သရက်သီးသနပ်လေးတွေ တနေကုန် နေပူထဲမှာ ရောင်းမှ ၂၀၀၀ ပဲရတဲ့ အသက် (၇၀) အဖွား
ဘဝမှာ…အကုန်ရောင်းထွက်ပြီ အိမ်အစောဆုံးပြန်ရတာ
အဖွား အသက်(၇၀)နှစ်ပါ။ ဟိန္ဒူလူမျိုး အပျိုကြီးပါ။ စျေးထဲမှာ သရက်သီး သနပ်လေးတွေ ရောင်းတယ်။ နေပူကြီးထဲ သရက်သီးသနပ်လေးတွေ ထိုင်ရောင်းနေရှာတယ်။
အဖွားရေ…ဘယ်လိုရောင်းလဲ၊ တဗူး – ၁၀၀၀ပါ သားရယ်၊ ရောင်းကောင်းလား အဖွား၊ ဒီလိုပါပဲ သားရယ်၊ နေပူတည်း တနေကုန်ရောင်းမှ ၂၀၀၀ပဲ ရောင်းရတာ။
နေပူတယ်နော် အဖွား…အိမ်အစောကြီး ပြန်နားပါလား။ ပြန်မရပါဘူး သားရယ်…ဒီနေ့ မရောင်းရသေးဘူး။ဟုတ် အဖွား…ဘယ်နှဗူး ရှိလဲ၊ (၇)ဗူးပါ သား…
ဟုတ် အဖွား…အကုန် ယူမယ် အဖွား။ ဟာ…တကယ်ကြီးလား သား။ တကယ်ပေါ့ အဖွား…အိတ်လေးနဲ့ ထည့်ပေးနော်။ ကျေးဇူးတင်ပါတယ်…ဘဝမှာ ဒီနေ့ အကုန်ရောင်းရပြီ…အိမ်အစောဆုံး ပြန်ဖူးတာပါ သားရယ်
ရော့ အဖွား… ၅၀၀၀၀ ကျပ်။ အမ်…သား ပိုက်ဆံတွေ အများကြီးပဲ။ ဟုတ် အဖွား…အဖွား လိုရာသုံးဖို့ပါ။ ဝမ်းသာလိုက်တာ သားရယ်…အိမ် အစောကြီးလဲ ပြန်ရပြီ…ပိုက်ဆံလဲ အများကြီး ပေးလိုက်တယ်။ ဟုတ် အဖွား ဂရုစိုက်ပြန်ပါနော်။
(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖွားကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ)
ဪ…နေပူကြီးထဲ ထီးလေးနဲ့ကာပြီ ဝယ်သူ မျှော်နေတဲ့ အဖွား…အိမ်ပေးပြန်တော့ အရမ်းပျော်နေရှာတယ်။
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