ရေတွင်းတူးလို့ ရတဲ့ ပိုက်ဆံ ၄၅ သိန်းလုံးကို ဘုန်းကြီးကျောင်းသို့ အကုန်လှူလိုက်တဲ့ ဒါနသူရဲကောင်းကြီး

လူဆိုမှလူ

အဝီစိတွင်း (စက်ရေတွင်း) အငှားလိုက်တူးပေးပြီး ရေတွင်းတူးခများ ရတာကို ခြိုးခြံချွေတာစားသောက်နေထိုင်ပြီး ခြစ်ခြစ်ကုပ်ကုပ် စုဆောင်းထားရှိပြီး

စုဆောင်းရရှိငွေ ၄၅၀၂၀၀ဝိ/ လေးဆယ့်ငါးသိန်းနှစ်ထောင်ကျပ် ရရှိလာသောအခါ ၂၀၀ဝိ/ ကို သုံးစွဲရန်ချန်ထားပြီး လေးဆယ့်ငါးသိန်းကျပ်ကို စလင်းမြို့သံဃာတော်များ အရုဏ်ဆွမ်းမခက်ခဲစေရန် စလင်းမြို့ သာသနဟိတနေ့စဉ်အရုဏ်ဆွမ်းလောင်းအသင်းကြီးသို့ ရာသက်ပန် ငွေပင်ငွေရင်းပဒေသာပင်အဖြစ် စိုက်ထူလှူဒါန်းလိုက်ပါသော ကုသိုလ်ရှင်ကြီးဖြစ်ပါတယ်ခင်ဗျား

ယခင်ကလည်း အမွေဆိုင်ဝိုင်းရောင်းရငွေမှ မိမိဝေစုရသော ၂၁၀၀၀၀ဝိ/ နှစ်ဆယ့်တစ်သိန်းကျပ်ကို ဘခင်ကြီးဦးရာဆယ်၊ မိခင်ကြီးဒေါ်နှင်း အမ ဒေါ်လှလေး တို့အားရည်စူး၍ ရာသက်ပန် ငွေပင်ငွေရင်းဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းထားတာ အခုလှူတာနဲ့ဆိုရင် ပဒေသာပင်တန်ဖိုး ၆၆၀၀၀၀ိ/ ခြောက်ဆယ့်ခြောက်သိန်းစိုက်ထူထားတဲ့ ထာဝရအလှူရှင်ကြီးလည်းဖြစ်သွားပါပြီခင်ဗျား

ဆွမ်းလောင်းသင်းကြီးကို လစဉ်အလှူငွေ ၁၀၀ဝိ/ နှုန်းနဲ့ တစ်နှစ်ပါတ်လုံး နှစ်စဉ်မပျက်လှူဒါန်းနေတဲ့ အာစိဏ္ဏကံ အလှူရှင်ကြီးလည်းဖြစ်ပါတယ်ခင်ဗျား။

စလင်းမြို့ သာသနဟိတနေ့စဉ် အရုဏ်ဆွမ်းလောင်းအသင်းကြီးမှာ ရာသက်ပန်ဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းထားကြတဲ့ အလှူငွေများကို ဘဏ်မှာ စနစ်တကျအပ်နှံထားပြီး အရင်းကို မလျော့ပါးစေဘဲ ရရှိလာတဲ့ အတိုးအညွန့်များကိုသာ ဆွမ်းလောင်းလှူတဲ့ ကိစ္စများမှာသာ သုံးစွဲတာဖြစ်လို့ အလှူရှင်များမရှိတော့သည့်တိုင်အောင် သားစဉ်မြေးဆက် အမြဲကုသိုလ်ရနေမယ့် အလှူဖြစ်ပါတယ်ခင်ဗျား

ဆွမ်းပဒေသာပင်အလှူရှင်များ သေချာနားလည် သဘောပေါက်နိုင်ကြစေရန် အလျှင်းသင့်လို့ တင်ပြရခြင်း ဖြစ်ပါတယ်ခင်ဗျား။

ကနေ့ထူးထူးခြားခြားလှူဒါန်းသွားတဲ့ သဒ္ဓါတရားကောင်းလွန်းလှပြီး စိတ်ဓာတ်ခိုင်မာပြတ်သားလှပါသော ဒါနသူရဲကောင်းကြီး ဦးသန်းစိန်ရဲ့ စေတနာသဒ္ဓါတရားကို လေးစားစွာ ချီးကျူးဂုဏ်ပြု သာဓုအနုမောဒနာ ခေါ်ဆိုလိုက်ရကြောင်းပါ ခင်ဗျာ။

UPho Thar

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page