“အကဲမစမ်းနဲ့ ပွဲကြမ်းသွားမယ်” – ဆားပုလင်း နေမျိုးသူရ နှင့် ကားနံပါတ်ပြား အရှုပ်တော်ပုံ

“အကဲမစမ်းနဲ့ ပွဲကြမ်းသွားမယ်” – ဆားပုလင်း နေမျိုးသူရ နှင့် ကားနံပါတ်ပြား အရှုပ်တော်ပုံ

တစ်နေ့သ၌ ကျွန်တော်သည် တာဝန်ထမ်းဆောင်နေစဉ် သူငယ်ချင်းတစ်ဦးမှဖုန်းဆက်လာသည် အရေးကြီးလို့လာတွေ့ပါမည်ဟုဆိုရာ လာခဲ့ပါဟုခေါ်လိုက်သည်။ ကျွန်တော့်သူငယ်ချင်းနှစ်ယောက် ကားတစ်စီးဖြင့်ရောက်လာကြသည် ကားမှာ အလွန်ဟောင်းနွမ်းနေပြီး ကားနံပါတ်မှာတော့ မကြာသေးခင်ကထွက်ခဲ့သည့် 4Q နံပါတ်ဖြစ်လေသည်။

အကြောင်းရင်းအားမေးမြန်သော်ဤသို့ဆိုကြသည် ယခုစီးလာသည့်ကားအား လိုင်စင်ရှိ မရှိ အစစ်ဟုတ်မဟုတ်ခွဲခြားသိချင်သည် ကားမှာ ၄င်းတို့အသိကားဖြစ်ပြီး ထိုအသိလူမှ အရေးတကြီးငွေလိုသဖြင့် ဤကားအားထားခဲ့ကာ ငွေခဏလှည့်ယူသွားခြင်းဖြစ်၍ ကားမှာ Without ဖြစ်ခဲ့သော် ၄င်းတို့မှာ ပြသနာဖြစ်မည်စိုးပါသဖြင့် ရှင်းရှင်းလင်းလင်းသိချင်ပါသောကြောင့် ကူညီကြည့်ပေးပါဟု ဆိုကြလေသည်။

ကျွန်တော်က ထိုးကားအားကြည့်ကြည့်သည် ရှေ့နံပါတ်ပြားအား လက်ဖြင့်တစ်ချက်တောက်ကြည့်သည် “ထုတ်” ဟူသောအသံထွက်လာသည် နံပါတ်ပြားလေးအား တချက်ပွတ်ရင်း ကျွန်တော့်ဖုန်း ကင်မရာလေးဖြင့် ပုံလေးတစ်ပုံရိုက်လိုက်သည် ရိုက်ထားသည့်ပုံလေးအားကြည့်ကာ ကျွန်တော်တစ်ချက်ပြုံးလိုက်မိသည် နောက်နံပါတ်ပြားဆီသို့လျှောက်ကာ လက်ဖြင့်တစ်ချက်တောက်ကြည့်သည် “တံ” ကနဲ့ အသံထွက်လာသည် ကျွန်တော့် နိမ်းပလိပ်ပြားမှ သံလိုက်ကိုယူ၍ နောက်နံပါတ်ပြားအားကပ်ကြည့်သည် ချက်ကနဲ့ ကပ်သွားသည်။ “နောက်နံပါတ်ပြားက အမှားကြီးကွ ယာဉ်လိုင်စင်(ဝှီးတက်) ခဏပြကွာ” သူငယ်ချင်းက ဝှီးတက်ကိုကမ်းပေးသည် ” ဝှီးတတ်ကလဲ အတုကြီးကွဟေ့ကောင်တွေရ” ကျွန်တော်ကဆိုသော်သူငယ်ချင်းနှစ်ယောက်မှာ ” ဟုတ်လား”ဟု တအံတသြပြိုင်တူဆိုကြ‌လေသည်။

