ဧရာဘဏ်ကို ဦးဇော်ဇော် စွန့်လွှတ်ပြီ၊ မြန်မာ့ဘဏ်လောက ဘာတွေ ဖြစ်လာဦးမှာလဲ
အွန်လိုင်းပေါ်တွင် ပျံ့နှံ့လာတဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့ ရက်စွဲပါ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြန်တမ်းဆိုသည့် ဓာတ်ပုံတပုံတွင် ဧရာဝတီဘဏ်ကို အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲတော့မယ်လို့ ပါရှိလာပါတယ်။
စာအပြည့်အစုံကတော့ “မြန်မာနိုင်ငံ ကုမ္ပဏီဥပဒေပုဒ်မ – ၅၈ (ခ) အရ ကြေညာ၊ ဧရာဝတီဘဏ် လီမိတက်၊ အမှတ် – ၄၁၆၊ မဟာဗန္ဓုလလမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးသည် အများနှင့် မသက်ဆိုင်သည့် ကုမ္ပဏီအဖြစ်မှ အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီအဖြစ်သို့ အမျိုးအစား ပြောင်းလဲခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို ကုမ္ပဏီများဆိုင်ရာ မှတ်ပုံတင်အရာရှိထံသို့ တင်ပြပြီး ဖြစ်ကြောင်းနှင့် မှတ်ပုံတင်အရာရှိသည် ကုမ္ပဏီက တင်ပြသည့် လျှောက်ထားမှုကို ကျေနပ်လက်ခံပြီး တရားရုံး၏ အမိန့်တရပ်ရပ်အရ တားမြစ်ခြင်း မရှိလျှင် ကုမ္ပဏီ၏ မှတ်ပုံတင်ထားသော ကုမ္ပဏီအမျိုးအစား ပြောင်းလဲခြင်းဆိုင်ရာ အသေးစိတ် အချက်အလက်များကို ပြောင်းလဲပေးမည် ဖြစ်ကြောင်း အများသိစေရန် ကြေညာလိုက်သည်။” လို့ ပါရှိပါတယ်။
ဧရာဝတီဘဏ် (Ayeyarwady Bank) ဟာ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်ပြီး ၂၀၁၀ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်နဲ့ ပြည်တွင်းက ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်က ဦးဆောင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။
ဧရာဝတီဘဏ် ရန်ကုန်ရုံးချုပ်ဟာ အမှတ်(၁၆၄)၊ မဟာဗနွုလလမ်းမကြီး၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိပြီး နေပြည်တော်ရုံးချုပ်မှာ ၁၁၀-၁၁၂၊ သီရိရတနာအဆင့်မြင့်ဈေး၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်တွင် တည်ရှိကာ ယခုအခါ ဘဏ်ခွဲပေါင်း ၂၆၀ ကျော် ဖွင့်လှစ်ထားပါတယ်။
ယခုလို အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲလိုက်တဲ့အတွက် ဦးဇော်ဇော်အနေနဲ့ ဧရာဘဏ်ရဲ့ ပိုင်ဆိုင်မှုတွေကို လက်လွှတ်ရမှာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ အကြီးဆုံးဘဏ်တွေထဲက တခု ဖြစ်တဲ့ ဧရာဘဏ်ရဲ့ ကြီးမားတဲ့ အချိုးအကွေ့ကြောင့် မြန်မာ့ဘဏ်လုပ်ငန်း ဘယ်လို လှုပ်ခတ်လာဦးမလဲဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။