီးပွား တခုရှိလား ဆန်းစစ်ခြင်းနဲ့ မိမိတို့ အဆုံးထွက်ပေါက် ဘယ်မှာလဲ လေ့လာတာ ဖြစ်ပါတယ်။
ယူကရိန်း နဲ့ ရုရှဟာ ဒီခေါင်းစဉ်တွေအခြေခံပြီးတွေ့ကြခြင်းပါ။ စစ်ရေးအဆိုအမိန့်တွေ မှာ နံမည်ကြီးတဲ့ ဆွန်ဇူး က ပထမ အရေးအကြီးဆုံးက ရန်သူ့ရဲ့ ဗျူဟာ ယုံကြည်ချက်ကို ဖြို ၊ ဒုတိယအရေးအကြီးဆုံးက သူ့မဟာမိတ်ကို ခွဲ ၊ နောက်ဆုံးမရမှ သူ့တပ်ကို တိုက်တဲ့။ ရန်သူ့ရဲ့ယုံကြည်ချက်ကို ဖြိုဖို့က စကားဝိုင်း နဲ့ရှာဖွေတယ်။ ဒါကြောင့် ဆွေးနွေးပွဲ လုပ်ကြတယ်။
Kyaw Swa Min