တကောင်းနီကယ်စက်ရုံမှာ တူးထားတဲ့ လျှို့ဝှက်မြေအောက်လိုဏ်ခေါင်းက တရုတ်အထိ ပေါက်နေပြီလား?
တကောင်းနီကယ်စက်ရုံမှာ တူးထားတဲ့ လျှို့ဝှက်မြေအောက်လိုဏ်ခေါင်းက တရုတ်အထိ ပေါက်နေပြီလား?
ကျွန်တော် အခုရေးမယ့်သတင်းဆောင်းပါးလေးဟာ နိုင်ငံရဲ့သယံဇာတကို ချစ်တဲ့သူတစ်ယောက်ရဲ့ အစိုးရိမ်ပိုမှု ဖြစ်နိုင်သလို မဖြစ်နိုင်ဘူးလို့လည်း မပြောနိုင်ပါဘူး။
ဘာကြောင့်လည်းဆိုတော့ စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့် မြို့နယ်မှာတည်ထားတဲ့ တရုတ်နီကယ်စက်ရုံအရောက် မန္တလေးတိုင်း တကောင်းဘက်ကနေ မြှင့်မားလှတဲ့ တောင်တန်းကြီးတွေကိုကျော်ဖြတ်ပြီး သတ္တုရိုင်းတွေကို ရွေ့လျားစက်တွေနဲ့ သယ်ပို့နေလို့ပဲ ဖြစ်ပါတယ်၊
တကောင်းတောင် နီကယ်သတ္ထုတူးဖော်ရေး စီမံကိန်းကို တရုတ်နိုင်ငံရှိ China Nonferrous Metal Mining Group (CNMC) ကုမ္ပဏီနဲ့ Taiyuan Lron and steel Group ကုမ္ပဏီ တို့က ၂၀၀၉ ခုနှစ်မှာ စတင်တူးဖော်ခဲ့ကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင် အကြီးဆုံးစက်ရုံဖြစ်ပေမယ့် လူသိနည်းလွန်းလှပါတယ်၊ စက်ရုံဖွင့်ပွဲလဲ ယခုအချိန်ထိ မလုပ်ရသေး ပါဘူး၊ စက်ရုံဟာ တည်နေရာမှာ စစ်ကိုင်းတိုင်းဒေသကြီးကသာခရိုင် ထီးချိုင့်မြို့နယ်အုပ်စု မောင်းကုန်းကျေးရွာအနီး တည်ရှိပါတယ်။
နိုင်ငံအဝှမ်းက ပြည်သူလူထုတွေ မသိကြပေမယ့် ဒေသခံတွေနဲ့ ဒေသအနီးနေထိုင်သူတွေကတော့ ဒီစက်ရုံအကြောင်း သိကြပါတယ်။
မြှင့်မားရှည်လျားလှတဲ့ တောင်တန်းကြီးတွေကိုကျော်ဖြတ်ပြီး သတ္တုရိုင်းတွေကို ရွေ့လျားစက်တွေနဲ့ သယ်ပို့နေတာကို ဒေသအနီးကလူတွေ အတွက်ဒီရွေ့လျားစက်ဟာ ထင်သာမြင်သာရှိပေမယ့် စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မှာတည်ထားတဲ့ တယုတ်နီကယ်စက်ရုံရဲ့ မြေအောက်မှာ ဥမှင်လိုဏ်ခေါင်း ဖောက်ထားတာကိုတော့ သိသူမြင်သူ နည်းပါး လှပါတယ်။
အဲဒီ မြေအောက် ဥမှင်လိုဏ်ခေါင်းဟာ အလွန်ရှည်လျားကြောင်းလည်းသိရှိရပါတယ်၊ အချို့တတွေ ပြောဆိုချက်အရ တရုတ်ပြည်အထိ ရှိနိုင်တယ်လို့ သတင်းရရှိထားပါတယ်၊ ဒါကို မဖြစ်နိုင်ဘူးလို့ မထင်ကြပါနဲ့၊ အဲဒီ စက်ရုံကို တရုတ်ပြည်ကနေ လျှပ်စစ်ဓာတ်အား တိုက်ရိုက်ယူထားတာကို ကြည့်ခြင်းအားဖြင့် စိုးရိမ်စဖွယ်အခြေအနေလို့ သုံးသပ်သင့်ကြပါတယ်။
နေပြည်တော်မှ သက်ဆိုင်ရာ အနေနဲ့ စက်ရုံတွေထဲကို ဝင်ရောက် စစ်ဆေးသင့်ပါတယ်၊ တကယ်ဟုတ်နေရင် နိုင်ငံစီးပွားရေးအတွက်သာမက လုံခြုံရေး စစ်ရေးအတွက်ပါ အန္တရာယ်ရှိပြီ ဖြစ်ပါတယ်၊ ကျွန်တော်တို့ မီဒီယာအနေနဲ့ကတော့ မြေအောက် ဥမှင်လိုဏ်ခေါင်းခေါင်းထဲကို ရှားရှားပါးပါးရောက်ဖူးခဲ့သူ မြန်မာတစ်ယောက်နဲ့ ချိတ်ဆက်မိနေပါပြီ။
မြန်မာတွေကို မြေအောက် ဥမှင်လိုဏ်ခေါင်းထဲ အဝင်မခံပေမယ့် ကျွန်တော်တို့ ချိတ်ဆက်မိထားတဲ့ သူဟာ မြန်မာနိုင်ငံဖွားတရုတ်ဖြစ်နေတဲ့အတွက်ရယ် စကားပြန်လူယုံ ဖြစ်နေတဲ့အတွက်ရယ်ကြောင့်သာ ဝင်ခွင့်ရခဲ့သူ ဖြစ်ပါတယ်။
အကြမ်းဖျင်းသူပြောပြတာကတော့ တစ်ရက်မှာ မြေအောက် ဥမှင်လိုဏ်ခေါင်းထဲက ရွေ့လျားစက်ရပ်သွားတဲ့အတွက် တရုတ်အင်ဂျင်နီယာက ပြုပြင်ရန် အဖေါ်ခေါ်လို့ လိုက်သွားရတာဖြစ်ပါတယ်။
သူတို့သွားချိန်ဟာ ၁ နာရီကျော်ကြာပြီး အဲဒီနေရာမှာ ပြစ်ချက်တွေ့လို့ ပြုပြင်ပြီး ပြန်လှည့်ခဲ့တာဖြစ်ပါတယ်၊ နောက်ထပ်ဆက်သွားလို့ရပေမယ့် ဘယ်အထိရတယ် ဆိုတာ သူမသိခဲ့ပါဘူး။
စက်ရုံရဲ့ အမည်ဟာ Myanmar CNMC Nickel Co.Ltd ဖြစ်ပါတယ်။
ဟာဂျူလီ-ကသာ