“ခဏထိုင်ကြပါအုံးကွာ” ကျွန်တော်က ဖုန်းတစ်ချက်ဆက်နေလိုက်သည် ထို့နောက် Viber မှာဖွင့်၍ ကြည့်နေမိသည် Viber ဖွင့်မိတော့ ယာဉ်စည်းကမ်းမေးထားသည့် စာလေးများတွေ့ပြန်၍ ပြန်ဖြေနေမိပြန်သည် ” ဟေ့ကောင် လုပ်ဟမြန်မြန် အတု အစစ်သိချင် ပါတယ်ဆိုမင်းက Viber သုံးနေသေးတယ်” ” အေးပါ ခဏပါကွ ဒီမှာ မေးထားတာလေးတွေ reply လုပ်နေလို့ ခဏပါကွာ” ကျွန်တော်က ဆယ်မိနစ်လောက်အချိန်ဖြုန်းလိုက်သည် ကဲ ပြောမယ် ဟုဆိုလိုက်ရာ သူငယ်ချင်းနှစ်ယောက် အနားကပ်လာကြသည်။

” အင်း ကားကလိုင်စင်ရှိပါတယ် Without တော့မဟုတ်ပါဘူး အစစ်ပါ” ” ဟင် မင်းပြောတော့ နောက်နံပါတ်ပြားကလဲအမှား ဝှီးတတ်ကလဲ အတုဆိုကွ” ” အင်းလေကွာ” ” အဲ့ဒါဆိုမှတော့ W ကြီးပေါ့ဟ ဟေ့ကောင်း ရှင်းရှင်းလင်းလင်းပြောကွာ စကားကို ရှုပ်အောင်မ‌ပြောနဲ့” ” OK OK ပါကွာ ဒီလိုပါ ငါရှင်းပြပါ့မယ်” သူငယ်ချင်းများအားဤသို့ရှင်းပြမိလေသည်။

“ရှေ့နံပါတ်ပြားက အမှန်ကွ လက်နဲ့တောက်ကြည့်ရင် “ထုတ်”ကနဲ့အသံ ထွက်တယ် ဒါကသတ္ထုပြားမို့ အဲ့သတ္ထုပြားက သံလိုက်ဆို သိပ်မကပ်ချင်ဘူးလေ နောက်နံပါတ်ပြားကတော့ အမှားကွ လက်နဲ့တောက်ကြည့်တော့ “တံ” ကနဲ့အသံထွက်တာ ဒါကသံပြားမို့ သံလိုက်လဲပြေးကပ်တယ်လေ တရားဝင်နံပါတ်ပြားဆိုတာ သတ္ထုပြားကွ ဒါပေမဲ့ကားပိုင်ရှင်ဟာ အကြောင်းတစ်ခုခုကြောင့် နောက်နံပါတ်ပြားမထင်ရှားတော့လို့ အသစ်မရခင် သံပြားခဏတပ်ထားတာ” ကျွန်တော်၏စကားများအား သူငယ်ချင်းများက စိတ်ဝင်တစားနားထောင်နေကြသည် ကျွန်တော်က ၎င်းတို့၏မျက်နှာများကိုကြည့်ရင်း ဆက်၍ပြောသည်။

“ဝှီးတတ်ကတော့ ကွန်ပျူတာနဲ့ စခရွင်ဖက်ပြီး ပရင့်ထုတ်ထားတာအစစ်နီးနီးထင်မှတ်ရအောင် လက်ရာမြောက်တယ် ဒါပေမဲ့ ဒါမျိုးစခရင်ဖတ်ထားတာမျိုးတို့ မိတ္ထုတို့က သုံးခွင့်မရှိဘူး ဝှီးတတ်အစစ်ပဲ ယာဉ်နဲ့အတူတပါတည်းပါရှိရမှာ” ” ဒါဆို နောက်နံပါတ်ပြားကလည်းအမှား ဝှီးတက်ကလည်းအတုဆိုတော့ စည်းကမ်းနဲ့မညီ ဘူးပေါ့နော” “ဟုတ်တယ် စည်းကမ်းနဲ့တော့မညီဘူး အဲ့ ဒီးကားမှာတော့ နံပါတ်ပြားအစစ်တစ်ခုရော ဝှီးတက်အစစ်ရောကားထဲမှာ‌တော့ပါပါတယ် ဟော့ဒီမှာ ဒါကဝှီးတက်အစစ်” ကျွန်တော်က ကားအတွင်း‌ ရှေ့ ဘေးခုံခေါင်းပေါ်ရှိနေကာပြား‌လေးကြားမှ ဝှီးတက်အစစ်အားထုတ်ပြလိုက်သည်။

