မီးပွိုင့်မှာ ရိုးရိုးသားသား‌ တောင်းမစားဘဲ မိုက်ကြေးခွဲသလို လုပ်နေတဲ့သူ (အထူးဂရုပြုကြပါ)

ဒီခေတ်ကြီးမှာ ရိုးရိုးသားသား တောင်းမစားဘဲ မိုက်ကြေးခွဲသလိုလို တောင်းနေတဲ့သူကို ဂရုပြုနိုင်အောင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို ဖော်ပြ လိုက်ပါတယ်-

ဒီလူကိုသတိထားမိတာ အခုတစ်ခေါက်နဲ့ဆို ၂ ခါရှိပြီ။ ပထမတစ်ခေါက်က ဓမ္မဝိဟာရလမ်းက ပါဝါလိုက်ဆိုင်ထဲဝင်လာပြီး ဝိုင်းတိုင်းကိုလိုက်ပြီး ပိုက်ဆံတောင်းတယ်။ မတောင်းနဲ့လို့မပြောပါဘူး အဆင်မပြေရင်တောင်းပါ တောင်းလို့ရပါတယ်။ ဒါပေမယ့် သူ့ပုံစံက လူမိုက်တစ်ယောက်က ပိုက်ဆံလိုက် ချင်း သလိုမျိုးတောင်းတာ။

တစ်ချို့ဝိုင်းတွေက မပေးဘူးဆို သူက ဗိုက်ကိုလှန်ပြီး ဗိုက်ကတတ်တူးကိုပြပြီး ဖြဲသလို ရဲသလို စောက်ချိုးချိုးသေးတာ။ မသိရင် တစ်ခုခုလုပ်မယ့်ပုံနဲ့။ တစ်ချို့ချာတိတ်တွေ ချာတိတ်မလေးတွေဆို ကြောက်လို့ အသံတောင်မထွက်ရဲကြဘူး။ ကျောက်မြောင်း လိုရပ်ကွက်ကြီးမှာ ဒါမျိုးမကြုံတာ နှစ် ၂၀ လောက်ရှိပြီ။ အခု အဲကောင်ကဘယ်ကမှန်းလည်းမသိ။ ဘာမှန်းလည်းမသိ။

အခုလည်း ကျောက်မြောင်းမီးပွိုင့်ကို အလည်ကနေ ဖြတ်ကူးပြီး ပွိုင့်မိနေတဲ့ကားတွေအနားကပ်ပြီး ခါးကိုကော့ပြပြီး လက်က မဖွယ်မရာလုပ်ပြနေတယ်။ သတိတော့ထားကြပါဗျာ။ တခုခုဖြစ်လို့ ပြဿနာဖြစ်နေတာမြင်ရင် ဝိုင်းပြီးဆွမ်းကြီးလောင်းပေးလိုက်ကြပါ။ မသိချင်ယောင်ဆောင်မနေကြပါနဲ့ဗျာ။ (Aung Myint Tun)

ဒီလူကိုအရင်အပတ်‌ရန်ကုန်ကမပြန်ခင်ကကြုံဖူးလိုက်သေးတယ်။ ကျောက်မြောင်းစတိုးအလွန်နားက အထမ်းသည်မှာ မုန့်စားနေတုန်း ပိုက်ဆံလာရပ်တောင်းတာ မပေးလို့ နည်းနည်းကြာတော့ လှည့်ထွက်သွားပြီး အော်ဆဲပြီးမိုက်လုံးခွဲသွားသေးတယ်။ သူ့ပုံစံက မာရေကျောရေးနဲ့ လူမိုက်လိုမိုက်ကြေးခွဲရဲတဲ့ ပုံစံပါ။သတိတော့ထားကြပါ။ ကိုယ်တွေကလူများ‌နေတော့ ကံကောင်းသွားတာ။ (Ei Ei Myo)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page