ရှုံးသူမဲ့ မြန်မာ့ကားဈေးကွက်ရဲ့ ရောင်းသူစိတ်ကြိုက် ယနေ့ပေါက်ဈေးများ (ဒါမျိုးတွေက ဖြစ်မှာပဲ)
ယနေ့ ကားလောကရဲ့ ဈေးနှုန်းတွေကတော့ ဝယ်သူ့စိတ်ကြိုက် မဟုတ်ဘဲ ရောင်းသူ စိတ်ကြိုက် ဖြစ်နေပါတယ်။ တနေ့တခြား တက်လာတဲ့ စက်သုံးဆီဈေး၊ မတည်ငြိမ်တဲ့ မူဝါဒတွေနဲ့ ခေတ်ပျက်ကြီးမှာ ဖြစ်ချင်တိုင်း ဖြစ်နေကြတဲ့ ရှုံးသူမဲ့ ကားဈေးကွက်ရဲ့ ယနေ့ ပေါက်ဈေးတွေကို ဖော်ပြ ပေးလိုက်ပါတယ်-
စက်ရုံထုတ် Zero kilo ကားသစ်များ ဈေးနှုန်း (သိန်း ၃၅၀)၊ စက်ရုံထုတ် zero kilo များ၏ တပတ်ရစ် 2018/2019 မော်ဒယ်ထုတ်ကားများဈေးနှုန်း (သိန်း ၄၀၀)
ဂျပန်တပတ်ရစ် ကားသန့် အက္ခရာ (M,N,P) တန်းများဈေးနှုန်း (သိန်း ၄၅၀)၊ ဂျပန်တပတ်ရစ် ကားလတ် အက္ခရာ (J,K,L) တန်းများဈေးနှုန်း (သိန်း ၅၅၀)၊ ဂျပန်တပတ်ရစ် ကားလျော့ အက္ခရာ (G,H,I) တန်းများဈေးနှုန်း (သိန်း ၆၅၀)၊
မင်းတုန်းမင်းလက်ထက်က ထွက်တဲ့ နံပါတ်များနဲ့ အရည်ကြိုစောင်စုတ်ကားများ ဈေးနှုန်း (သိန်း ၂၀၀၀)
အထက်ပါနှုန်းထားတွေကတော့ ယနေ့ ရှုံးသူမဲ့ မြန်မာ့ကားဈေးကွက်ရဲ့ ဈေးနှုန်းတွေပဲ ဖြစ်ပါတယ်။ ကားဝယ်သူ ပြည်သူများ ပွဲဇိုးကြီး၊ ပွဲဇိုးလေးတို့ ရန်မှ ကင်းဝေးကြပါစေ…