“ခြေသလုံးကြော တောင့်တင်းသူများ ဒီ (၂) ချက်ဆောင်ရွက်ပေးပါ” (ဆရာကြီးဦးရန်အောင်)

ခြေသလုံးကြော တောင့်တင်းသူများ နှစ်ချက် ဆောင်ရွက်ပေးပါ။ ရေချိုးခါနီး ခြေဖဝါးဆားပွတ်ပြီးမှ ရေချိုးပါ။ (အပူထုတ် ရေချိုးနည်း လမ်းညွှန်ချက်ကို အောက်မှာဖော်ပြထားပါတယ်) တောင့်တင်းတဲ့နေရာကို မန်ကျည်းရေ ကျဲကျဲနဲ့ လက်နှစ်ဖက်နဲ့ ညှပ်ပြီး ပွတ်ပေးပါ။ ခြေပေးပါ။ ခြေပြီးမှ ရေချိုးပါ။

အရွက် သုံးရွက်အနက် ကြိုက်တဲ့အရွက် တစ်ရွက်ကိုသုံးပါ။ ၁ = ကိုရံကြီးရွက်။ ၂ = ဗာဒံရွက်။ ၃ = ငှက်ပျောရွက် ။ ညအိပ်တဲ့အခါ သိပ်တင်းတဲ့နေရာကို ပတ်ပြီး အိပ်ပါ။ အရွက်ပတ်တဲ့အခါမှာ နေရောင်ထိတဲ့ဘက်၊ ချောတဲ့ဘက်နဲ့ အသားကိုထိရပါမယ်။ သူ့ကိုပတ်တော့မယ်ဆိုရင် အဘွားအသက် ကရမက်၊ အမျိုးသမီး အသက် ကရမက် ဆိုတဲ့အတိုင်း ကရမက်လိမ်းပါ။ ကရမက်က အပူစုပ်မယ်။ ပြီးမှ အရွက်ပတ်ပါ။

အရွက်ကလည်းအပူစုပ်မယ်။ တောင့်တာ တင်းတာ အကြောင်းခံက ပူလွန့်လို့ ။ ရာနှုန်းလျော့သွားပါလိမ့်မယ်။

“အပူထုတ် ရေချိုးနည်း”

လူတွေမှာ ငုပ်လှောင်အောင်းတဲ့ အပူတွေရှိပါတယ်။ ဒီအပူတွေကို ရေချိုးပြီးမထုတ်ရင် အန္တရာယ်ရှိပါတယ်။ အောင်းပူတွေကို စံနစ်တကျမထုတ်ဘဲ ကန်ထွက်စေမယ်ဆိုရင် အန္တရာယ်ရှိပါတယ်။ ဒါကြောင့်ရေချိုးနည်း မှန်ဖို့ လိုပါတယ်။ ရောဂါရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူတိုင်းအတွက် အောင်းပူတွေ ထွက်စေမယ့် ( အနှိပ်မခံဘဲ ) အပူထုတ်တဲ့နည်းကို ပြောပြပါ့မယ်။

၁ = ရေမချိုးခင် အပူထုတ်နည်း – မန်ကျည်းရေ ခပ်ကျဲကျဲ ခပ်ပါးပါးလေး ခန္တာကိုယ် တစ်ခုလုံးကို ပွတ်ပါ။ ၂ = ဆားနည်းနည်းဖြင့် ဘယ်ခြေဖဝါးကို ညာလက်ဖဝါးနဲ့၊ ညာခြေဖဝါးကို ဘယ်ဘက်လက်ဖဝါးနဲ့ အလျားလိုက် အကြိမ် ၅၀ – ခန့် ပွတ်ပါ။ ၃ = ၁၀ – မိနစ်ကြာမှ ရေချိုးပါ။

၄ = ရေချိုးရာမှာ ရေကို ဝုန်းကနဲ တန်းမချိုးပါနဲ့၊ ခြေရေ လက်ရေကို ဖြစ်သလို စ မလောင်းပါနဲ့၊ ပေါင်အလယ်၊ လက်မောင်းအလယ်၊ အဆီရှိတဲ့နေရာမှာ အပူခိုတာမို့ ပေါင်အလယ် လက်မောင်းအလယ်က စလောင်းပြီး အစွန်အဖျားတွေကိုလောင်းပါ။

ပြီးတော့ မျက်နှာသစ်မယ်။ တစ်ကိုယ်လုံးချိုးမယ်။ ဒီလို စိတ်ရှည် လက်ရှည်ချိုးပေးရင် အပူတွေ တစိမ့်စိမ့်ထွက်စေပါတယ်။

အထူးမှတ်သားရမှာက ဆားပွတ်ပြီး ရေချိုးပါ။ ရေမချိုးဖြစ်ဘဲ ဆားမပွတ်ပါနဲ့။ ည အခါညစ်ပေလို့ ခြေထောက်ကို ရေဆေးရင်လည်း ခြောက်အောင်ပြန်သုတ်ပါ။ ဒီလိုမဟုတ်ရင် မျက်စိနာတတ်တယ်၊ မျက်ဝတ်တွေ ထွက်တတ်ပါတယ်။

ဆရာကြီးဦးရန်အောင် (သြ/သု)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page