“ဟေ့ မင်းကဘယ်လိုလုပ် ဒီမှာ ဝှီးတတ်‌နောက်တစ်ခုရှိမှန်းသိတာလဲကွ” “သိတာပေါ့ကွာ နေမျိုးသူရလေ သိတယ်မို့လား ဟဲဟဲ” ကျွန်တော်က အောင်နိုင်သူကြီးလေသံဖြင့် ခနိုးခနဲ့လေးပြောလိုက်သည်သည် “နေပါအုံးသူငယ်ချင်းရ ဝှီးတတ်အတုအစစ်ကို မင်းဘယ်လိုခွဲခြားတာလဲ” ” ဒါကတော့ အလုပ်ကသင်သွားတာလေ ခွဲခြားစစ်နည်းကတော့ ပေါင်းစုံရှိတယ် ငါတို့ကလုပ်နေကျမို့မျက်မြင်နဲ့တင်သိနေတာ” ” ဒီးကြား‌လေးထဲမှာဝှီးတတ်အစစ်ရှိတာရော ဘယ်လိုလုပ်သိလဲ” ” အဲ့ဒါကတော့ ဟော့ဟိုကလာနေတဲ့ ဒီကားပိုင်ရှင်ဆရာဝန်ကပြောတာကွ” ဟုကျွန်တော်ပြောလိုက်သော် သူငယ်ချင်းနှစ်ယောက်မှာ အလွန်ပင်အံဩစွာဖြင့် ကျွန်တော်လက်ညှိုးညွှန်ရာသို့ ပြိုင်တူကြည့်ကြလေသည် မှန်ပါသည် ဆရာဝန်ဟူသောလူတစ်ယောက် ကျွန်တော်တို့စီလမ်းလျှောက်၍ လာနေလေသည်။

” မင်္ဂလာပါကိုနေမျိုးသူရ လူတော့ခုမှတွေ့ဘူးတယ် စာတွေတော့ဖတ်နေရတာကြာပါပြီ” ” ဟုတ်ကဲ့ဒေါက်တာ မင်္ဂလာပါဗျ ဒါနဲ့ ဒေါက်တာ ဒေါက်တာ့ကားကို လူတော်တော်များများက စိုက်ကြည့်ကြမှာပဲနော်” ” ဟုတ်တယ်ကိုနေမျိုး ဆရာကတော့ စိုက်မကြည့်ဘူးမို့လားဗျ” ကျွန်တော်တို့စကားပြောနေစဉ် သူငယ်ချင်းများက ပါးစပ်အဟောင်းသားဖြင့်ကြည့်နေကြသည် တစ်ယောက်က ဝင်မေးသည်။ “အစထဲက သိ‌နေကြတာလားကွ” “ဟင့်အင်း ခုမှစတွေ့ဖူးတာ” သူငယ်ချင်းများပို၍နားရှုပ်သွားကြသည် မှန်ပါသည် ဤဆရာဝန်အား ကျွန်တော်အခုမှ တွေ့ဘူးခြင်းဖြစ်ပါသည်။ “ငါတို့ကိုလည်းရှင်းပြပါဦးကွာ” သူငယ်ချင်းများကဆိုသည် ကျွန်တော် ရှင်းပြရပါလေတော့သည်။

