ဘိုးဘွားပိုင် နှစ်ဆောင်မြိုင်အိမ်ကြီးကို အကုန်လှူပြီး နွားတင်းကုတ်မှာ သွားနေမယ့် အံ့ဖွယ်အလှူရှင်မိသားစု

ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်။ ဒိုးပင်သောင်ကျေးရွာက အသက် ၉၉ နှစ်ရှိပြီဖြစ်တဲ့ အဖွား ဒေါ်ယုမှ ရွာဦးကျောင်းအတွက် အလိုရှိသလို အသုံးပြုဖို့ လှုုဒါန်းလိုက်တာပဲဖြစ်ပါတယ်။

ကာယ ကံရှင်တွေရဲ့ ပြောပြချက်အရ ”မိမိရဲ့ ရဟန်းမယ်တော်ကြီး ဒေါ်ယု အသက်က(၉၉)နှစ်၊ ကုသိုလ်ကတော့အမြဲပြုနေတာပါပဲ။ အမျိုးမျိုးပြုနေတာပါ။ အခုလဲ မယ်တော်ကြီးတို့ နေထိုင်ခဲ့တဲ့ ဒိုးပင်သောင်ကျေးရွာက နှစ်ဆောင်မြိုင်အိမ်ကြီးကို ရွာဦးကျောင်းမှာ ဆွမ်းစားကျောင်းဆောက်ဖို့(ဘာအတွက်သုံးသုံးပါတဲ့)။ တစ်အိမ်လုံးလှူမယ့်အပြင် ပြင်ဆင်ဆောက်လုပ်ရာမှာ ထပ်မံကုန်ကျမှာကိုပါလှူဦးမယ်တဲ့။(နှစ်ခန်းတွဲကုဋီလဲ လှူထားသေးတယ်)

လက်ရှိနေထိုင်နေတဲ့ သားဖြစ်သူ ကိုမောင်နဲ့ ဇနီး မဥမ္မာခင် တို့ကလဲ “အမေ့ ဆန္ဒ အတိုင်းအကုန်ကျေနပ်တယ်၊ သူတို့က နွားတင်းကုတ်အဖြစ် ဆောက်ထားတဲ့နေရာလေးမှာ ပြောင်းနေမယ်”တဲ့။

ရင်ထဲ နင့်နေအောင် အံ့ဩမိရတဲ့အလှူ “မြတ်စွာဘုရားက လှူတိုင်းလဲ မယူသင့်ပဲ သင့်တင်သလောက်သာ အလှူခံသင့်ကြောင်း ဩဝါဒတော်ရှိတာကြောင့်) ကိုယ်ကပဲ ကြားကစီမံ။ မယ်တော်ကြီးလှူချင်တာလဲလှူ။ နေနေတဲ့ သားသမီးတွေလည်း သင့်တော်အောင်တော့ တင်းကုတ်လေးကို အိမ်အဖြစ်ပြောင်းပြီး သင့်တင့်အောင်ဆောက်မယ်ဆိုပြီး ၎င်းတို့ အလှူငွေနဲ့ပဲ ကိုယ်ကကြားက စီမံဆောင်ရွက်ပေး။ ခုတော့အိမ် အဖြစ်တင်းကုတ်လေးကို ပြုပြင်တည်ဆောက်နေပါပြီ လို့ ဆိုပါတယ်။

သဒ္ဓါအားကောင်းလှတဲ့ မယ်တော်ကြီးနဲ့ မိဘဆန္ဒဆို တသွေမတိမ်း ပါရမီဖြည့်ပေးကြတဲ့ သမီး- မကြည်နူသား၊ ကိုမောင်+မဥမ္မာခင် တို့ရဲ့ ကုသိုလ်ကို ရင်ထဲက လှိူက်လှိူက်လှဲလှဲ သာဓုခေါ်ပါတယ်။

ဒါနရဲ့အကျိုးတရားမှန်သမျှ အပြည့်အဝရကြပါစေ။ နိဗ္ဗါန်၏ အထောက်အပံ့ကောင်းတွေ ဖြစ်ကြပါစေ။ ကပ်ဆိုး ဘေးဆိုး အန္တရာယ်ဆိုးရောဂါဆိုးကံကြမ္မာဆိုးတွေမှအမြဲထာဝရကင်းဝေးလွတ်မြောက်ကြပါစေ။

စိုင်းစိုင်းတေဇ

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page