စင်ကာပူလေဆိပ်မှာ လှောင်အိမ်ထဲက လွတ်သွားတဲ့ ခြင်္သေ့ နှစ်ကောင်

စင်ကာပူလေဆိပ်၌ ခြင်္သေ့ နှစ်ကောင်ကို သယ်ယူရန် ဆောင်ရွက်စဉ် လှောင်အိမ်ထဲမှ လွတ်မြောက်

စင်ကာပူချန်ဂီလေဆိပ်မှာ ကွန်တိန်နာထဲကလွတ်ထွက်သွားတဲ့ ခြင်္သေ့နှစ်ကောင်ကို မေ့ဆေးသေနတ်နဲ့ပစ်ဖမ်းခဲ့ပါတယ်။

အဲဒီခြင်္သေ့တွေကို SIA စင်ကာပူလေကြောင်းလိုင်းက သယ်ယူပို့ဆောင်ပေးနေစဉ်မှာ အခုလို ဖြစ်ပွားခဲ့တာပါ။

အဲဒီခြင်္သေ့တွေဟာ ကွန်တိန်နာက လွတ်ထွက်ခဲ့ပေမယ့် ဘေးကနေကာရံထားတဲ့ Safety Netting ပိုက်ထဲမှာပဲရှိနေခဲ့တာလို့ ဆိုပါတယ်။

အခုအချိန်မှာ ဒီခြင်္သေ့တွေဟာ သတိပြန်လည်နေပြီဖြစ်ပြီး Mandai Wildlife Group က ထိန်းသိမ်းပေးထားပါတယ်။

စင်ကာပူမှာ အခုလိုမျိုး သားရဲတိရိစ္ဆာန် တစ်ကောင် လွတ်ထွက်တာဟာ ပထမဦးဆုံးအကြိမ် မဟုတ်ပါ။ ၂၀၀၅ ခုနှစ်တုန်းက စင်ကာပူ Zoo မှာ Angel လို့အမည်ပေးထားတဲ့ Jaguar ကျားသစ်တစ်ကောင်လွတ်ထွက်ခဲ့ဖူးပါတယ်။

တိရိစ္ဆာန်ရုံဝန်ထမ်းတွေ လှောင်အိမ်ထဲကို အသားတုံးပစ်ကျွေးတဲ့ အပေါက်ကနေ လွတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီတုန်းက Zoo ထဲအလည်လာတဲ့သူ အယောက် (၅၀၀) ကိုဘေးလွတ်ရာကို ခေါ်ထုတ်ခဲ့ရပါတယ်။ အဲ့ဒီကျားသစ်ကို နာရီဝက်အကြာမှာ ပြန်ဖမ်းမိခဲ့ပါတယ်။

Richard Myo Thant
13-December -2021

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page