တောင်ကိုရီးယားနိုင်ငံက အာဏာရှင်ဟောင်း ချန်ဒူးဝမ် ကွယ်လွန်ပြီ

တောင်ကိုရီးယားနိုင်ငံက အာဏာရှင်ဟောင်း ချန်ဒူးဝမ် ကွယ်လွန်ပြီ…

တောင်ကိုးရီးယားနိုင်ငံမှ အာဏာရှင် သမ္မတဟောင်း ချန်ဒူးဝန်သည် ယနေ့ နိုဝင်ဘာ ၂၃ ရက်နေ့တွင် ကွယ်လွန်သွားကြောင်း အစိုးရပိုင် ယွန်ဟပ်သတင်းဌာနက ကြေညာပါတယ်။

အသက် ၉ဝ အရွယ်ရှိပြီဖြစ်သော ချန်ဒူးဝန်သည် သွေးကင်ဆာတစ်မျိုးဖြစ်သော multiple myeloma ရောဂါကို ခံစားနေရသူဖြစ်ကာ ခွဲစိပ်ကုသနေရသူလည်းဖြစ်ပြီး ယင်းရောဂါဖြင့်ပင် ကွယ်လွန်ခြင်းဖြစ်သည်။ သူသည် ဆိုးလ်မြို့ရှိ သူ၏နေအိမ်တွင်ပင် ကွယ်လွန်ခြင်းဖြစ်ကြောင်း ယွန်ဟပ်သတင်းဌာနက ဆိုပါတယ်။

သူသည် ၁၉၇၉ ခုနှစ်တွင် အာဏာသိမ်းကာ သမ္မတရာထူးကို ရယူခဲ့ပြီးနောက် ၁၉၈၀ ခန့်တွင် တောင်ကိုရီးယားနိုင်ငံတစ်ဝန်း ဒီမိုကရေစီရေး ဆန္ဒပြမှုများဖြစ်ပွာခဲ့ရာတွင် အင်အားသုံးနှိမ်နင်းခဲ့ပြီး၊ ကျောင်းသားများဦးဆောင်သည့် ဒီမိုကရေစီလှုပ်ရှားမှုများကြောင့် ၁၉၈၇ ခုနှစ်တွင် သမ္မတအဖြစ်မှ နုတ်ထွက်ခဲ့ရသည်။ သူသည် တောင်ကိုရီးယားနိုင်ငံ၏ နာမည်ကျော် ဂွမ်ဂျူးအရေးတော်ပုံတွင် လူများစွာကို ရှငးလင်းရန် အမိန့်ပေးခဲ့သူအဖြစ် သေဒဏ်ချမှတ်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။

သူ့အား ၁၉၉၇ ခုနှစ်မှစတင်၍ ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့ရာ ၁၉၉၇ ခုနှစ်မှာပဲ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ခြင်း ဖြစ်ပါတယ်။

ချန်ဒူးဝန်သည် အထက်တန်းကျောင်းမှထွက်ပြီးနောက် တောင်ကိုရီးယားစစ်တပ်တွင် တောက်လျောက်အမှုထမ်းခဲ့တဲ့ စစ်သားတဦးလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page