ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ထဲက သနားစရာကောင်းတဲ့ သမင်လေးရဲ့ ရင်နင့်ဖွယ် မြင်ကွင်း

တိရစ္ဆာန်တွေကို ဂရုမစိုက်ကြောင်း နာမည်ကြီးနေတဲ့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ထဲက သနားစရာ ကောင်းတဲ့ သမင်လေး တကောင် အကြောင်း တိရစ္ဆာန်ချစ်သူတဦးက ရေးသားထားတဲ့ ပို့စ်ကို ပြန်လည် ဖော်ပြ လိုက်ပါတယ်-

လူတွေမမြင်ကြတာလားဟင်။ မြင်ပြီးတော့ပဲ မသိချင်ယောင်ဆောင်နေကြတာလား။ ခများတို့များ အဲ့လိုဖြစ်ရင်နေနိုင်ကြရဲ့လား။ သူ့ခမျာ နာကျင်မှုကို အရိုးအက်အောင် ခံရမှာပဲ၊ တကယ်သနားစရာပါ။

မလိုအပ်တဲ့အရာတွေမှာ သုံးဖြုန်းတာထက် ဒုက္ခရောက်နေတဲ့သတ္တဝါလေးတွေကို တစ်ယောက်ကို တစ်ရာထည့်ရင်တောင် ကူညီနိုင်မှာပဲ။ ကူညီကယ်တင်ပြီး စောက်ရှောက်ပေးမဲ့သူရှိရင် သိပ်ကောင်းမှာ။

အဲ့သမင်လေးကို ရန်ကုန်တိရစ္ဆာန်ရုံမှာ မြင်နေရတာ တစ်လကျော်ပြီ အခုချိန်ထိ ဒီတိုင်းပစ်ထားတုန်းပါ။ အခုစာကို စိတ်မကောင်းလွန်းလို့ သူ့အတွက်မျှော်လင့်ချက်ဖြင့် ရေးတင်လိုက်ရခြင်းဖြစ်ပါတယ်။ ကျွန်တော်လဲ သူသာ တကယ်ပျောက်မယ်ဆို ပိုက်ဆံပုံပြီး လှူပါတယ်။ ဘယ်ကိုလှူပြီး ဘယ်သူက ပြုစုပေးမယ်မှန်း မသိလို့ပါ။

တော်ကြာ ကြားထဲက အောက်တန်းစားတွေက အလှူငွေတွေ သုံးပစ်မှာစိုးလို့ပါ။ ဖြစ်နိုင်ရင် တိကုဆရာ၀န်ခေါ်ပြီး ကိုယ်တိုင်သွားလုပ်ပေးချင်တာပါ။ ပတ်တီးစည်းပေးထားပြီး ဆေးထည့်ပေးနိုင်ရင်တောင် သမင်လေး တော်တော်သက်သာသွားမှာ။

ကျွန်တော် တစ်လအတွင်း လှုလို့ရမဲ့နေရာတွေ သွားမေးကြည့်ပါတယ်။ လက်တွေ့သွားလုပ်မယ်ဆိုတော့ အကြောင်းပြချက်အမျိုးမျိုးနဲ့ အဖွဲ့အစည်းတချို့က ငြင်းလွှတ်ပါတယ် (သူတို့က နိုင်ငံတော်ပိုင်တာတို့၊ ရှုပ်ကုန်လိမ့်မယ်တို့၊ ကုပေးလဲနောက်ဖြစ်မှာပဲတို့) သိသလောက် ရန်ကုန်တိရစ္ဆာန်ရုံထဲက ၀န်ထမ်းတချို့ကို မေးကြည့်တော့ ဆရာ၀န်ရှိတယ်ကုပေးမှာပါတဲ့။ အခုလသွားကြည့်တော့လည်း ဒီတိုင်းပါပဲ။ အဲ့တာကြောင့် ပို့စ်တင်လိုက်တာပါ။

လက်ရှိလုပ်နေတဲ့ တိရစ္ဆာန်ရုံက တာ၀န်ခံတစ်ယောက်ကတော့ သေပြီလို့ပြောထားပြန်ပါတယ်။ ကျန်တဲ့တစ်ယောက်က ကုသပေးနေတယ်လို့ ပြောပါတယ်။ သူတို့ကြားထဲမှာ တစ်ခုခုတော့ ဖုံးကွယ်ထားတယ်ဆိုတာကျိန်းသေပါ။ (Sitt Minn Thway) (ပုံအကြည်များကို ကွန်းမန့်တွင် ဖော်ပြထားပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page