မြို့ဦးစေတီ ဘုရားပွဲဈေးတန်းမှ ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်မှန် (သင်ခန်းစာ ယူသင့်ပါတယ်)
မြို့ဦးစေတီ ဘုရားပွဲဈေးတွင် ဘိုးတော်တစ်ယောက် ဗေဒင်ဟောနေတာကို ဘေးက လူငယ်အုပ်စု ၄/၅ယောက် က လှောင်သလိုလိုပြောင်သလိုလိုနဲ့ မျက်နှာပြောင်နေကြသည်။
ကြာလာတော့ ဘိုးတော်လဲဒေါသထွက်လာပြီး “ဟေ့ကောင်တွေ မင်းတို့ငါကိုဘာထင်နေလဲ၊ ငါကျိန်စာတိုက် ဂါထာစုပ်ပြီး အင်းခွက် ရေးလိုက်ရင် မင်းတို့ဘဝတွေ ဘာဖြစ်သွားမယ်ထင်လဲ”
အဲ့ဒါကို လူငယ်အုပ်စုက မကြောက်တဲ့အပြင် ခွက်ထိုးခွက်လန် ဟားတိုက်ရယ်မောပြီး လှောင်ပြောင်နေကြသေးသည်။
ဒါပေမယ်… ချက်ချင်းဆိုသလိုပဲ သူတို့မျက်လုံးတွေ ဘာမှမမြင်ရတော့ပဲ တစ်လောကလုံး မှောင်မဲသွားလေတော့သည်။ အဲ့သည့်တော့မှသူတို့လဲ အသိတရားဝင်လာကြပြီး “အဖိုးရယ်၊ သားတို့မှားသွားပါတယ်၊ သားတို့ကိုခွင်လွှတ်ပေးပါ” လို့ လက်အုပ်ချီပြီး တောင်းပန်ကြတော့တယ်။
အဲချိန်မှာ ဘိုးတော်ပြန်ပြောလိုက်တဲ့စကားက “မသာတွေငါဘာမှမလုပ်ရသေးဘူး။ မင်းတို့ ပထွေး အီးပီစီက မီးဖြတ် လိုက်တာကွ၊ ငါလဲဘာမှမမြင်ရတော့ဘူး”
မူရင်းရေးသားသူအား လေးစားမှုဖြင့်