မြန်မာပြည် ကင်ဆာရောဂါသည် တဝက်လောက်ကို ကင်ဆာဖြစ်စေခဲ့တဲ့ အဓိကတရားခံ
ဈေးထဲကနေ ပိဿာလိုက် ဝယ်လာတဲ့ ငရုတ်သီးခြောက်ကို ခွဲကြည့်လိုက်သောအခါ… (အရမ်းကြောက်ဖို့ ကောင်းတဲ့ ငရုတ်သီးမှို)
၂၀၁၃ မှာ ကင်ဆာဖြစ်ပြီးကတည်းက အတတ်နိုင်ဆုံး အစားအသောက်သတိထားပါတယ်။
ဆေးလိပ်မသောက် ကွမ်းမစား အရက် မသောက်( တခါတရံ ဘီယာသောက်)တဲ့ ကျွန်တော် ဘာကြောင့် ကင်ဆာဖြစ်ခဲ့လဲတော့ မသိတော့ပါဘူး။
နောက်ဆုံးတော့ အစားအသောက်ကြောင့်လို့ဘဲ ထင်မိတော့တယ်။ အချိုမှုန့်လျော့တယ် ဆီဆို နေကြာ ပဲဆီ မှာစားတယ်။ မရသေးရင် ပဲပိစပ် ဆီသုံးတယ်။
အရောင်တင် အကြမ်းမှုန့်(ခွဲကြမ်း) အလှော်မှုန့် ကိုယ်တိုင်လုပ် ကိုယ်တိုင်ကြိတ်တယ်။ အဲဒီမှာ စတော့တာပဲ ငရုတ်သီးခြောက်က ပြဿနာ။
ပိဿာလိုက်ဝယ် ခဏနေပြ ခွဲကြည့်တော့ မှိုတွေပါနေတာတွေ့ရတယ်။ အပြင်မှာ ရောင်းတဲ့ ငရုတ်သီးမှုန့်တို့ အရောင်တင်တို့က ဒီတိုင်းကြိတ်တာလားတော့မသိဘူး။ ရောင်းတမ်းကိုး။
ကျွန်တော်ကတော့ အရမ်းကြောက်လို့ အပင်ပန်းခံပြီး တတောင့်ခြင်းခွဲတယ် ကိုယ့်မိသားစုလည်းသုံး အနားနီးမိတ်ဆွေတွေလည်း ရောင်းပေါ့။
ပြောချင်တာက တတ်နိုင်ရင် ကိုယ်တိုင် လုပ်သုံးကြပါ ကင်ဆာဖြစ်နိုင်လို့ပါ သတိထားကြပါနော်။
Saya Maung