“ဒီလိုကွာ ငါစောစောက ဖုန်းခဏကြည့်တယ်လေ အဲ့ဒါ ဒီကားနံပါတ်ကို ငါ့ဖုန်းထဲရိုက်ထည့်လို့ ကားပိုင်ရှင်ဘယ်သူဆိုတာ ရှာကြည့်တာကွ ဒါနဲ့လိပ်စာမှာ မြို့၊ ရက်ကွက်၊ မှတ်ပုံတင်အမှတ် အပြည့်အစုံတွေ့တယ်လေ မြို့ကဥတ္တရသီရိမြို့တဲ့ နောက်ပြီး မင်းတို့ကားမှာလဲ ဆေးရုံတံဆိတ်လေးတွေ့တာနဲ့ ဥတ္တရသီရိဆေးရုံကို ဖုန်းလှမ်းဆက်ကြည့်တယ် လိပ်စာထဲကနဲ့တူတဲ့သူအဲ့ဒီမှာရှိသလားပေါ့ တိုက်တိုက်ဆိုင်ဆိုင် ဆရာဝန်တစ်ယောက်အမည်နဲ့တူလို့ ဆေးရုံကအဲ့ဒီဆရာဝန်ဖုန်းနံပါတ်ပေးတယ် ငါလဲဖုန်းဆက်ကြည့်တော့ ဟုတ်တယ် သူ့ကားပါတဲ့ ဝှီးတတ်အစစ်က ရှေ့ ဘေးခုံခေါင်းပေါ်က နေကာပြားကြားမှာရှိပါတယ် နောက်နံပါတ်ပြားလည်း နောက်ဖုံးထဲမှာပါတဲ့ ကြည့်လိုက်ပါဆိုပြီးပြောတယ် မယုံမှာစိုးလို့ Viber ကနေ ပုံလှမ်းပို့တယ်လေ နောက်ပီးပြောသေးတယ် သူ့သူငယ်ချင်းမင်းတို့နှစ်ယောက်က ယာဉ်ထိန်းကသူငယ်ချင်းကို ပညာစမ်းချင်လို့ ခဏကားငှားလိုက်ပါဆိုပီးယူသွားတယ်တဲ့ ကဲ ရှင်းပီလားဟေ့ကောင်တွေရ” ကျွန်တော်ရှင်းပြတော့ သူငယ်ချင်းနှစ်ယောက်က အံသြမှုတပိုင်း အလိမ်ပေါ်ရုပ်တပိုင်းဖြစ်နေကြသည်။

“နေအုံးဟေ့ကောင် တစ်ခုကျန်သေးတယ် မင်းပြောတာ ဘာတဲ့ ဒီကားကို လူတွေစိုက်ကြည့်ကြတယ်တဲ့ အဲ့ဒါဘာတုံး ဘာကြောင့် ဒီကားကိုစိုက်ကြည့်ကြတာတုံးကွ” “အော် ဒါလား ဒီမှာ ကားကိုကြည့်စမ်း ဟိုး ပဝေနသီခောတ်တုံးကပေါ်ခဲ့တဲ့ M2 ကား ဟုတ်တယ်နော် နံပါတ်ကိုကြတော့ကြည့်လိုက် အကြာသေးခင်ကမှမွေးဖွားလာတဲ့နံပါတ် 4Q တဲ့ ကားနဲ့နံပါတ် မအပ်စပ်ဘူးလေ ဒီးတော့ ထင်ရောင်ထင်မှား အမှားလိုလိုဖြစ်စရာကားဖြစ်နေတော့ အကြည့်ခံရပြီးပေါ့ကွာ” “အော်အဲသည်လိုကိုး ဘာဖြစ်လို့အဲ့သည်လိုလိုဖြစ်နေတာလဲဟ ကားကအဟောင်း နံပါတ်ကအသစ် လုပ်ပါဦးကွာရှင်းပါဦး”

