တနေ့လုံး ရေခဲချောင်းပုံးကြီး ထမ်းနေရလို့ ပခုံးတွေ အရမ်းနာပြီး တွန်းလှည်းလေး လိုချင်နေတဲ့ အဖိုး
ပခုံးက အရမ်းနာတာပဲ သားရယ်…တွန်းလှည်းလေးနဲ့ဆို အရမ်းကောင်းမှာပဲ
အဖိုး အသက် (၆၅)နှစ်၊ အဖွားနဲ့ (၂)ယောက်တည်း နေတယ်…သားသမီး မရှိဘူး။ ဒလမှာ ရေခဲချောင်းလေးတွေ ရောင်းတယ်။
အဖိုး ရေခဲချောင်း ဘယ်လိုရောင်းလဲဗျ၊ တချောင်း – ၁၀၀ပါ သားရယ်၊ အဖိုး ဘယ်နှချောင်းရှိလဲ ဗျ၊ သား… အချောင်း (၉၀) ကျော်လောက်ရှိမယ်ထင်တယ်။
အဲ့ဒါတွေ ကုန်ရင် အဖိုးအတွက် ဘယ်လောက်ကျန်လဲ ဗျ၊ သား အချောင်း(၁၀၀)ကို ၅ထောင်ကျန်တယ်သား။ အဖိုး ဒလလာတဲ့ သမ္ဗာန်ခက အသွားပြန် (၂)ထောင်ကုန်တယ်…အဖိုးတို့အတွက် (၃၀၀၀)ကျပ် ကျန်တယ် သား
ဟုတ်လား…အဖိုး သားဟာ ဘယ်လောက်ကျလဲ၊ သား (၉၂)ချောင်းဆိုတော့ ၉ထောင်ပဲ ပေးပါ သားရယ်၊ ဟုတ် အဖိုး ရော့… ၁၀၀၀၀၀ ကျပ်နော်
ဟာ သား ပိုက်ဆံတွေ အများကြီးပဲ၊ ဟုတ် အဖိုး…အဖိုး ဘာလုပ်ချင်လဲ…အဲ့ပိုက်ဆံတွေ ရရင်။ အဖိုး ခုလို ထမ်းပြီ ရောင်းတာ ပခုံးတွေ အရမ်းနာနေပြီသားရယ်…အဖိုး လှည်းလေး ဝယ်ချင်တယ်
ပြီးရင်ကော အဖိုး၊ သားပေးတာတွေက အဖိုးအတွက် အရမ်းများတာပဲ၊ အဖိုး အကြွေးလဲ (၄)သောင်းဆပ်လို့ရပြီ။ အဖိုးတွက် အရမ်းကံကောင်းတာပဲ သားရယ်…အဖိုး ဆန်လဲဝယ်လို့ရပြီ…အကြွေးလဲဆပ်…လှည်းလဲ ရပြီ…ဒီနေ့ ထီပေါက်တာပဲ သားရယ်။ ဟုတ် အဖိုး…ခု ဂရုစိုက်ပြန်နော်…အဖိုး လိုအပ်တဲ့ အရာတွေ အကုန် ဝယ်နော်
(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖိုးကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ)
ဪ…ပခုံးတွေ အရမ်းနာလို့ တွန်းလှည်းလေး လိုချင်တာတဲ့…အဲ့စကားလေးက အရမ်းခံစားရတယ်ဗျာ
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