ကြက်ဥစားရင် ငရဲပိုကြီးတယ်လို့ အခုထိ ထင်နေကြတုန်းလား (ကြက်ဥ သက်သတ်လွတ်/မလွတ်ဆိုတဲ့ အဖြေ)

ယနေ့ အွန်လိုင်းပေါ်မှာ လူပြောများနေတဲ့ အကြောင်းအရာကတော့ ဥပါတဲ့ ပုရစ်တွေကို စားရင် ငရဲပိုကြီးတယ်ဆိုတဲ့အကြောင်းပဲ ဖြစ်ပါတယ်။ ဘာသာရေးရှုထောင့်နဲ့ ပြင်ပလောက ရှုထောင့်တို့အပေါ် မူတည်ပြီး မတူညီတဲ့ အမြင်အမျိုးမျိုးတွေ ထွက်ပေါ်လာပါတယ်။ တိရစ္ဆာန်ဥတွေကို စားတာဟာ ငရဲပိုကြီးလား၊ အပြစ်ပိုရှိသလားဆိုတာ ငြင်းခုန်နေကြပေမယ့် ကြက်ဥဟာ သက်သတ်လွတ်/ မလွတ်ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို အောက်မှာ ဖော်ပြထားပါတယ်။

ကြက်ဥဟာ သက်သတ်လွတ်လား သက်သတ်မလွတ်ဘူးလားဆိုတဲ့ အချက်ပါ။ အရင်ကလဲ ပြောပြခဲ့ဘူးပါတယ်။ ကြက်ဥ ရောင်းတဲ့ ပင်ရင်းကို ကြည့်ရပါမယ်။ များသောအားဖြင့် စီးပွါးရေး ကုန်သွယ်မှုနှင့်ဆိုင်သော ကြက်မွေးမြူရေးလုပ်ငန်းမှ ထုတ်တဲ့ ကြက်မတွေဟာ ကြက်ဖတွေနဲ့ အထိအတွေ့ လုံးဝ မရှိပါ။ သူတို့ရဲ့ မျိုးစေ့ ဟာလည်း မျိုးစပ်မှု လုံးဝ မရှိပါ။

လိုအပ်သည့် အာဟာရများ ပေးထားလျှင် ကြက်မကတော့ ကြက်ဥ ဥ မှာ ဖြစ်ပါတယ်။ စပ်ယှက်မှု မရှိတဲ့ကြက်ဥ မှာ အသက် မရှိပါ။ ကြက်မက ဘယ်လိုပဲဝပ်ဝပ် သားကောင်လေး မပေါက်နိုင်ပါ။ စီးပွားဖြစ် ထုတ်လုပ်တဲ့ ကြက်ဥတွေကို ဆိုလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ စပ်ယှက်မှု မရှိထားသေးတဲ့ ဥမှာ သန္ဓေသား မရှိလို့ ဖြစ်ပါတယ်။ အိမ်မွေးကြက်မ / အလေ့ကျ ကြက်ဖနဲ့ အတူနေတဲ့ ကြက်မဆိုရင်တော့ သူတို့ဥတဲ့ဥဟာ သန္ဓေသား ရှိဖို့ များပါတယ်။ သက်သတ်လွတ် / မလွတ်ဆိုတာ ကိုယ်စားမဲ့ ကြက်ဥ လာတဲ့ ပင်ရင်းနေရာပေါ်မှာ မူတည်နေတာ ဖြစ်ပါတယ်။ ကြက်ဥ ဟာ အာဟာရတန်ဖိုး အလွန်ရှိတာမို့ ထပ်မံ တင်ပြပေးလိုက်ခြင်းသာ ဖြစ်ပါတယ်။

(အမျိုးသမီးတွေလဲ သန္ဓေသားဥ တစ်လတစ်ကြိမ် ထုတ်တာပါပဲ။ စပ်ယှက်မှု မရှိသေးရင် အသက် မရှိပဲ ခန္ဓာကိုယ်ထဲမှာပဲ ပျောက်သွားပါတယ်။ ကြက်မ ကျတော့ ဥအနေနဲ့ ဥချလိုက်တာ ဖြစ်ပါတယ်)။ ကြက်ဖနဲ့ စပ်ယှက်မှု မရှိဘဲ ဥတာက မျိုးမအောင်တဲ့ဥမို့ အသက် မရှိပါ။ အမျိုးသမီးတွေက ဇလာဗုဇ (သားအိမ်၌ ဖြစ်သူ)၊ ကြက်ကျတော့ အဏ္ဍဇ (ဥခွံ ၌ ဖြစ်သူ)။ သဘာဝ အားဖြင့် ဖြစ်လာပုံခြင်းမတူကြပါ။

လူတွေရဲ့ မျိုးစေ့ဥ က သာမာန်မျက်စေ့ ဖြင့် မမြင်နိုင်သော်လည်း ကြက်မရဲ့ မျိုးစေ့က တော့ ဥ အနေနဲ့မို့ မြင်နိုင်ပါတယ်။ ဒီလောက်ဆို အဖြေရှင်းလောက်ပြီ ထင်ပါတယ်။ ဥစားကြက်ခြံတွေက ရတဲ့ ကြက်ဥတွေဟာ သက်သတ်လွတ်ပါတယ်။ သဘာဝ လွှတ်ကျောင်းခြံတွေကနေ ရတဲ့ ကြက်ဥတွေဟာ သက်သတ်မလွတ်ပါဘူး။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page