ကိုဗစ် ကူးစက်နိုင်ခြေများသည့် အခြေအနေများ နှင့် နေရာများ (ရှောင်ရှားဖွယ်ရာတွေ)
လူတစ်ယောက်၏ ခန္ဓာကိုယ်အတွင်းသို့ အချိန်တစ်ချိန်ချိန်တွင် ကိုရိုနာဗိုင်းရပ်စ်အကောင်ရေ (Virus particles) 1000 ခန့် ဝင်ရောက်မှသာ ထိုသူကို ရောဂါကူးစက်နိုင်ပါသည် ..။
ရောဂါပိုးရှိနေသည့်လူတစ်ယောက်သည်.. အသက်ရှူထုတ်သည့်အခါ တစ်မိနစ်လျှင် ဗိုင်းရပ်စ်ပိုး (20) စွန့်ထုတ်သည်.. စကားပြောသည့်အခါ တစ်မိနစ်လျှင် ဗိုင်းရပ်စ်ပိုး (200) စွန့်ထုတ်သည်.. တစ်ကြိမ် ချောင်းဆိုးလိုက်တိုင်း ၊ တစ်ကြိမ် နှာချေလိုက်တိုင်း ဗိုင်းရပ်စ်ပိုး သန်း (200) စွန့်ထုတ်သည်.. (၎င်း သန်း 200 သည် လေလုံသည့်အခန်းတွင်း လေထဲ၌ 4 နာရီကြာ ရှိနေနိုင်ပြီး အခြားလူတစ်ယောက်ကို လုံလုံလောက်လောက် ရောဂါကူးစက်နိုင်ခြေရှိသည်)
၁။ တစ်ဦးနှင့်တစ်ဦး (6) ပေကွာရှိလျက် (40) မိနစ်ထက် မပိုလျှင် ကူးစက်နိုင်ခြေ နည်းသည်..
၂။ နှာခေါင်းစည်းတပ်ထားလျက် မျက်နှာချင်းဆိုင် စကားပြောပါက (4) မိနစ်ထက်မပိုလျှင် ကူးစက်နိုင်ခြေ နည်းသည်..
၃။ လမ်းလျှောက်လျက် တစ်ဦးနှင့် တစ်ဦး ဖြတ်သွားဖြတ်လာမိပါက ကူးစက်နိုင်ခြေ နည်းသည်..
၄။ လေဝင်လေထွက် ကောင်းမွန်သောနေရာတွင် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပါက ကူးစက်နိုင်ခြေ နည်းသည်..
၅။ ဈေးဝယ်စင်တာများတွင် ကူးစက်နိုင်ခြေ အသင့်အတင့်ရှိသည်.. (ဝင်ရောက်သည့်အချိန် တိုခြင်းနှင့် ကိုယ်လက်သန့်စင်ခြင်းတို့ဖြင့် ကူးစက်နိုင်ခြေကို လျှော့ချနိုင်သည်)
၆။ အခန်းအတွင်း ပိုးရှိသူနှင့် အတူရှိနေပါက ကူးစက်နိုင်ခြေ များသည်..
၇။ စားသောက်ဆိုင်များ ၊ အများသုံးသန့်စင်ခန်းများတွင် ကူးစက်နိုင်ခြေ များသည်..
၈။ လူစုလူဝေး ၊ လုပ်ငန်းခွင် ရုံး/ဌာနများ ၊ စာသင်ကျောင်းများ ၊ ပါတီပွဲ အလှူမင်္ဂလာပွဲများ ၊ အစည်းအဝေး / သင်တန်း / ညီလာခံများ ၊ ဘာသာရေး အဆောက်အအုံ ၊ ကိုယ်ကာယ လေ့ကျင့်ခန်းများ ၊ ပြိုင်ပွဲ / ပျော်ပွဲရွှင်ပွဲ / ကပွဲ ရုပ်ရှင်ရုံများ ကူးစက်နိုင်ခြေ အလွန်များသည်..
အချုပ်အားဖြင့် .. မိမိအိမ်မှာသာနေပါ .. – လူစုလူဝေး ရှောင်ပါ .. – တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပါ .. – လက်ကို စနစ်တကျဆေးပါ ၊ တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုပြုပါ .. – နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ပါ .. ..
Dr Thant SandarThiri Lwin