သိုက်ဆက်၊ နဂါးဆက် ရှိသူတွေမှာ တွေ့ရတဲ့ သွင်ပြင်လက္ခဏာများနဲ့ ကြုံတွေ့နိုင်တဲ့ ပြဿနာများ
သိုက်ဆက်နဂါးဆက်ကြီးမားသူများမှာ တွေ့ရှိရတဲ့ သွင်ပြင်လက္ခဏာများကို ဖော်ပြလိုက်ပါတယ်-
အလှအပ အသန့်အပြန်အလွန်ကြိုက်သည်၊ ရေကိုကြောက်ကြသည်၊ မကောင်းမှုများ ပြုလုပ်၍မရပေ၊ မျက်နှာပေါ်တွင် သူမတူသောမာန်တစ်ခုရှိသည်၊ သတ္တိရှိသူတွေဖြစ်သည်
ရှမ်းအိုးစည်သံကြားရလျှင် ဝမ်းသာ ဝမ်းနည်းဖြစ်တတ်သည်၊ အစွဲအလမ်းကြီးတတ်ကြသည်၊ အမျက်ဒေါသကြီး၍ အမျက်ဒေါသထွက်အောင် လုပ်မိသူများမှာလည်း ဒုက္ခတွေ့တတ်ကြသည်၊ အပြိုင်အဆိုင်ကိုနှစ်သက်ကြသည်၊ သနားဂရုဏာ အကြင်အနာပိုသည်
မုန်းအောင် လုပ်ပြီဆိုလျှင်လည်း ဘယ်လောက်ပဲ တောင်းပန်ပါစေ လှည့်ကြည့်ရိုးထုံးစံမရှိပေ၊ ဘဝဟောင်းက လင်ယောကျာ်း ဇနီးမဟားကျန်ခဲ့သောကြောင့် ချစ်သူရည်းစားထားခြင်း အိမ်ထောက်ပြုခြင်းများလုပ်လျှင် အဖျက်ပေါ်မည်
ချစ်ခင်နှစ်သက်သူများနှင့်တွေ့လျှင် ပြဿနာများမကြာခဏကြုံတွေ့ရတတ်သည်၊ အိမ်ထောင်ပြုဖို့ကြိုးစားလျှင်ဖျက်မည်၊ မကွဲကွဲအောင်ဖန်တီးမည်။
အကယ်၍ ထိုအချက်များနှင့်တွေ့ကြုံခံစားနေရပြီဆိုပါက သိုက်စစ်ပြီးတော့ လိုအပ်များအမြန်ပြုလုပ်သင့်ပါသည်။
အမျှဝေ မေတ္တာပို့ခြင်းများကုသိုလ်ဒါနများလဲ လုပ်ပေးသင့်ပါတယ်။ သိုက်ဆက်များအားလုံး ကျန်းမာချမ်းသာပြီး ဘေးကင်းရန်ကွာ အန္တရာယ်ကင်းစွာဖြင့်သာသနာပြုနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်
Sai Thu Ta