နွေရာသီနဲ့ အရမ်းလိုက်ဖက်တဲ့ မြန်ကောင်းသက်သာ ရွှေစိတ်တုန် ပြုလုပ်နည်း
ပူပြင်းလှတဲ့နွေရာသီမှာ အိမ်တွင်းအောင်း ရင်း အပျင်းလည်းပြေ ရွှေရင်လည်းအေး အလွယ်တကူလုပ်စားလို့ရမယ့် ရွှေစိတ်တုန်လုပ်နည်းကို ပြောပြချင်ပါတယ်.. (ရွှေရင်အေးထက် ပိုအဆင့်မြင့်တယ်)
လုပ်နည်းကတော့ အခုနာမည်ကြီးနေတဲ့ water juiceနဲ့ ခပ်ဆင်ဆင်ပါပဲ။ ပါ၀င်ပစ္စည်းတွေကတော့ ရေခဲရေရယ် ရေခဲရယ်ပါ (ရေခဲကတော့အသက်ပါ)၊ ခွက် ဒါမှမဟုတ် ဇလုံတလုံးက မပါ မဖြစ်ပါ။
လုပ်နည်းအဆင့်ဆင့်ကို ဖော်ပြ ပေးလိုက်ပါတယ်-
(၁) ပထမဆုံးလုပ်ရမှာကတော့ ရေခဲရေကို ကိုယ်သောက်မယ့်ခွက်ရဲ့တစ်ဝက် ကျော်ကျော်လောက် ထည့်ပေးရပါမယ်။
(၂) ပြီးရင် ရေခဲ ၁၀ တုံးကနေ အတုံး၂၀ လောက် ထည့်ပေးရပါမယ်။
(၃) ပြီးရင်တော့ သမအောင်မွှေပေးရပါ့မယ်။ ဒါဆိုရင်တော့အရသာရှိလှတဲ့ အိမ်လုပ် ရွှေစိတ်တုန်လေးတစ်ခွက်ကို ရရှိပါပြီ။
ရင်လည်းအေး၊ ရေဓာတ်လည်း ပြည့်ဝတဲ့ ရွှေစိတ်တုန်လေးကို နေပူပူမှာ သောက်ရင်း အမောပြေနိုင်ကြပါစေ။
မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr