တနေ့ တမျိုး အစိုးမရတဲ့ မူဝါဒတွေနဲ့ ရေပေါ် အရုပ်ရေးနေရတဲ့ မြန်မာ့ကားလောက

ကားစျေး ၃ ရက်နေ့မတိုင်ခင်တော့ ကားဟောင်းတွေ မှာယူပေါ့ ဂျပန် မှာကို တပတ်ရစ်က စျေးကတတ်နေတာ အခုဒေါ်လာစျေးနဲ့ မဖြစ်နိုင် W လေလံ ထွက်မှာ ကျိန်းသေတယ်

အခုအစိုးရ ဆိုရင်တော့ သူတို့ ကိုယ်တိုင် W သွင်းထားတာနဲ့ ဆိပ်ကမ်းဖမ်းထားတာ အများကြီး ကျိန်းသေထွက်မှာပါ ငွေလိုနေတာမလို့ စီးပွားရေးသမားကလည်း လာမှာသိတယ်။

ယခင် လေလံ ၂ မျိုးမှာ ဘယ်နည်းနဲ့လာမလည်းပဲ စောင့်နေကြတာ ၁ စီး ၂ စီး မစဉ်းစားနဲ့ မရပါဘူး ငွေကိုင်စောင့်နေတဲ့သူအများကြီးပါ။

W လေလံ ကို duty ပြန်ကောက် ကညန အခွန်ကောက် ဆိုရင်လည်း သင်္ဘောတင်ခ လောက် သက်သာမယ် W လေလံကို အမည်ပေါက် ပုံစံ ဆိုလည်း အခွန်က ဘယ်လို ကောက်မှာလည်းရှိသေးတယ် W ဝယ်ဖို့လည်း မစဥ်းစားနဲ့ သူတို့ဖမ်းထား သွင်းထားတဲ့ကားကို အရေအတွက် နဲ့ပေးမှာ။

ဦးသိန်စိန်လက်ထက်ကလို ပုံစံလည်း ပြောနေကြတာပဲ။ ဖြစ်ရင်တော့ ကားစျေးက ဝုန်းကနဲပဲ ကံပေါ့နော် ၊ ဒီအစိုးရက စီးပွားရေး မှုဝါဒနဲ့တွက်မရဘူး အဘ မင်းခေါင်း နည်းပဲ မချင် မမယ်။ ချရင် ချမယ်။

ဦးသိန်းစိန်ခေါတ်က ကားတွေ စျေးရတာကလည်း လူတိုင်း အဲဒီတော့မှ ကားမြင်ဖူးတာကများတယ် သူတို့လည်း အဲဒီအချိန်က ကားကို ခုရောင်းပြီး အဲဒီကားမျိုး အရင်စျေးနဲ့ပြန်ဝယ်မရဘူး..

အဲဒီ မူဝါဒကိုပြန်မျှော်နေရတယ် သူတို့မြတ်တယ်ဆိုတာကလည်း တွက်ဝယ်တဲ့သူ ရှားပါတယ် စျေးတက်လို့ သာပြန်ရောင်းတာ အဲဒီ အချိန်ရွှေစျေး နဲ့ ရွှေရောင်းပြီးဝယ်တဲ့ အလေးချိန်က ကွာသွားတယ် ဘယ်လို မြတ်မှာလဲ။

ဝယ်ရောင်းတွေလည်း အရင်လိုခေတ်မရှိပါဘူး ကား ၁ စီး အလွန်ကျန် ၁၅ သိန်းပေါ့ လူတွေအကုန် နားလည်းနေပြီး လုပ်စားခေါတ်ကုန်သွားပြီ

ရှိရင်ဝယ် / မရှိရင် စောင့် / ကားရှိတဲ့သူကလည်း ဂွေပျောက်သွားမယ် နောက်ကားကြည့် ပြီးမှ ရောင်း ကားတစီး စီးဖို့များ ခေါင်းစား၊ အကြောင်းများ၊ နောက်ကျသွားမယ် တက်နေတာအမှန်က အသက်အရွယ် ပါ ကားမစီးပဲ သေသွားလည်း ဘာဖြစ်မှာမလို့လဲ။

ဝယ်စီးမနေနဲ့ ဝယ်ပြီးသားသူကလည်း ကိုယ် ကားကောင်း ပြန်ရောင်းဖို့မတွေးနဲ့ ဝယ်ရောင်းကလည်း ကြည့်လုပ် ဒါးသွားပေါ် က ခြေလှမ်းဖြစ်နေတာ စေတနာ နော် ကျနော် အမြင် ခဏ လမ်းကြုံလို့ ဝင်ပြောတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page