ကိုယ်ပိုင် လုပ်ငန်းလုပ်မယ်လို့ စဉ်းစားထားသူတွေ မဖြစ်မနေ သိထားသင့်တဲ့ အချက် (၉) ချက်
ကိုယ်ပိုင်လုပ်ငန်း လုပ်တော့မယ်လို့ စဉ်းစားရင် အောက်ပါအချက်တွေကို ဂရုစိုက်ပါ။ (၁) ဘဏ္ဍာရေးပိုင်း ကို တီးမိခေါက်မိရှိအောင် လုပ်ပါ။ လုပ်ငန်းလုပ်ရင် မြတ်တဲ့အခါ လုပ်ငန်း ချဲ့ဖို့ သင့်မသင့် စဉ်းစား ရသလို ရှုံးတဲ့ အခါ ထပ်ထည့်သင့်မသင့် စဉ်းစားရပါတယ်။ အဲဒီအခါ ငွေကြေးစီမံခန့်ခွဲမှု သိပ်အရေးကြီးပါတယ်။
(၂) မိမိလုပ်မယ့် အိုင်ဒီယာကို လူများများကို ပြောပြပါ။ သူတို့ဆီကနေ ထင်မြင်ချက်တောင်းပါ။ သူတို့ အမြင်မှာ ကိုယ်ပြင်စရာလေးတွေ တွေ့ရင်ပြင်ပါ။ (၃) ဥပဒေရေးရာမှာ အားကိုးလောက်တဲ့သူရှာထားပါ။ အရေးအကြောင်း ကြုံရင်သိပ်အသုံး၀င်ပါတယ်။
(၄) အနည်းဆုံး အလုပ်ကြပ် (Supervisor) လောက်ကို မအုပ်ချုပ်ဘူးရင် ကိုယ်ပိုင်စီးပွားရေးမလုပ်ပါနဲ့။ ၀န်ထမ်းက ကိုယ့်အပေါ်ပြန်ခိုင်းသွားပါလိမ့်မယ်။ (၅) တတ်နိုင်သလောက် Network ချဲ့ပါ။ ကိုယ့် အကြောင်း အကောင်း ပြောမယ့် Network တစ်ခု ကို တည်ဆောက်ပါ။ လုပ်ငန်းစစချင်းမှာ ကိုယ့်ကို ယုံလို့လူတွေက ကိုယ့်လုပ်ငန်း ကို ယုံကြည်ကြမှာပါ။
(၆) လုပ်ငန်း နဲ့ပတ်သက်တဲ့ ရည်မှန်းချက်ထားပါ။ ၅ နှစ်မှာ ဘာဖြစ်ချင်လဲ သိအောင်လုပ်ပါ။ နောက် တစ်နှစ်ချင်းစီ လျှော့သွားပြီး ဒီနှစ်ကုန်မှာ ဘာဖြစ်သင့်နေလဲ ဆိုတာ စဉ်းစားပါ၊ ပြီးရင် ဖြစ်အောင်လုပ်ပါ။ (၇) အလုပ်ကြိုးစားပါ။ ၀န်ထမ်းဘ၀က ကြိုးစားတာထက် ၃ ၄ ဆ ပိုကြိုးစားပါ။ ကိုယ်မကြိုးစားရင် ကိုယ့်၀န်ထမ်းက ထိုင်နေပါလိမ့်မယ်။
(၈) ပြတ်သားပါ။ အားမနာပါနဲ့။ ဒါပေမယ့် ယဉ်ကျေးပါ။ ရည်မွန်ပါ။ ကူညီနိုင်တာ ကူညီပါ။ (၉) လုပ်ငန်း စစချင်းမှာ ဦးတည်ချက် ၁ ခုပဲထားပါ။ လုပ်ငန်း တစ်ခုပဲ လုပ်ပါ။ ဦးတည်ချက် (Focus) ပျောက်ချင်းဟာ လုပ်ငန်း ကို ဆုံးရှုံးစေပါတယ်။ (၁၀) လုံလောက်တဲ့ အရင်းအနှီး ရှာထားပါ။ လုပ်ငန်း တစ်ခုကို ငွေအလုံအလောက် မရှိပဲ စတင်တာဟာ စစ်ပွဲတစ်ခုကို တပ်အင်အားမပါပဲ တိုက်တာနဲ့တူတူ ပါပဲ။ ချစ်ခင်စွာ Michael