ည (၁၀) နာရီကျော်မှာ ပျောက်သွားတဲ့ (၁၆) နှစ်အရွယ် မိန်းကလေး (လမ်းမှာတွေ့ရင် စောင့်ရှောက်ထားကြပါ)
လတ်တလော အချိန်တွင် အမျိုးသမီးငယ်လေးများ ပျောက်ဆုံးမှု မကြာခဏ ဖြစ်ပွားနေတာ တွေ့ရပါတယ်။ ရန်ကုန် လှိုင်သာယာမှာ ၁၅ နှစ်သမီးလေး တဦးကို တို့ဆေးနဲ့ ခေါ်ဆောင်သွားမှု မကြာသေးမီက ဖြစ်သွားခဲ့ပြီး အင်းစိန်မှာလည်း ညီအစ်မ (၂) ဦး တပြိုင်နက် ပျောက်ဆုံးမှု ဖြစ်ပေါ်ခဲ့ပါတယ်။
ယခုလည်း မန္တလေးတိုင်း ဒေသကြီး၊ နွားထိုးကြီးမြို့နယ်မှာ အသက် (၁၆) နှစ်အရွယ် မိန်းကလေး ပျောက်ဆုံးသွားတယ်လို့ သိရပါတယ်။ မူရင်းပို့စ်ကို အောက်မှာ ဖော်ပြ ပေးလိုက်ပါတယ်-
ပုံထဲက တူမလေး ပျောက်သွားလို့ပါရှင် နွားထိုးကြီးမြို့နယ် ဖလံကုန်းရွာကပါ အသက်က (၁၆) နှစ်ပဲ ရှိပါသေးတယ်။
၁၂-၂-၂၀၂၂ ရက်နေ့ ည ၁၀ နာရီကျော်လောက် ကတည်းက ပျောက်သွားတာပါ။ သူစိမ်းတွေကခေါ်သွားတာမျိုးဆိုရင် ကလေးအတွက်စိတ်ပူလို့ပါ။
ဂရုတွေထဲလည်း ဖြန့်ဝေ ပေးပါဦး အရမ်းစိတ်ပူလို့ပါ ကလေးကိုတွေ့ရင်လည်း စောင့်ရှောက် ပေးထားကြပါဦးရှင်။
ယခုလို ကာလမျိုးမှာ ငယ်ရွယ်တဲ့ ကလေးတွေကို မျက်စိအောက်က အပျောက်မခံဘဲ ထိန်းသိမ်း စောင့်ရှောက်ထားကြပါလို့ အကြံပြုတိုက်တွန်းလိုက်ပါရစေ ခင်ဗျာ။