ရွှေမြန်မာတွေ အလုအယက်မှာနေကြတဲ့ ခြေထောက်အဆိပ်ထုတ်စက်ဂျင်း (ပေါက်ဖော်က လုပ်စားသွားပါပြီ)
ရွှေမြန်မာတွေ အလုအယက်မှာနေကြတဲ့ ခြေထောက်အဆိပ်ထုတ်စက်ဂျင်း (ပေါက်ဖော်က လုပ်စားသွားပါပြီ)
သူများ စီးပွားရေး တုတ်နဲ့ ထိုးတာတော့မဟုတ်ပါဘူး ပေါက်ဖော်တွေ ရောင်းနေတဲ့ ခြေထောက်အဆိပ်ထုတ်စက် ဆိုပြီး ခြေဖဝါးကနေ ခန္ဓာကိုယ်ကနေ အဆိပ်တွေ ထွက်လာလို့ ရေမှာ ညိုညစ်ညစ် အညှိတွေ တက်နေတယ် ဆိုတာကြီးကလေ နည်းနည်းတော့ တစ်မျိုးဖြစ်နေသလားလို့ ။
ခြေဖဝါးက အဆိပ်ထုတ်တဲ့ တိုင်းရင်းဆေးတွေ နည်းပညာတွေရှိမှာပါ။ အဲ့ဒါကတော့ ဆေးပညာပိုင်း မို့ကျနော် သေချာမသိလို့ မပြောတတ်ပေမဲ့။
ပေါက်ဖော်တို့ဆီက ခြေထောက်အဆိပ်ထုတ် စက်ကတော့ ကျနော်တို့ အထက်တန်းကျောင်းကသင်ခဲ့ရတဲ့ အီလက်ထရုတ် ကတ်သုတ်တို့လို့ သဘောမျိုးပဲ ထင်ရတယ် သူက အဲ့ဒီ အီလက်ထရုတ် စက်ကလေးကို ရေထဲထည့်ပြီး ခြေထောက်စိမ် ဆားတည့်လိုက်တာ နဲ့ reaction ဖြစ်ပြီး အညှိုတွေ တက်လာတာပါပဲ ။ ခြေထောက်မစိမ်လဲ အညှိုတက်တယ် ဓာတုဗေဒ ဓာတ်ပြုမှုပဲ ပေးတာ ။
ဟိုနေ့က ပေါက်ဖော်ပေ့ မှာ တွေ့လိုက်တာ ဒီကလူတွေက အမှာတွေ ဈေးကြီးပေးပြီး အရမ်းကို အမှာတွေတက်နေတာမြင်လိုက်ရလို့ ။
အထူးသဖြင့်နယ်က လူတွေအမှာများတယ် ယူကျူဘ့်ကို နည်းနည်းခေါက်ကြည့်ကြပါလား Detox foot bath ဆိုပြီး အဲ့ဒါတွေက အတုအယောင် ဟုတ်မဟုတ်။
Phyo Phyo Aung