အခုချိန်မှာ မြေကိုင်ထားချင်လို့ မြေကွက်ဝယ်မယ့်သူတွေ မသိမဖြစ် သိရမယ့် အချက် (၂၃) ချက်

ယနေ့ အချိန်မှာ လှုပ်ခတ်လာတဲ့ မြေဈေးကွက်နဲ့အတူ မြေကွက် အရောင်းအဝယ်တွေလည်း များပြားလာပြီ ဖြစ်ပါတယ်။ မြေကွက်ဝယ်ယူသူတွေ မသိမဖြစ် သိရမယ့် အချက် (၂၃) ချက်ကို ဖော်ပြလိုက်ပါတယ် – ၁။ မြေကွက်တည်နေရာနဲ့ အလားအလာ၊ ၂။ မြေကွက်အမျိုးအစား၊ ၃။ မြေကွက်တန်ဖိုးဈေးနှုန်း (ဆိုဈေးနဲ့ အလျှော့အတင်း အခြေအနေ) ၄။ မြေကွက်အကျယ်အဝန်း (နယ်နိမိတ် တိုင်းတာသတ်မှတ်တဲ့ မြေပုံနဲ့ တိုက်ဆိုင် စစ်ဆေးပြီး အမှန်တကယ်ရှိမရှိ လက်တွေ့ တိုင်းကြည့်ရန်)

၅။ အမည်ပေါက် ပိုင်ရှင်ကိုယ်တိုင် ရောင်းချခြင်း ဟုတ်မဟုတ်၊ ၆။ ပိုင်ဆိုင်မှုအဆင့်ဆင့်နဲ့ သက်ဆိုင်တဲ့ စာချုပ်၊ စာရွက်စာတမ်း အပြည့်အစုံမှု ရှိမရှိ၊ ၇။ ရောင်းသူဟာ အမှန်တကယ် ပိုင်ဆိုင်ခွင့်၊ ရောင်းချခွင့်ရှိသူ ဟုတ်မဟုတ်၊ ၈။ လိုအပ်ရင် အနည်းဆုံးလူနှစ်ဦးက လက်မှတ်ရေးထိုးပေးနိုင်ခြင်း ရှိမရှိ။

၉။ လိုအပ်ရင် ဝယ်ယူမယ့်အကြောင်းကို သတင်းစာမှာ ကြော်ငြာတာတွေ လက်ခံ၊ လက်မခံ၊ ၁၀။ လွှဲပြောင်း၊ ရောင်းချ၊ ပေါင်နှံ၊ စွန့်လွှတ်၊ လှူဒါန်း၊ အာမခံတင်သွင်းထားခြင်း ရှိမရှိ တို့ကို သိထားသင့်ပါတယ် ၁၁။ မြေကွက်အမှတ်၊ အိမ်အမှတ်၊ ၁၂။ မြေကွက်မျက်နှာ ပြုလုပ်ရာအရပ်၊

၁၃။ လမ်းပန်းဆက်သွယ်ရေးနဲ့ ကားဝင်နိုင်မှု အခြေအနေ ၁၄။ ရေဝပ်၊ မဝပ်နဲ့ ရေဆင်း ကောင်းမကောင်း၊ ၁၅။ သဘာဝဘေးအန္တရာယ်ကြောင့် ပေါ်ပေါက်နိုင်တဲ့ အန္တရာယ်ရှိမရှိ (မြစ်ရေကြီးတာတွေ၊ တာကျိုးရေလျှံတာတွေ၊ ထူးကဲဒီရေမြုပ်ခြင်း၊ မြစ်ရေ တိုက်စားတာတွေ၊ ပတ်ဝန်းကျင် မီးဘေးအန္တရာယ်ရှိမရှိ)၊ ၁၆။ လျှပ်စစ်မီးရှိမရှိ၊

၁၇။ ရေရှိမှု အခြေအနေ၊ ၁၈။ အနီးပတ်ဝန်းကျင်အခြေအနေ၊ ၁၉။ လမ်းမကြီး (ခရီး သည်တင်ဘတ်စ်ကားလိုင်း) က ဘယ်လောက်ကွာဝေးတယ်၊ ၂၀။ မိမိလုပ်ကိုင်မယ့် လုပ်ငန်းနဲ့ ကိုက်ညီမှုရှိမရှိ၊ ၂၁။ အနီးဆုံးဈေးနဲ့ အနီးဆုံး ကျောင်းတွေ၊ ၂၂။ သစ်ပင်နဲ့စားပင်တွေ ပါဝင်မှု၊ ၂၃။ ပြန်ရောင်းရန် အလွယ်တကူ ပြန်ရောင်းရနိုင် မရနိုင် စတဲ့ အချက်အလက်တွေကို စိစစ်ဝယ်သူသင့်ပါတယ်။ (Kumudra)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page