မော်လမြိုင်-ရန်ကုန်ခရီးရဲ့ တထောင့်တည ကြာချိန်တွေကို ကျော်ဖြတ်မယ့် လေယာဉ်ခရီးစဉ်ဈေးနှုန်း
မော်လမြိုင်-ရန်ကုန် ပြည်တွင်းလေကြောင်းလိုင်း ခရီးစဉ်ကို (၅.၁၂.၂၀၂၂)တနင်္လာနေ့ မှစတင်ပြီး တစ်ပတ်ကို နှစ်ရက်နှုန်းပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ကုန်လမ်းခရီးစဉ်များဖြစ်သော ရန်ကုန် မော်လမြိုင် ညောင်ခါးရှည်ဂိတ်မှာ ခရီးသွား မိဘပြည်သူများ နေ့စဉ်အချိန်ကြာမြှင့်စွာ စောင့်ဆိုင်းမှုများရှိခဲ့ပြီး အခက်အခဲများစွာဖြစ်ပေါ်ခဲ့ကာ အရေးကြီးကျန်းမာရေးကိစ္စများတွင် လူနာသေဆုံးမှုများရှိခဲ့ခြင်းများကြောင့် ကားလမ်းခရီးသွားလာမှုတွင် အဆင်မပြေမှုများ ရှိခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန် မော်လမြိုင်ခရီးစဉ်ကို ကားလမ်းအစား မီးရထားဖြင့် အားကိုးသွားလာနေကြရပါတယ်။ ယခုအခါ ခရီးသွားမိဘပြည်သူများ သွားလာရ အဆင်ပြေစေရန် လေကြောင်းခရီးစဉ် အသစ်ကို တစ်ပတ်လျှင် နှစ်ရက်ပြေးဆွဲပေးမည်ဖြစ်ကြောင်း ကြားသိရပါတယ်။
လေကြောင်းခရီးစဉ်လတ်မှတ်များကို (၅.၁၂.၂၀၂၂) တနင်္လာနေ့မှ စတင်ရောင်းချမှာ ဖြစ်ပြီး တနင်္လာနေ့ နှင့် သောကြာနေ့များမှာ တစ်ပတ် နှစ်ရက်ပြေးဆွဲမှာ ဖြစ်ပါတယ်။ မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်များနဲ့ ပြေးဆွဲပေးမှာ ဖြစ်ပြီး ရန်ကုန်-ကော့သောင်း၊ ကော့သောင်း-မော်လမြိုင်၊ မော်လမြိုင်-ရန်ကုန် ခရီးစဉ် ဖြစ်တယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ အသွားတကြောင်းပဲ စီးနင်းလို့ ရသေးပြီး ကြိုတင်လေယာဉ်လက်မှတ်တွေကိုတော့ အမှတ် (၅)၊ သစ်တောရုံးလမ်း၊ မောရဝတီပန်းခြံအနီး မော်လမြိုင်မြို့မှာ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။ ဈေးနှုန်းကတော့ လက်မှတ်တစောင်ကို ၁၄၇၀၀၀ ကျပ်လို့ သိရပါတယ်။