” ဒါကလည်းဒီလိုပါကွာ ဒီကားတွေက သိမ်းဆည်းခံထားရတဲ့ကားတွေ လေလံအောင်ပြီး လိုင်စင်ပြန်ဝင်လို့ အခုလို့ ကားကဟောင်းပြီး နံပါတ်ကသစ်နေတာ” “အော်အော် ဒီလိုကိုး ရှင်းပါပြီဗျာ နောက်ဆုံးတစ်ခုလေးပဲ‌မေးပါတော့မယ် ရှေ့နံပါတ်ပြားကို ဖုန်းနဲ့ဓာတ်ပုံရိုက်ပြီး ပြုံးသွားတာကရော ဘာလို့လဲကွာ လုပ်ပါအုံး”

“ဒါလား အင်း ပြောမယ်လေ မင်းတို့တင်မကဘူး ငါ့ရဲ့စာဖတ်ပရိတ်သတ်ပါ အဲဒါလေးတော့သိစေချင်တယ်လေ ဒီလိုကွ ရှေ့နံပါတ်ပြားမှာ မင်းတို့သေချာကြည့် QR ကုတ်လေးတွေ့လိမ့်မယ် အဲ့ဒီ QR ကုတ်ကို ဖုန်က QR ကုတ်ဖတ်တဲ့ဆော့ဝဲနဲ့ ဖတ်လိုက်ရင် ဒီနံပါတ်ပြားဟာ ဘယ်စက်ရုံကထုတ်တယ်ဆိုတာတွေရယ် အထက်မြန်မာပြည်စက်ရုံကလား အောင်မြန်မာပြည်စက်ရုံကလား ရှမ်းပြည်ဘက်ကလား စသည်ဖြင့်ပေါ့ ထုတ်လုပ်တဲ့စက်ရုံကိုလဲသိရတဲ့အပြင် ယာဉ်ရဲ့အချက်အလက်တွေပါ QR ကုတ်ထဲမှာပါရှိပါတယ် နောက်ပီး နံပါတ်စဉ် (စီနီယာ)အလိုက်မို့ အတုရန်ကလဲ ပိုစိတ်ချရတယ်လေ

(1.1.2019) ရက်ကစလို့ ကားနံပါတ်ပြားတွေမှာ QR ကုတ်ထည့်သွင်းခြင်းစနစ်စတင်ခဲ့ပြီး လက်ရှိ ရှိပီးသားကားနံပါတ်ပြားတွေကိုလဲ သက်တမ်းတိုးတဲ့အချိန် ဒါမှမဟုတ် ပြန်လျှောက်တဲ့အချိန်တွေမှာဖြစ်ဖြစ် အခုလို QR ကုတ်နဲ့နံပါတ်ပြားပြန်လဲလှယ်ထုတ်ပေးတယ် အဲဒီလို QR ကုတ် ဖတ်ပြီးတဲ့အချိန်ကတည်းက ဒီကားဟာ W မဟုတ်ဘူးဆိုတာ ငါသိသွားတဲ့လေ ကဲရှင်းပြီလား”

“ရှင်းပါပြီသူငယ်ချင်းရေ မင်းရဲ့စာဖတ်ပရိတ်သတ်ထဲက မရှင်းတဲ့မိတ်ဆွေ တွေကတော့ မင်းကိုမေးကြတော့မယ်ကောင်ရေ မင်းကိုယ်စားပြောပေးပါ့မယ်ကွာ ပြည့်ပြည့်စုံစုံ post တင်ပေးထားပြီးသားတွေ ရှာပြီးတော့လေ့လာပေးပါလို့” “ဟုတ်ပါပြီကွာ မင်းတို့ နှစ်ကောင်ကိုလည်း ငါပြောချင်သေးတယ် ငါကလေ့လာရေးအားကောင်းသူ ယာဉ်စည်းကမ်းနဲ့ပတ်သက်ရင် အကဲမစမ်းနဲ့ ပွဲကြမ်းသွားမယ်လို့” ။

ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ (15.8.2020)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page