ရန်ကုန်နဲ့ မန္တလေး ရွှေတွေ ပိဿာလိုက် အပြိုင်အဆိုင် ရောင်းချခြင်းအပေါ် ပြည်သူတို့ရဲ့ အသံများ

စကစရဲ့ ညွှန်ကြားချက်ကြောင့် ရန်ကုန်နဲ့ မန္တလေး ရွှေလုပ်ငန်းရှင်များ အသင်းက ရွှေဈေးကို ပုံသေထားပြီး အရှုံးခံ ရောင်းချမှုအပေါ် ပြည်သူတွေရဲ့ သဘောထားမှတ်ချက်များကို စုစည်းပြီး ဖော်ပြလိုက်ပါတယ်။

မှတ်ချက် (၁) – အမေရိကန်ဒေါ်လာ ဝယ်လိုအားကို ရွှေဈေးချပြီး ထိန်းဖို့ ကြိုးစားရင်တော့ အောင်မြင်မှာမဟုတ်ပါဘူး၊ ဒေါ်လာဝယ်လိုအားကများနေတော့ ရွှေအရောင်းရပ်တာနဲ့ ပြန်တက်နေမှာပါ။ အဲ့လိုမဟုတ်ပဲရွှေလျှော့ဈေးနဲ့ ရောင်းတုန်း ဒေါ်လာ ဈေးအသင့်အတင့် ကျချိန်လိုချင်တဲ့ ပမာဏ ပြန်ဝယ်ဖို့လုပ်တာဆိုရင်တော့ အောင်မြင်နိုင်ပါတယ်။

မှတ်ချက် (၂) – မြန်မာကျပ်ငွေကို ပုံသေ လုပ်တာ နည်းလမ်းမှန်တယ်လို့ ပို့စ်ရေးသူက ပြောသွားတယ်။ ဒါဆို အဲဒီ မြန်မာကျပ်ငွေဈေးအတိုင်း အပြင်မှာ ဒေါ်လာပေါက်ဈေး ဖြစ်နေပြီလား။ တကယ်လို့ ဖြစ်နေတယ်ဆိုရင် အပြင်ရွှေပေါက်ဈေး (ဥပမာ အကယ်ဒမီ၊ အောင်သမာဓိ) တွေက ဘာလို့ အသင်းရုံးပေါက်ဈေးတွေထက် ဈေးမြင့်နေသေးတာလဲ။

ပြီးတော့ အသင်းရုံးကသာ ပြည်သူတွေကို ဈေးချပြီး အမှန်ရောင်းပေးချင်တယ်ဆိုရင် ဘာလို့ ပိဿာချိန်ကို (၁၀ ပိဿာခန့်သာ) ကန့်သတ်ထားတာလဲ။ ကြိုက်တဲ့သူ ကြိုက်တဲ့ဈေးနဲ့ ကြိုက်သလောက် အလေးချိန်ကို ရက်အကန့်အသတ်မရှိ ရောင်းချပေးပါလား။ ပြီးတော့ အနည်းဆုံး ၁၀ ကျပ်သားမှ စရောင်းပေးမယ်ဆိုတော့ သိန်း ၂၅၀ ဝန်းကျင်ခန့် မတတ်နိုင်တဲ့ သာမန်ပြည်သူတွေက အပြင်စည်းဝိုင်းကို ရောက်နေကြရပြီပေါ့။

မှတ်ချက် (၃) – ဒါတွေက အရင်က လုပ်နေကျ လက်ပူတိုက်နည်းတွေပါ။ မအောင်မြင်နိုင်ပါဘူး။ အဓိက က ဘဏ်တိုးနူန်းက ငွေကြေးဖောင်းပွမှုနှုန်းထက်အရမ်းနည်းနေတာရယ်။ တခြားနိုင်ငံတွေလို ဘဏ်တိုးနူန်းမမြှင့်နိုင်တာရယ်၊ ခရိုနီအလိုကျ မမြှင့်တာရယ်၊ လူတွေက ဘဏ်ကို ယုံကြည်မူ ပျောက်နေတာရယ်။ ဗဟိုဘဏ်မှာဒေါ်လာနည်းနေတာ လူတွေသိနေလို့ရယ် ဆိုတဲ့အကြောင်းကြောင့်တွေပါ။ မအောင်မြင်နိုင်ပါ ရွှေအရောင်းရပ်တာနဲ့ အရှိန်နဲ့ပြန်တက်မှာပါ။ ထိန်းမရနိုင်ပါ။ အနာနဲ့ ဆေးလွဲနေတာပါ။

