ကိုဗစ်ကာလမှာ ဂျင်းပြုတ်ရည်သောက်နေတဲ့ အမျိုးတွေ ဒီရောဂါတွေရှိရင် သတိပြုကြပါ

ဂျင်းပြုတ်ရည်သောက်နေတဲ့ အမျိုးတွေ ဒီရောဂါတွေရှိရင် သတိပြုကြပါ.. (အမေရိကမှာနေတဲ့ သူငယ်ချင်းဆရာဝန် ဆောင်းပါးပါ)

“ကိုဗစ် နဲ့ ပတ်သက်တဲ့ ကြောက်စရာ အယူအဆအလွဲများ”

ဂျင်းပြုတ်ရည်ဟာ ကိုဗစ် ကာကွယ်နိုင်တယ်ဆိုတာ သိပ္ပံနည်းကျ သက်သေပြချက်မရှိပါ။ အသည်း၊ ကျောက်ကပ်နဲ့ အစာအိမ်ရောဂါရှိသူများ လုံးဝမသောက်သင့်ပါ။ Hepatitis B, C ပိုးရှိသူများ လုံးဝ မ သောက်သင့်ပါ။

Vitamin C နဲ့ D ဟာ ကိုယ်ခွံအားကောင်းစေတယ်ဆိုပေမယ့် ဒါတွေ အလွန်အကျွံသောက်ပြီး COVID ကာကွယ်နိုင်တယ်ဆိုတာ မဟုတ်ပါ။ အရွယ်ရောက်ပြီး လူတစ်ယောက်ရဲ့ နေ့စဉ် Vitamin C လိုအပ်ချက်ဟာ အမျိုးသား- 90 mg နဲ့ အမျိုးသမီး 75 mg ဖြစ်ပါတယ်။ အသက်၁နှစ်-၃နှစ်ကလေးများအတွက် 15 mg, အသက်၄နှစ်နဲ့၈နှစ်ကြားကလေးတွေ 25 mg. အသက်၉နှစ်က၁၃နှစ်ကြားကလေးတွေ 45 mg ဖြစ်ပါတယ်။ Supplement ဖြည့်စွပ်ဗိုက်တာမင်အဖြစ်သောက်မယ်ဆိုလည်း လူကြီးများအတွက် တနေ့ကို 2000 mg ထက်ပိုသောက်ရင် အစာအိမ်နဲ့ အစာခြေအဖွဲ့အစည်းအင်္ဂါကို ထိခိုက်ပြီး ရောဂါရပါမယ်။ အစာအိမ်ရောဂါအခံရှိသူများ ပိုသတိထားရပါမယ်။ Vitamin C ဟာပိုလျှံတာကို ဆီးကနေစွန့်ပါတယ်။ 4000mg ထက်ပိုသောက်ရင် ကျောက်ကပ်မှာ Oxalate ကျောက်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Vitamin D ချို့တဲ့သူများလို့ Supplement သောက်ကြပေမယ့် လူတစ်ယောက်အတွက် တစ်နေ့လိုအပ်ချက်ဟာ 600 IU ဖြစ်ပြီး Supplement သောက်မယ်ဆိုရင် တစ်ထောင် 1,000 IU ကနေ နှစ်ထောင် 2, 000 IU ထိ သောက်လို့ရတယ်လို့ Mayo Clinic က ဆိုပါတယ်။ အဲ့ဒီ့ထက်ပိုရင် ဘေးထွက်ဆိုးကျိုးရမယ်။ Vitamin D ဟာ အဆီမှာပျော်တဲ့အတွက်၊ ရေမှာမပျော်လို့ ပိုလျှံတဲ့ပမာဏကို ဆီးကနေစွန့်ထုတ်မရတဲ့အတွက် ပါးစပ်ကသောက်လိုက်တဲ့ပမာဏက ခန္ဓာကိုယ်မှာလိုအပ်တာထက်ပိုရင် ခန္ဓာကိုယ်ထဲက အဆီတွေထဲ Store သိုလှောင်လိုက်ရော။ ဘေးထွက်ဆိုးကျိုးက သွေးထဲ Calcium တက်ပြီး ဆက်စပ်အန္တရာယ်တွေ။ အရိုးကျွတ်ဆတ်ကျိုးလွယ်တာတွေ၊ ခေါင်းမူး၊ အစာအိမ်နဲ့အူလမ်းကြောင်းအန္တရာယ်၊ ဝမ်းပိတ်ခြင်း။ ဝမ်းလျှောခြင်းနဲ့ ကျောက်ကပ်အန္တရာယ်ရှိပါတယ်။

