မြန်မာ့ရုပ်ရှင်လောကမှာ အောင်မြင်မှု သရဖူဆောင်းခဲ့တဲ့ မင်းသားကြီး ကျော်ဟိန်းရဲ့ ဘဝ

မြန်မာ့ရုပ်ရှင်လောကမှာ အောင်မြင်မှုသရဖူဆောင်းခဲ့တဲ့ မင်းသားကြီး ကျော်ဟိန်းရဲ့ ဘဝ တစေ့တစောင်း…

ကျော်ဟိန်းသည် ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်၊ တနင်္လာနေ့တွင် ရန်ကုန်မြို့၊ စမ်းချောင်း မြိုနယ်၊ ကျောင်းကုန်းလမ်း ၌ အငြိမ်းစား ခရိုင် ရဲဝန် အဖ ဦးဂျွန်မောင်စိန် နှင့် အမိ ဒေါ်ချိချိ တို့မှ မွေး ဖွားခဲ့သည်။

ကရကဋ် ရာသီဖွားဖြစ်ပြီး ငယ်နာမည် ကျော်ကြီး ။ အမည်ရင်းမှာ ကျော်ဌေး ဖြစ် သည်။ သားသမီး ခြောက်ယောက်မှာ နံပါတ် လေးယောက်မြောက်ဖြစ်သည်။၁၉၅၂ ခုနှစ် – ရန်ကုန်မြို့၊ ကြည့်မြင်တိုင်၊ ABM ကျောင်းမှာ ပထမတန်း ကနေ စတုတ္ထတန်း အထိကျောင်းစာ သင်ကြားခဲ့သည်။

(စတုတ္ထတန်း စာမေးပွဲမှာ အောင်မှတ် မပြည့်လို နွေရာသီ ကျောင်းပိတ် ရက် နှစ်လ မှာ စာကျက်ပြီး စာမေးပွဲ ပြန်ဖြေရ တယ်။)၁၉၅၆ ခုနှစ် – အလုံမြို့နယ်၊ ဟုမ်းလမ်း ဘူတာရုံနားက ယူနစ်ကရင်ကျောင်းမှာ ပဉ္စမတန်း ကို တက်ရောက် သင်ကြား။ ၁၉၆၅ ခုနှစ် – ကမာရွတ်မြို့နယ်၊ ဒေါ်သာထက် ကျောင်းမှာ နဝမတန်း (သုံးကြိမ်မြောက်) သင်ကြားအောင်မြင်ခဲ့သည်။

ဖိုး(4)သမား ရုပ်ရှင်သရုပ်ဆောင်ငယ်စဉ်က ၉ တန်းကျောင်းထပ်မတက်ပဲ ရေတပ်သားဘဝနဲ့ တစ်နှစ်နေခဲ့တယ်။ ရေတပ်သား ဘဝမှာလည်းသူမပျော်ပြန်ဘူး.. နတ်တလင်းကအဒေါ်ဖြစ်သူက အတင်းလိုက်ရှာပြီ ၉တန်းပြန်ဖြေခိုင်း တယ်။ အောင်သွားပါတယ်။

ဆယ်တန်းမတက်တော့ဘူးအိမ်မှာလည်းငါမနေချင်တော့ဘူးဆိုပြီး ထွက်လာတယ်။ လမ်းမှာ ဆိတ်ခြံတစ်ခြံမှာ အိပ်စရာ မရှိလို့ ဒီညအိပ်ပါရစေဆိုတော့ ဆိတ်ခြံထဲတော့ အိပ်လို့ရမယ် ဒါပေမယ့် မနက်ဆိတ်ချေးကျုံးရမယ်။ သူ့အတွက် တစ်ညတာ အိပ်စက်ခွင့်ရသွားပါတယ်။ လမ်းသူရဲတွေနဲ့ ပေါင်း ဦးတည်ရာမရှိ ရည်မှန်းချက်မရှိ သွားချင်ရာသွား ပြီး ဘိန်းတွေရှ။ နောက်ပိုင်းမှာတော့ ကြံတောသင်္ချိုင်းမှာ ကိုယ်လက်အင်္ဂါမစုံသူတွေနဲ့ ဖဲတွေရိုက် ဒီလိုနဲ့ဘဝကို ကုန်ဆုံးစေခဲ့ တယ်။

၁၉၆၆ ခုနှစ် – ဒဂုံမြို့နယ်၊ ဒေါ်နုနုခင် အလွတ် ပညာသင်ကျောင်းမှာ ဒသမတန်းသင်ကြား သုံးလလောက် တက်ပြီး ရေတပ်ထဲဝင် (ကိုယ်ပိုင် နံပါတ် ၁၂၂၀၅) ၁၉၆၇ ခုနှစ် – ရေတပ်ထဲကထွက်၊ ဒသမတန်း ပြန်ဖြေ၊ ဆယ်တန်း(ခ)နှင့် အောင် (တက္ကသိုလ်ဝင်တန်း) အထိ ပညာ သင်ကြားခဲ့သည်။ ငယ်စဉ်က စိန်ဂေါ်လီ ဂိုဏ်းဝင် တစ်ဦးဖြစ်သည်။