မှတ်ချက် (၄) – ခဏဘဲထိန်းလို့ရမှာ တင်ပြသူကိုယ်တိုင် အပြင်မှာ ဒေါ်လာလိုက်၀ယ်ကြည့်ပါ။ ရွှေကို၀ယ်ကြည့်ပါ အာဏာကြောင့် ခဏငြိမ်ပြတာ၊ ဘယ်သူမှ အောက်ပြန်မချဘူး။ စစ်‌ေ-ွးအစိုးရတောင် ၁၈၅၀ ကနေ ၂၁၀၀ အထိ တက်ရောင်းခဲ့သေးတာ။

မှတ်ချက် (၅) – အမေရိကန်ဒေါ်လာနဲ့ ရွှေကို ဘယ်သောအခါမှ ထိန်းချုပ်ခြင်း လုပ်လို့မရပါ။ ရွှေစျေးသည် အဓိက က ဒေါ်လာစျေးနဲ့ချိတ်ထားတာပါ။ ဒေါ်လာစျေးကို ချချင်တိုင်း ချမရပါ။ စျေးကွက်ဝယ်လိုအား ရောင်းလိုအား သဘောကိုပဲ မူတည်ပါတယ်။

အဓိက ကတော့ ဗဟိုဘဏ်မှာ ဒေါ်လာအရန်ငွေ မရှိသလောက် နည်းနေလို့ ဒီပြသနာ ဖြစ်တာပါ။ အထက်ပါဆောင်းပါးက မမှန်ပါ။ အဓိက အာရှနိုင်ငံအားလုံး က ဖြေရှင်းကြသည်မှာ ဘဏ်အတိုးနူန်းသိသာစွာ တိုးဖို့ရယ်၊ လူထုက ဘဏ်တွေကို ယုံကြည်အောင် လုပ်ဖို့ရယ် ငွေသား အသုံးပြုမူထက် ဒစ်ဂျစ်တယ် ငွေသားကိုသာသုံးဖို့ လုပ်ရမှာဖြစ်တယ်။ မန္တလေးမှာ သိန်း ၂၀၀ ကျော်ရင် ငွေသား မသုံးရဆိုတဲ့ ဗဟိုဘဏ်အမိန့်ကို မလိုက်နာခြင်းကလည်း ကိုယ့်အမိန့်ကို မလိုက်နာရင် ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကို ဖွံဖြိုးအောင် လုပ်မရပါ။ အဓိက ကတော့ ဘဏ်တိုးနူန်း ၁၅ ရာခိုင်နှုန်းထိ တိုးပြီး လူထုကို ဆွဲဆောင်ရမှာပါ။ ယုံကြည်မှုတည်ဆောက်ရမှာပါ။

ဒစ်ဂျစ်တယ် ငွေသား သာသုံးဖို့ ဥပဒေထုတ်ပြန်ရမှာဖြစ်ပြီး အကောင်အထည်ပေါ်ဖို့ တိကျစွာလိုက်နာဖို့ တွန်းအား ဖြစ်အောင်လုပ်ရမှာပါ။ လက်ရှိနည်းက မှားနေသဖြင့် ရွှေစျေး ၃၀ အထက်ပြန်ရောက်မှာ မုချသေချာပါတယ်။ ဖြေရှင်းနည်းမမှန်ပါ။ ဖမ်းရင်လည်း ရွှေဒေါ်လာမှောင်ခိုစျေးကွက် တိုးပွားလာရင် ပိုဆိုးပါမည်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page