(သီအိုရီတွေထဲမှာ အဲ့သလိုဖော်ပြထားပေမယ့် တစ်နေ့ကို Vitamin D တစ်သောင်း 10, 000 IU ထိ သောက်လည်း စိတ်ချရတယ်လို့ဆိုပါတယ်။ ဘာ့ကြောင့်လဲဆိုရင် လူတော်တော်များများဟာ Vitamin D ချို့တဲ့နေကြလို့ပါပဲ။ အဲ့ဒီ့ကိစ္စ Primary care ဆရာဝန်နဲ့အချီအချ ၁၅မိနစ် စကားပြောခဲ့ရတဲ့ ကိုယ်တွေ့ အတွေ့အကြုံကို သပ်သပ်ရေးပါဦးမယ်။)

ဒါတွေဘာလို့အရေးကြီးသလဲဆိုရင် ကိုဗစ် ကို တအားစိုးရိမ်ထိတ်လန့်နေကြသူတွေကို အခွင့်ကောင်းယူပြီး တ နေ့ကတင် Social Media မှာ Vitamin C နဲ့ D ပါတဲ့ ရိုးရိုးအားဆေးကို COVID ကာကွယ်တဲ့အားဆေးပါဆိုပြီး လိမ်ညာပြီး စျေးတွေအများကြီးနဲ့ရောင်းနေလို့ပါပဲ။ အင်မတန်အကုသိုလ်ကြီးတဲ့အလုပ်လို့ပဲ မြင်ပါတယ်။ သူတပါးစိတ်ပူပန်မှုကို အသုံးချပြီး လိမ်ညာ ပိုက်ဆံရှာတာမျိုးဟာ သူတောင်းစားထက်တောင် အောက်တန်းကျလွန်းလှပါတယ်။

ကိုဗစ် ကာကွယ်ဆေးဆိုတာလည်း U.S. မှာ ခုထိ မထွက်သေးပါဘူး။ စမ်းသပ်လို့လည်း မပြီးသေးပါဘူး။ ကိုဗစ် ကာကွယ်ဆေးတစ်လုံး ၃ သောင်းဆိုပြီး လိမ်ညာနေတဲ့ အောက်တန်းစား ဆေးနဲ့ပတ်သက်သူတွေလည်း မြန်မာပြည်ထဲမှာ ရှိနေပါတယ်။

ကမ္ဘာမှာ ဂျင်းပြုတ်ရည်သောက်လို့ ကိုဗစ် ကာကွယ်တယ်ဆိုတာ လုံးဝ အသိအမှတ်မပြုပါဘူး။ ဘာသက်သေမှ မရှိသေးပါဘူး။ ကြက်သူအဖြူအနီ ကိုက်စားလို့လည်း သွားတိုက်တာတောင် နေ့နဲ့ချီပြီး အနံ့မပျောက်ပါးစပ်နံရုံသာရှိမယ်။ ကိုဗစ် ကာကွယ်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ အချက်အလက်နဲ့ အရပ်ပြောစကားများ ချင့်ချင်ယုံကြဖို့နဲ့ ပိုက်ဆံအလိမ်မခံရဖို့ ကိုယ်တိုင်သိထားတဲ့အချက်တွေကိုရေးလိုက်ပါတယ်။

အားလုံး ပူပင်ကြောင့်ကြခြင်းနဲ့ နာမကျန်းခြင်း၊ စိတ်ဆင်းရဲ၊ ငွေဆင်းရဲဘေးမှ ကင်းကြပါစေ။ (NKK)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page