ရှီကျင့်ဖျင် ဆိုတာ ဒီလို အကျင့်စရိုက် ရှိသူပါ (တရုတ်သမ္မတရဲ့ ငယ်စဉ်က အဖြစ်အပျက်တစ်ခု)

လူဦးရေ များပြားပြီး ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ တရုတ်ပြည်မှာ သမ္မတ ဖြစ်လာတဲ့ ရှီကျင့်ဖျင်ဟာ ငယ်စဉ်တုန်းက အတ္တကြီးတဲ့သူ တစ်ကိုယ်ကောင်းဆန်တဲ့သူ ဖြစ်ပါသတဲ့ —

သူ့ဖခင်က ရှီကျင့်ဖျင် တို့မောင်နှမတွေအတွက် စားစရာဖြစ်စေ အဝတ်အစားတွေဖြစ်စေ ဝယ်လာတဲ့အခါ သူက သူ့စိတ်ကြိုက် အကောင်းဆုံးကိုပဲ ယူလေ့ရှိပါသတဲ့ ဒါကြောင့်လည်း ရှီကျင်ဖျင် မှာ ကစားဖော်လည်းမရှိသလို အပေါင်းအသင်းလည်း မရှိပါဘူးတဲ့– ပြီးတော့ သူ့ကိုယ်သူ လည်း အမှားလို့ မထင်ပါဘူးတဲ့…

တစ်နေ့မှာ ဖခင်ဖြစ်သူက သူ့ကို ပညာပေးချင်တာမို့ ခေါက်ဆွဲနှစ်ပွဲကို စားပွဲပေါ်မှာ ပြင်ဆင်ထားပြီး ရှီကျင့်ဖျင် ကို ရွေးချယ်ခိုင်းပါတယ် တစ်ပွဲမှာ ကြက်ဥတစ်လုံးကို ခေါက်ဆွဲပေါ်တင်ထားပြီး ကျန်တစ်ပွဲမှာတော့ ကြက်ဥမပါပါဘူးတဲ့ အဲဒီခေတ်က တရုတ်ပြည်မှာ ကြက်ဥ တွေက ခုလောက်မပေါသေးပါဘူးတဲ့ ရှီကျင့်ဖျင် တို့မိသားစုအနေနဲ့လည်း နှစ်သစ်ကူးလိုနေ့တွေမှာသာ ကြက်ဥကို စားကြရတာပါတဲ့..

ဖခင်က “ငါ့သား ကြိုက်တာရွေးပါ လို့ဆိုတော့ –”

ရှီကျင့်ဖျင် က အတ္တကြီးသူ တစ်ကိုယ်ကောင်းသမားပီပီ ကြက်ဥပါတဲ့ ခေါက်ဆွဲပန်းကန်ကို ရွေးချယ်လိုက်ပါတယ် အကောင်းဆုံးကိုရွေးချယ်ခဲ့သည်ဟု ကိုယ့်ကိုယ်ကိုယ်ယုံကြည်လျှက် သူ မရွေးချယ်ခဲ့သော ခေါက်ဆွဲပန်ကန်ကို လှမ်းကြည့်လိုက်တဲ့အခါ ထိုပန်းကန်ထဲမှာ ကြက်ဥနှစ်လုံးရှိနေတာတွေ့လိုက်ပါတော့တယ် ခေါက်ဆွဲအောက်မှာ ကြက်ဥနှစ်လုံး ဖွက်ထားခဲ့လို့ပါပဲ အဲဒီပန်ကန်ကိုရွေးခဲ့ရင် ကြက်ဥနှစ်လုံးတောင် စားရမှာမို့လား ခုတော့ —

ရှီကျင့်ဖျင် မျက်နှာအနည်းငယ်ပျက်သွားပါတယ်…

ထိုအခါ ဖခင် က — “ငါ့သား လောကကြီးက မာယာများတယ် မင်းမျက်စိနဲ့မြင်ရတဲ့အရာတိုင်းကို အမှန်လို့ မမှတ်ယူလေနဲ့ လောကမှာ မမြင်နိုင်တဲ့ အမှန်တရားတွေအများကြီးရှိတယ်။ မင်းက သူတစ်ပါးအပေါ် အခွင့်ရေးယူဖို့လုပ်တာနဲ့ ဆုံးရှုံးခြင်းတွေပဲကြုံရလိမ့်မယ် ငါ့သား” လို့ပြောဆိုးဆုံးမပါတယ်

နောက်နေ့မှာလည်း စားပွဲပေါ်မှာ ခေါက်ဆွဲနှစ်ပွဲပြင်ထားပါတယ် ထူံးစံအတိုင်း ကြက်ဥတစ်လုံးပါတဲ့ ခေါက်ဆွဲတစ်ပွဲနဲ့ ကြက်ဥမပါတဲ့ ခေါက်ဆွဲတစ်ပွဲ ပါပဲ

