ခေတ်ပျက်ကြီးထဲမှာ ခါတော်မီ ဂျင်းထည့်တဲ့ ကား showroom ကြီး (ပွဲဇိုးတွေကို အားကျလို့များလား)

ခေတ်ဆိုးထဲမှာ showroom ကြီးတွေလဲ ပွဲဇိုး ဆန်လာတယ်။ အရင်က ပါမစ်နဲ့ကားသွင်းတာပဲဖြစ်ဖြစ်၊အသစ် 0 kilo ပဲဖြစ်ဖြစ်ကိုသာ သွင်းတဲ့ ကား showroom တွေက ခေတ်ပျက်မှာ နံပါတ်ထွက်ပြီးသား ကား‌‌ဟောင်းတွေကို ပါ ၀ယ်ရောင်းလိုလို ပွဲစားလိုလို လုပ်ပြီး အောက်ကြေး နှိုက်လာကြတယ်။

မိတ်ဆွေ တစ်ယောက် ကျိုက္ကဆံဘုရားနားရတနာ လမ်းပေါ်က showroom ကြီးတစ်ခုမှာ နံပါတ်ထွက်ပြီးသား သိန်းငါးရာကျော်တန် မော်ဒယ်မြင့် ကား၀ယ်တယ်၊ အရောင်း၀န်ထမ်းကလည်း အပြင်မှာကားပွဲစား လုပ်နေတဲ့ကောင်၊ ကား ဂီယာဘောက် မကောင်းတာ ပြင်ပေးရမှာကို မပြောဘူး၊ အင်ဂျင် check မီးကိုကျော်ထားတယ်၊စမ်းမောင်းတော့ နဲနဲမသိမသာ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတယ်၊ ပြောတော့ ဒီကားမျိုးကဒီလိုပဲ စမောင်းလို့ အထာမကျသေးလို့ပြောတယ်၊

မိတ်ဆွေလည်း showroom ကြီးက နာမည်တစ်ခုနဲ့ဆိုတော့ မလုပ်လောက်ပါဘူးပေါ့၊ သူတို့လည်း ထပ်စစ်ပြီး ပြင်ပေးထားမယ်ဆိုလို့ စရန်ချလိုက်တယ်၊ နောက်မီးခွက်အက်တာ၊ သော့နောက်တစ်ချောင်းမရှိတာ၊ နောက်ဖုံးမော်တာ error မကောင်းတာ ပြန်လုပ်ပေးမယ်ပြောတယ်။

Cash only ငွေချေရတယ်၊ 80% ငွေချေပြီး ကားထုတ်တယ်၊ မူလ၀ယ်ကတည်းက ရှေ့ shell အပိုလက်ဆောင်ပေးတယ်ဆိုလို့ လဲပြီး အဟောင်းကို ကားထဲထည့်ထားတယ်၊ နောက်နေ့ အင်ဂျင် check မီးလင်းတယ်၊အခြား workshop မှာ computer ထိုးစစ်ပြီး သက်သေနဲ့ ပြ၊ပြောတော့မှ ကားလာပြန် ထိုးပါ ပြောတယ်။

တစ်လကျော် ကြာတယ်၊ ဘာမှလည်းမဆက်သွယ်၊ အတင်းမြန်မြန် လုပ်ပေးဖို့ပြောမှ နှစ်လလောက်ကြာမှရတယ်၊ ဂီယာဘောက် တော့ ကောင်းသွားပြီဆိုတော့ ပိုင်ရှင်ကိုယ်တိုင် ထွက်လာပြီး အာမခံတော့ ငွေအကြေချေလိုက်တယ်။

ကိုဗစ်ကာလ ပြီးစမို့ ဆိုင်တွေ အကုန်မဖွင့်သေးလို့ ကျန်တဲ့ သော့/နောက်ဖုံး/မီးခွက်တွေ လုပ်ပေးမယ်ပြောတယ်။ သူ့ အရောင်း၀န်ထမ်းတွေက ပြင်ပြီးမှ ရောင်းဖို့ပြောထားတာ ဒီအတိုင်းရောင်း လိုက်လို့ ဒီလို ဖြစ်သွားတာပြောတယ်(ခုထိ လုပ်မပေးပါဘူး)။

ကားပြန်ယူလာတယ် ၊ပြန်စစ်တော့ ကားပေါ်မှာထားတဲ့ original logo တံဆိပ်ပြန်ပါမလာဘူး၊ ပေးပြီးသား ကို ပြန်ယူထားတာ၊ ပြန်ပြောတယ် လိုင်စင်၀င်ရင် ပြန်တပ်ရမှာမို့ ပြန်ပေးဖို့၊အရောင်း၀န်ထမ်းက “အတိတ်မေ့သလို ရွှေပျောက်သလို” လုပ်တယ် ပိုင်ရှင်ကိုပြောတော့ ပြန်ပေးပါ့မယ် ပြောတယ်၊ခု သုံးလကျော်ထိ ပြန်ပြင် ပေးရမယ့်ကိစ္စတွေ၊ showroom ကပြန်ယူထားတဲ့ Logo တံဆိပ် ပြန်မပေး ကြတော့ဘူး၊ ပေးပြီးသားကို ပိုင်ရှင်မသိဘဲ ပြန်ယူတာဟာ ကျင့်၀တ်နဲ့ မညီပါ။

မိတ်ဆွေက “ဪ နာမည်တလုံးနဲ့ Showroom လည်း ပွဲဇိုး တွေလို လုပ်တတ်တာပါလား ၊ဘယ်လို showroom ကြီး နာမည်ကြီးပဲဖြစ်နေနေ ကိုယ်၀ယ်ကား ကို လုပ်ပေးရမယ့်ဟာတွေမပြီးမချင်း ငွေအကြေမချေဖို့ သင်ခန်းစာ ရလိုက်ပါတယ်”လို့ပြောတယ်၊

ဘယ်အလုပ်မဆို ကြီးကြီး သေးသေး ကျင့်၀တ်ရှိရတယ်၊တာ၀န်ယူမှု တာ၀န်ခံမှု ရှိရတယ်၊မရှိရင် ကြာရှည်မတည်မြဲပါဘူး၊ တစ်နပ်စားလုပ်ရင် တစ်ခါပဲ စားရပါလိမ့်မယ်။ ကား၀ယ်သူ မိတ်ဆွေများ သိရှိဆင်ခြင်နိုင်အောင်ပါ။ (သူတို့ရောင်းတဲ့ကား ၀ယ်ပြီး သုံးလ အတွင်း error နှစ်ခါဖြစ်လို့ ပြန်ပြင် ရပြီးပြီ) (Lota Ya)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page