တရုတ်ပြည်ကနေ မန္တလေးကို တိုက်ရိုက်လာမယ့် ပထမဆုံး မီးရထား စတင် ထွက်ခွာလာပြီဟုဆို

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် လင်ဆောင်းနယ်စပ်စခန်းကနေ စတင်ထွက်ခွာလာတဲ့ တရုတ်-မြန်မာ အပြည်ပြည်ဆိုင်ရာ မီးရထားက မန္တလေးမြို့အထိ ရောက်ရှိမယ်လို့ သိရှိရပါတယ်။

မနေ့က စတင်ထွက်ခွာလာခဲ့ပြီး ၁၅ ရက်ခန့်အကြာ မန္တလေးမြို့ကို ရောက်ရှိမှာဖြစ်ကာ အဆိုပါရထားကို ချုံချင့်-လင်ဆောင်း-မြန်မာလမ်းကြောင်းသစ် စတင်ဖွင့်လှစ်ပြီးနောက် ပြေးဆွဲနေခြင်းလည်း ဖြစ်ပါတယ်။

ရထားပေါ်တွင် စက်ယန္တရားများ၊ အီလက်ထရွန်နစ်စက်ကိရိယာများ၊ မော်တော်ဆိုင်ကယ် စက်ကိရိယာများနဲ့ အခြားကုန်ပစ္စည်းများအပါအဝင် TEU (Transmission Extension Unit) ၆၀ ခု တင်ဆောင်လာတယ်လို့ သိရှိရပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်နှင့် နယ်နမိတ်ခြင်း ထိစပ်နေသည့် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း မူဆယ်သည် နှစ်နိုင်ငံအကြား အကြီးမားဆုံး ကုန်သွယ်ရေးလမ်းကြောင်းဖြစ်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးသို့ မီးရထား ဝန်ဆောင်မှုသည် အဓိက သယ်ယူပို့ဆောင်ရေး အသက်လမ်းကြောင်တကြောင်း ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

ထိုလမ်းကြောင်းကို ၂၀၁၁ ခုနှစ်က မြန်နှုန်းမြင့်လမ်းအဖြစ် တည်ဆောက်ရန် ၂၀၁၁ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ကြသော်လည်း သုံးနှစ်အကြာတွင် တရုတ်ဘက်မှ စီမံကိန်းကို မစတင်နိုင်ဟုဆိုကာ မြန်မာအစိုးရက ဆိုင်းငံ့ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အာဏာရလာသောအခါ နယ်စပ်ဖြတ်ကျော် ရထားလမ်း စီမံကိန်းကို ပြန်လည် ဆွေးနွေးကြခြင်းဖြစ်ပါတယ်။

အဆိုပါ လမ်းကြောင်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွက် အိန္ဒိယ သမုဒ္ဒရာသို့ ထွက်ပေါက်ဖြစ်သော ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် မြန်မာနိုင်ငံ၏ အခြား စီးပွားရေး အချက်အခြာ ဒေသများကို ဆက်သွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ထိုစီးပွားရေး စင်္ကြန်သည် ကီလိုမီတာ ၁၇၀၀ ရှည်လျှားပြီး ကူမင်းမှ မန္တလေးနှင့် ထိုမှ တောင်ဘက်ရှိ ရန်ကုန်နှင့် အနောက်ဖက်တွင် ရခိုင်ပြည်နယ်မှ ကျောက်ဖြူ အထူးစီးပွားရေးဇုန်အထိ ပါဝင်ပါတယ်။

ကျောက်ဖြူတွင် တရုတ်နိုင်ငံက ရေနက်ဆိပ်ကမ်းတည်ဆောက်လိုပြီး နိုင်ငံဖြတ်ကျော် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများကိုလည်း တည်ဆောက်ထားပြီးဖြစ်ပါတယ်။

ပေါက်ဖော်ကြီးတို့ကတော့ ခြေလှမ်းတွေ စနေပြီ ဖြစ်ပါတယ်။ ကနဦးအနေနဲ့ ရထားလမ်း ဖောက်ပေးတယ်ဆိုတာ ဘယ်သူ့အတွက် ပိုအကျိုးရှိတယ်ဆိုတာ ကွဲကွဲပြားပြား သိဖို့လိုအပ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page