ဖခင်က ငါ့သား မင်းကြိုက်တာရွေးကွာ လို့ဆိုတော့…

ရှီကျင့်ဖျင် က ဒီတစ်ကြိမ်မှာတော့ အရင်နေ့က ရရှိခဲ့တဲ့ အတွေ့ကြုံအရ ကြက်ဥမပါတဲ့ ခေါကိဆွဲပန်းကန်ကို ရွေးလိုက်ပါသတဲ့ ခေါက်ဆွဲအောက်မှာ ကြက်ဥနှစ်လုံးဝှက်ထားလိမ့်မယ်လို့ သေချာ တွေးထားခဲ့လိုပါပဲ ဒါမဲ့ ဘာကြက်ဥမှ မပါပါဘူးတဲ့ ဖခင်ကတော့ ကြက်ဥတစ်လုံးနဲ့ခေါက်ဆွဲကိုမြိန်ရှက်စွာ စားနေပါသတဲ့ ပြီးတော့..

ဖခင်က “ငါ့သား မင်းမှာ ရှိခဲ့တဲ့ အတွေ့ကြုံတွေကို အရမ်းပုံပြီး မယုံလေနဲ့ ဘဝမှာ မင်းကို လှည့်စားသွားတာတွေ မာယာတွေ အများကြီး ရှိနေတတ်တယ် ဒီတော့ မင်းမှာရှိနေတဲ့ အတွေ့ကြုံတွေကို ပညာနဲ့ပေါင်းစပ်ပြီးဆုံးတွေရွေးချယ်ရမယ် ငါ့သား” လို့ ဆုံးမသြဝါဒ ပေးပြန်ပါတယ် —

တတိယနေ့မှာလည်း စားပွဲပေါ်မှာ ခေါက်ဆွဲနှစ်ပွဲပြင်ထားပါတယ်အရင်နေ့တွေလိုပါပဲ တစ်ပွဲမှာ ခေါက်ဆွဲပေါ်ကြက်ဥတစ်လုံးတင်ထားပြီး ကျန်တစ်ပွဲမှာ ဘာကြက်ဥမှ မပါပါဘူး

ဖခင်က ငါ့သား ကြိုက်တာရွေးလို့ပြောတဲ့အခါ မှာတော့ –ရှီကျင့်ဖျင် က ” အဖေ အရင်ရွေးပါ အဖေက လူကြီး အဖေ့ ကို ဦးစားပေးပါတယ် “”လို့ ပြန်ပြောလိုက်ပါတယ်

ထိုအခါ ဖခင်က ကြက်ဥတင်ထားတဲ့ ခေါက်ဆွဲကို ရွေးလိုက်ပါတယ် ရှီကျင်ဖျင် ထင်ထားတာက ကျန်ခေါက်ဆွဲပွဲမှာ ကြက်ဥပါမှာ မဟုတ်တော့ဘူး ပေါ့ ဒါပေမယ့် စားဖို့ခေါက်ဆွဲကို မွှေလိုက်တဲ့အခါ ခေါက်ဆွဲအောက်မှာ ကြက်ဥနှစ်လုံးရှိနေတာ တွေ့ရပါသတဲ့…

သူ အံ့သြနေစဉ်မှာ ပဲ သူ့ဖခင်က ပြုံးလျှက် မေတ္တာဓာတ်အပြည့်ပါတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်လိုက်ပြီး “ငါ့သား မင်းက သူတစ်ပါးအပေါ် ကောင်းခဲ့ရင် မင်းဆီကိုလည်း ဒီထက်ကောင်းတဲ့ အခွင့်အရေး တွေရောက်လာလိမ့်မယ်”

“ငါ့သား ဒီသင်ခန်းစာတွေကို သေချာမှတ်ထားပါ ဒါတွေကို မင်းရဲ့ကျောင်းသင်ခန်းစားတွေထဲမှာ သင်ပေးမှာမဟုတ်ဘူး” လို့ပြောပြီး ရှီကျင့်ဖျင် ကို ပဲ့ကိုင်ထိန်းကျောင်းပေးခဲ့ပါတယ်။ ဒီလို ဆုံးမလမ်းညွှန်နိုင်တဲ့ဖခင်ကောင်းရှိလို့သာ လူဦးရေများပြားပြီး ပြိုငိဆိုင်မှုပြင်းထန်လှတဲ့နိုင်ငံမှာ ရှီကျင့်ဖျင် တစ်ယောက်ထူးချွန်ထက်မြက်တဲသမ္မတ တစ်ဦးဖြစ်လာခဲ့တာပါပဲ…

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page