နှစ်သင်္ချေ ပါရမီဖြည့်ထားတဲ့ ဒေဝဒတ်လည်း အသိအမှောင်ဖုံးသွားရင် ငရဲကျတာပါပဲ

ဒေဝဒတ်ဟာ ဘုရားရှင်ကို ပစ်မှားလို့ မြေမြိုခံရပြီး နောက် ကမ္ဘာတသိန်း အလွန်မှာ ပစ္စေကဗုဒ္ဓ ဖြစ်မှာပါ။ ပစ္စေကဗုဒ္ဓ ဆိုတာ ဆရာမကူပဲ နှစ်သင်္ချေနဲ့ ကမ္ဘာတသိန်း လေ့ကျင့်ပြီး ပွင့်တဲ့ ဗုဒ္ဓအမျိုးအစားပါ။

ဒီတွက်နည်းအရ ဆိုရင် မြတ်စွာဘုရားနဲ့ မဆုံခင်မှာ ဒေဝဒတ်ဟာ နှစ်သင်္ချေ ပါရမီဖြည့်ထားပြီးသားပါ။ တစ်သင်္ချေနဲ့ ကမ္ဘာတသိန်းပဲ ပါရီဖြည့်ရတဲ့ လက်ဝဲတော်ရံ၊ လက်ယာတော်ရံ သာဝကတွေထက် ပါရမီဖြည့်ချိန် ကြာပါတယ်။

ဒါတောင်မှ ဘုရားအလောင်းနဲ့ စဆုံချိန် လွန်ခဲ့သော ငါးကမ္ဘာက စဖွဲ့မိတဲ့ ရန်ငြိုးဟာ ဘဝတသိန်း ပူလောင်ခဲ့ရပြီး ဘုရားပွင့်တဲ့ အချိန်မှာ မြေမြိုခံခဲ့ရပါသေးတယ်။ ဘယ်လောက် ပါရမီကြီးကြီး လောဘတက်လာရင် ဒေါသဖုံးပြီး မောဟအမှားတွေ လုပ်မိတယ် ဆိုတဲ့သက်သေပါ

ဘုရားလက်ထက်မှာလည်း လမ်းမှန်ဖြစ်တဲ့ ဘုရားသားတော်ဘဝ ရောက်နေတာတောင် ဘာမဟုတ်တဲ့ အလေးအမြတ်ပြုမှုလေး ခံယူချင်တာနဲ့ (စာရေးတံမဲပွဲမှာ သူ့ကို ပင့်ဖို့ လာရှာသူမရှိလို့တဲ့) တစတစ အမှားဆင့်ဆင့်ပြီး မိုက်တွင်းနက်လိုက်တာ ငရဲကို ဒုတ်ဒုတ်ထိ ဆင်းတော့တာပါပဲ

ဒီတော့ လမ်းမှန်ပေါ် ရောက်နေတဲ့ ဘုန်းကြီးဘဝမှာ လောဘ ဒေါသ မောဟတွေ ဖုံးလွှမ်းပြီး အမှားပြုမိတာကို အချိန်မီ မပြင်ဆင်ရင် ငရဲအထိ ဆင်းနိုင်တယ်ဆိုတာ သတိချပ်ရမှာပါ။

ဘုန်းကြီး မပြောနဲ့၊ ငရဲကြီးမယ်ဆိုသူတွေအတွက် ကျွန်တော်က ဘုန်းကြီးလည်း ဘုန်းကြီး၊ ဘုရားလောင်းလည်း ဘုရားလောင်းကို မသင့်တော်တာ လုပ်ရင် လုပ်တယ်လို့ ပြောမိပြီ။ ဒေဝဒတ်လေ ဒီဘက်ခေတ်ဘုန်းကြီးတွေတော့ ပြောရဲပေါင်။

သက္ကမိုးညို

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page