ဒူးရင်းသီး ကြိုက်တဲ့သူတွေ ဂျင်းထည့် မခံရစေဖို့ မဖြစ်မနေ သိသင့်တဲ့ ဒူးရင်းသီး ရွေးနည်း

ဒူးရင်းသီးကြိုက်တဲ့ သူတွေအတွက် ဒူးရင်းသီးရွေးနည်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

၁။ အညှာဖျားကိုကြည့်။ အဆစ်ထိပ်ညီနေရင် ကြွေသီး။ အညှာထိပ် မညီမညာဆိုရင် ထိုးသီး။ (ကြွေသီးက ပိုကောင်း)

၂။ အခွံနဲ့ဆူးကိုကြည့်။ အရောင် ဝင်းတောက်/စိမ်းညို့နေမှရင့်။ ဆူးကြဲ ညီညာလှပနေမှ ကောင်းပါတယ်။

၃။ အလေးချိန်။ လေးတဲ့အသီး အစေ့ကြီး အသားပါး။ ပေ့ါတဲ့အသီး အစေ့သေး အသားထူတာပါ။

၄။ အနံ့။ မွှေးနေမှကောင်းပါတယ်။ အနံ့မမွှေးရင် နုပြီးမမှည့်တာတွေ ဖြစ်တတ်ပါတယ်။

၅။ မှည့်/မမှည့်။ လက်သဲနဲ့ ဆူးဖျားလေးနှစ်ခုကိုပူးညှစ်ကြည့် ပူးညှစ်လို့ ရရင်မှည့်ပါပြီ။

၆။ အသီးမှည့်မမှည့် အသီးကို ဒါးလေးနဲ့ရိုက်ကြည့်၊ အုံသံကလေးပါမှ မှည့်။ အသံမထွက် နေရင်စိမ်းနေပါတယ်။

၇။ အသီးအောက်ပိုင်း အခွံတွေ ညိုနေရင်/ပုတ်နေရင် မယူပါနဲ့နော်။

၈။ ဒူးရင်းသီးကောင်းတလုံးရဲ့ ဆူးတွေဟာ တိုနေရပါမယ်၊ ဒူးရင်းသီးရဲ့ ဆူးလိုင်းတွေဟာ ကျဲနေရပါမယ်။ ဒူးရင်းသီးရဲ့ အညှာဟာ ဖြောင့်တန်းနေရပါမယ်။

၉။ ဒူးရင်းသီးကို နမ်းကြည့်ပြီးလည်း မှည့်မမှည့် သိနိုင်ပါတယ်။ အနံ့လှိုင်လှိုင် မွှေးနေပြီဆိုရင် အသင့်စားလို့ရနေပြီဆိုတာ သိနိုင်ပါတယ်။

၁၀။ ဒူးရင်းသီးကို လှုပ်ခါကြည့်ရင်လည်း မှည့်မမှည့် သိနိုင်ပါတယ်။ မှည့်နေပြီဖြစ်တဲ့ ဒူးရင်းသီးဟာ အတွင်းက အဆံဟာ မသိမသာလေး ချောင်နေတာကို သိထားရပါမယ်။

ဒီအချက်လေးတွေနဲ့ ဒူးရင်းကောင်းကောင်း တလုံး ရွေးချယ်နိုင်ပါပြီ။

မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page