လှိုင်သာယာက ကာစီနို အကြီးစားကို ဝင်ဖမ်း၊ တရုတ်နိုင်ငံသား (၅၂) ဦး ဖမ်းဆီးရမိ
လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ညောင်ကျေးရွာ၊ ပန်းလှိုင်ဂေါက်ကွင်းလမ်း၊ အမှတ်(၁၅၄) ရှိ မြန်မာတော်ဝင်ကျောက်စိမ်းစင်တာကုမ္ပဏီလိမိတက်တွင် တရားမဝင် ကာစီနိုလောင်းကစားနေသူများကို ဇန်နဝါရီလ၂၅ ရက်ည ၉;၀၀ နာရီအချိန်က ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
အဆိုပါ ကာစီနိုတွင် လောင်းကစားနေသူ နိုင်ငံခြားသား ၅၂ ဦး၊ မြန်မာ ၁၀ ဦးနှင့်ဝန်ထမ်း ၉၆ ဦး စုစုပေါင်း ၁၆၀ ဦးကို လောင်းကြေးငွေကျပ်သိန်း၂၄၉၀ ဖြင့်ဖမ်းဆီးရမိကြောင်း သိရပါတယ်။
မနေ့ညက ဝင်ဖမ်းတာ တရုတ်နိုင်ငံသား ၅၀ ကျော်နဲ့ လူဦးရေ ၁၆၀ လောက်ကို ဖမ်းမိကြောင်း၊ ဖမ်းမိသူ တချို့ဆို မြန်မာစကားပင် မတတ်ကြောင်း၊ ဒီမှာ အလုပ်လာလုပ်တယ်ဆိုတဲ့ အထောက်အထား မပြနိုင်ကြောင်း၊ လက်ရှိမှာတော့ အကုန်ဖမ်းဆီးထားကြောင်း တာဝန်ရှိသူက ပြောပါတယ်။
လောင်းကစားလုပ်သူ နိုင်ငံခြားသားများမှာ မြန်မာနိုင်ငံတွင် အလုပ်လုပ်နေသောတရုတ်နိုင်ငံသားများဖြစ်ပြီး မာကျောက်နှင့် ငါးမန်းဂိမ်းများ လောင်းကစားနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။