မြန်မာပြည် ချောက်ထဲကျမှာစိုးလို့ ကယ်တင်ခဲ့တယ်ဆိုတဲ့ အဘအတွက် ငရဲပြည်က ဖုန်းခေါ်သံ

၂၀၂၅ ခုနှစ် အရောက် ငရဲပြည်မှာ ဘင်လာဒင်၊ ဆာဒမ်ဟူစိန်၊ ဟစ်တလာ၊ ဂဒါဖီနဲ့ မြန်မာပြည်ကို ချောက်ထဲကျမှာစိုးလို့ ကယ်တင်ခဲ့တယ် ဆိုတဲ့ အဘဆိုသူ တစ်ဦးလည်း ရောက်နေတယ်။

တစ်နေ့တော့ ငရဲပြည်မှာ ဖုန်းအော်ပရေတာအသစ်ရလို့ ငရဲမင်းက … ဟေ့ ဟိုကောင်တွေ… မင်းတို့အိမ်ကို Ph ခေါ်ချင်သလား…. ကြိုက်သလောက်ပြောကြ … ပီးရင် ကျသလောက်ရှင်း ဆိုပြီး ဖုန်းဆက်ခွင့်ပေးလိုက်တယ်…

ဘင်လာဒင်ကစပြီးသူ့မိန်းမတွေစီ ဖုန်းဆက်တယ်.. ၃ မိနစ်ကြာသွားတယ် ဒေါ်လာ၃၀ ကျတယ်. ထုတ်ရှင်းလိုက်တယ်… ဆာဒမ်ဟူစိန်လည်း..အိမ်ကိုအလွမ်းသည်တာ.. ၄မိနစ်ကြာတယ်။ ဒေါ်လာ၄၀ ကျလို့ရှင်းလိုက်တယ်။ ဟစ်တလာလည်း.. ဂျာမနီကို လှမ်းဆက်တာ ၅ မိနစ်ဆိုတော့.ဒေါ်လာ ၅၀ ရှင်းရပြန်ရော… ကဒါဖီလည်း သူ့တစ်ပည့်တွေကိုဆက်တာ.. ၄ မိနစ်ကျော်လို့ ၄၅ ဒေါ်လာရှင်းရတယ်…

နောက်ဆုံးမှာ မြန်မာပြည်က အဘက သူ့အိမ်ကိုဆက်တယ်… မိန်းမနဲ့ဖုန်းအီတာ ၁နာရီ သမီးနဲ့ပြောတာ ၁နာရီ….. မြေးနဲ့ပြောတာ ၁ နာရီ သူ့တပည့်တွေနဲ့ပြောတာ ၂နာရီတောင်ကြာတယ် စုစုပေါင်းဖုန်းပြောချိန် ၅ နာရီကြာသွားတော့ ငရဲကိုရောက်နေတဲ့သူတွေက စိတ်၀င်စားတာပေါ့ ဒီကောင်တော့ဖုန်းဖိုးနဲ့နာပြီဆိုပြီး ….

အဘဆိုသူက ငရဲမင်းကိုဘယ်လောက်ကျလဲ မေးတော့ ၁ ဒေါ်လာ ကျတယ်တဲ့…… အဲ့မှာ…ဘင်လာဒင်တို့..ဟစ်တလာတို့ အုပ်စုက ပေါက်ကွဲပြီလေ ….. ကျုပ်တို့မိနစ်ပိုင်းလေးဆက်တာကြတော့ ဒေါ်လာ ၃၀ ၄၀ ကြတယ်…..ဒီကောင်ကြီး ၅ နာရီဆက်တာကြတော့ ၁ ဒေါ်လာပဲကြတယ်.. မတရားဘူး..ဒါကိုရှင်းပါ ဆိုပြီး ဆူပူကြတာပေါ့

အဲ့ဒီမှာ ငရဲမင်းက မင်းတို့တွေ ဘာမှမသိပဲနဲ့ ဘာတွေ လာပြောနေတာလဲ မင်းတို့ခေါ်တာ နယ်ဝေး (OVER SEA) ကွ သူခေါ်တာက မြို့တွင်း (LOCAL CALL) ကွ .. သူ့တစ်မိသားစုလုံး တစ်မျိုးလုံး ဟိုဖက်ခန်းမှာတင် ရှိတယ် … ” ဂျာ ”

မူရင်းရေးသားသူအား လေးစားမှုဖြင့်

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page