မြန်မာ့လူဦးရေ ၂၀ ရာခိုင်နှုန်း ကိုဗစ်ကာကွယ်ဆေး ရရှိဖို့ ဗြိတိန်က ကူညီပေးမည်

မြန်မာ့လူဦးရေ ၂၀ ရာခိုင်နှုန်း ကိုဗစ်ကာကွယ်ဆေး ရရှိဖို့ ဗြိတိန်က ကူညီပေးမည်

မြန်မာနိုင်ငံ၏ လူဦးရေ ၂၀ ရာခိုင်နှုန်းအတွက် ကိုဗစ်ကာကွယ်ဆေးရရှိရန် ဗြိတိန်က ကူညီမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁၃ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

ယူကေနိုင်ငံအပါအဝင် နိုင်ငံတကာအလှူရှင်များမှ ရန်ပုံငွေ ဒေါ်လာ ၁ ဘီလီယံ မတည်ကူညီကာ မြန်မာနိုင်ငံအပါအဝင် ကိုဗစ်ကာကွယ်ဆေး လိုအပ်နေသည့် နိုင်ငံများကို ကာကွယ်ဆေးရရှိရန် ကူညီမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက “မြန်မာနိုင်ငံအပါအဝင် အကူအညီ လိုအပ်နေသောနိုင်ငံများ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ရရှိနိုင်ရေးအတွက် ယူကေနိုင်ငံက ၄င်းအပါအဝင် နိုင်ငံတကာအလှူရှင်များထံမှ ရန်ပုံငွေ ဒေါ်လာ ၁ ဘီလီယံကို မတည် ကူညီပေးလျက်ရှိပါတယ်။

မြန်မာနိုင်ငံရှိ လူဦးရေအနက် အကူအညီ အလိုအပ်ဆုံးဖြစ်သည့် ၂၀ ရာခိုင်နှုန်းသော သူတို့အတွက် ကာကွယ်ဆေးများရရှိနိုင်ရန် ကူညီပေးမှာဖြစ်ပါတယ်။ မြန်မာပြည်သူအားလုံး ကာကွယ်ဆေးရရှိရေးအတွက် ယူကေက ဆက်လက် ပံ့ပိုးကူညီသွားမှာဖြစ်ပါတယ်။” လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page