ရုပ်ရှင်လောကထဲရောက်။ ၁၉၇၀-ပြည့်နှစ်မှ စ၍ ရုပ်ရှင် မင်းသမီး စန္ဒာနှင့် အတူ ဖူးစာလမ်းစုံ ဇာတ်ကားဖြင့် ရုပ်ရှင် လောကထဲသို့ ဝင်ရောက်ခဲ့သည်။ ရုပ်ရှင် သရုပ်ဆောင် အဖြစ် `အကာက အချစ် အနှစ်ကမေတ္တာ ́၊ `မွန်းတည့်ချိန်တွင် နေဝင်သည် ́၊ `ပန်းမြိုင်လယ်က ဥယျာဉ်မှူး ́၊ `ဝေလည်းမွေး ကြွလည်းမွေး ́ဇာတ်ကားများဖြင့် အကယ်ဒမီ လေးကြိမ် ရရှိခဲ့သည်။

`မွန်းတည့်ချိန်တွင် နေဝင်သည် ́ဇာတ်ကားကို ကိုယ်တိုင် ဒါရိုက်တာ အဖြစ် ရိုက်ကူးခဲ့သည်။ ၁၉၇၀ခုနှစ်တွင် ပထမဆုံး ဒါရိုက်တာလုပ်၍ သရုပ်ဆောင် ရိုက်ကူးခဲ့သော ဇာတ်ကားမှာ စိန် သို့မဟုတ် စိန် ဖြစ်သည်။ ထို ဇာတ်ကား၏ ကြော်ငြာ ဒီဇိုင်း၊ ပိုစတာများ အားလုံးကို သူကိုယ်တိုင် နေမင်းထိပ်ခေါင် အမည်ဖြင့် ရေးဆွဲခဲ့ပေသည်။

ဝတ္ထုတို၊ ဝတ္ထုရှည် အချိ ရေးသားခဲ့ပြီး တေးစီးရီး အချို့ကိုလည်း သီဆို ထုတ်လုပ်ခဲ့သည်။ ရုပ်သံကြော်ငြာများတွင်လည်း သရုပ်ဆောင်ကြေး အများဆုံးရသူဖြစ်သည်။ ၂၀ဝ၈-ခုနှစ်၊ နိုဝင်ဘာ (၄) ရက်နေ့မှ စ၍ ဦးကျော်ဟိန်း သည် ရုပ်ရှင် လောကမှ အနားယူကာ ရဟန်း ဝတ်ခဲ့လေသည်။ ဘွဲ့တော်မှာ ဦးကိတ္တိသာရ ဖြစ်သည်။ ဦးကျော်ဟိန်း ရဟန်း မဝတ်ခင် ကလည်း ကျော်ဟိန်း ၏ နောက်ဆုံး နှုတ် ဆက် ခရီးစဉ်ဟု အမည်ပေးကာ မြန်မာနိုင်ငံ အနှံသို့ သွားရောက်ခဲ့သေး သည်။ ရဟန်းဘောင်ဝင်၍ တရားပွဲများ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။

ဘုန်းကြီးဝတ် အနေဖြင့် စာပေများရေးသောအခါ ကလောင် နာမည် ဦးကိတ္တိသာရ (ခေတ္တ ၃၁ ဘုံ) ဟုဖြစ်သည်။ နောက်ဆုံး ရိုက်ကူးခဲ့သော ရုပ်ရှင်ကား မှာ ကြိုးတန်း ဖြစ်သည်။ ၁၉၆၇ ခုနှစ်မှ ၂၀၀၈ ခုနှစ်ထိ (နှစ်ပေါင်း ၄၁ နှစ် အတွင်း) ရိုက်ကူးခဲ့သော ရုပ်ရှင် ကားပေါင်း ၂၂၂ကား၊ ဗီဒီယို ကားပေါင်း ၃၆၂ ကား ဆိုခဲ့တဲ့ သီချင်းခွေပေါင်း ၁၄ ခွေ ဖြစ်သည်။ (santhitsa)

“ဦးကိတ္တိသာရ (သရုပ်ဆောင်ကျော်ဟိန်း) ပျံလွန်တော်မူ”

ဦးကိတ္တိသာရ (သရုပ်ဆောင်ကျော်ဟိန်း) သည် ဩစတေးလျ၊ ကင်မ်ဘာရာ ယနေ့ဇူလိုင် ၁၁ ရက် မြန်မာစံတော်ချိန် နံနက် ၉ နာရီ ၂၇ မိနစ်တွင် ပျံလွန်တော်မူသွားသည်။

ဩစတေးလျနိုင်ငံ၊ ကင်မ်ဘာရာမြို့တွင် သီတင်းသုံးလျက်ရှိသော ဦးကိတ္တိသာရ (သရုပ်ဆောင်အကယ်ဒမီကျော်ဟိန်း)သည်ပျံလွန်တော်မူသွားကြောင်း သတင်းဖော်ပြပြီး နာရေးကူညီမှုအသင်းမှ အကယ်ဒမီ ဦးကျော်သူ အပါအဝင် အနုပညာရှင်များ၏ လူမှုကွန်ရက်များတွင် ဝမ်းနည်းကြေကွဲကြောင်း သတင်းစကားများမျှဝေထားကြသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) ဦးကျော်သူက “သားကြီး ထွက်ခွါခဲ့တဲ့ (၁၃)နှစ်မြောက်မှာဦးကျော် ထွက်သွားပြန်ပြီဗျာ” ဟု သူ၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page