မြန်မာပြည် ကားပွဲစားလောကရဲ့ လျှို့ဝှက်စကား အထာများ (နိုင်ငံခြားသားတွေတောင် အံ့ဩရပါတယ်)

ကားပွဲစားတွေရဲ့ စကားအထာတွေဟာ ထူးခြားဆန်းကြယ်လှပါတယ်။ ကားအမျိုးအစား နာမည်တွေကိုလည်း အမျိုးမျိုး ပေးတတ်လွန်းလို့ မြန်မာပြည်က ကားနာမည်တွေကို နိုင်ငံခြားသားတွေက အတော် အံ့အားသင့်ခဲ့ကြပါသေးတယ်။

ယခုတစ်ခါမှာတော့ ပွဲဇိုးလေးတွေရဲ့ လက်သုံးစကားတွေရဲ့ အနက်အဓိပ္ပာယ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပထမဦးဆုံး စကားလုံးကတော့ လုပ်ချက်မရှိ ဆိုတာပါပဲ။ အဲ့စကားရဲ့ အဓိပ္ပာယ်ကတော့ လုပ်ချက်မရှိဘဲ ပြင်ချက်တွေပဲ ရှိတာကို ဆိုလိုတာပါ။

မိန်းကလေးတစ်လက်ကိုင် ဆိုတာကတော့ ကားပေါ်ယောင်္ကျားလေးမတင်ပဲ မိန်းကလေးတွေပဲ တင်မောင်းတာပဲ ဖြစ်ပါတယ်။

တစ်ကျပ်ဖိုးမှထပ်ထည့်စရာမလိုဆိုတာက တစ်စီးလုံး အခွံချိန်းရမှာကို ဆိုလိုခြင်းဖြစ်ပြီး၊ ဂျပန့်နံ့လေးတောင် သင်းနေသေးတယ် ဆိုတာကတော့ ဂျပန်ဂတုံးလာစီးသွားလို့ ဖြစ်ပါတယ်။ Anniversary ပါဆိုရင်တော့ စျေးပိုပြီသာမှတ်လိုက်ပါတော့။

အင်ဂျင်ပါဝါကြီးပေမယ့် ဆီမစားပါကတော့ ရပ်ထားတဲ့အချိန်ကိုဆိုလိုတာ ဖြစ်ပါတယ်။ လက်တင်စီးရုံကတော့ ကိုယ့်ပိုက်ဆံအိတ်ပေါ် လက်တင်ထားပြီး စီးရမှာပါ။ ကားကြောင့်ပွဲမပျက်စေရ ဆိုရင်တော့ စျေးကြောင့်သာ ပွဲပျက်မှာ ဖြစ်ပါတယ်။

အော်ကီလို ၃၀၀၀၀ ပါဆိုရင်တော့ လျော့ထားတာ အနည်းဆုံး နှစ်ခါလောက်ရှိနေတာကို ဆိုလိုပြီး၊ အတိုက်အခိုက်ရှင်း ကတော့ တိုက်မိလို့ခဏခဏ ရှင်းထားရတာကို ပြောတာပါ။

ရုံးသွားရုံးပြန်ပဲစီးတာပါဆိုရင်တော့ ရုံးကနေပြည်တော် အိမ်ကရန်ကုန်မှာဖြစ်ပြီး၊ ဟိုင်းဝေး တန်းထွက်နိုင် ဆိုတာကတော့ ကိုယ်ဖြစ်ကိုယ်ခံ လို့ ဆိုလိုခြင်းဖြစ်ပါတယ်။

ကဲ…ဒီလောက်ဆိုရင်တော့ ကားပွဲဇိုးလေးတွေရဲ့ လက်သုံးစကားတွေကို အထိုက်အလျောက်နားလည်လောက်ပြီထင်ပါတယ်။ စာဖတ်ပရိသတ်ကြီး သိထားတဲ့ စကားလုံးလေးများရှိရင်လည်း ကွန်မန့်မှာ ပြောပြခဲ့ကြပါဦး။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page