မီးပွိုင့်မှာ မှန်သုတ်ပေးသလိုနဲ့ မိုက်ကြေးခွဲပြီး ကားဆရာတွေကို ဒုက္ခပေးနေတဲ့ ကျက်သတုံးလေးများ
ကားဆရာများ ဂရုစိုက်ကြပါ (ကိုယ်တွေ့)
ဒီမနက် ဝေဇန္တရာလမ်းနှင့် ပါရမီ မီးပွိုင့်မှာ မှန်သုတ်တဲ့ ကောင်လေးက ပိုက်ဆံမပေးလို့ဆိုပြီး ကားကို လုပ်သွားတာ ပုံမှာမြင်တဲ့အတိုင်း ကားပတ်ပတ်လည်ပါပဲ။
စိတ်ကပေါက်ကွဲပြီး ဆင်းထိုးဖို့ ကားကိုရပ်လိုက်တာ သူ့အဖေကိုသွားခေါ်ပြီး မိုက်ကြေးလာခွဲပြန်တယ်။ ကားမှန်ကိုလည်း သံတုတ်နဲ့ လှမ်းရိုက်တာ မောင်းတာမြန်လို့ ခြစ်ရုံလေးဖြစ်သွားတာပါ။
ဂရုဏာရှင်ကြီးများအနေနဲ့ ပိုက်ဆံမပေးကြပါနဲ့။ ပိုက်ဆံရလို့ လုပ်နေကြတာပါ။ ပိုက်ဆံမပေးမိရင် ခုလိုအတော်များများ ကြုံနေရတယ်။
အုပ်စုနဲ့ မိုက်ကြေးခွဲတဲ့အဆင့် ရောက်လာပြီ တခုခုတော့ တုန့်ပြန်ဖို့ စီစဉ်ကြရတော့မယ်ထင်တယ်။ ကားမောင်းသူများသတိထားဖို့ တင်ပြပေးတာ စိတ်ကတော့ လုံးဝ မကျေမနပ် ဖြစ်နေမိတယ်။
photoKaungKhantKyaw
(၁၈. ၂. ၂၀၂၂)