တခေတ်တခါက နာမည်ကျော် အနုပညာရှင်များရဲ့ ရင့်နင့်ဖွယ်ရာ ဘဝဇာတ်သိမ်းများ

တွေးမိ ရေးရာ…

ဒီပုံလေးမြင်တော့ ပထမ ရီချင်မိသား နောက်တော့ အနုပညာသမားတွေရဲ့ တတိယအရွယ် နေဝင်ချိန်ဟာ ခက်ခဲ ရင်နင့်ဖွယ်ကောင်းလှပါလားရယ်လို့ အတွေးရသွား မိပါတယ်ဗျာ…

အသံမှာ စိန်အောင်မင်း ပြီးရင် အကောင်းဆုံးလို့ သတ်မှတ်ခံခဲ့ရတဲ့ ပုလဲစိန် ဟာ ဘီအီးဒီ အောင်သိုက် လူငယ်ကြည်ခိုင်တို့နဲ့ တွဲပြီး လျမ်းလျမ်းတောက် အောင်မြင်ခဲ့ ဖူးပါတယ်…

ဖိုးချစ်ကရာ ဇာတ်ရုံရဲ့ နဘေး ယာတောကတဲလေးမှာ လူတစ်ယောက် သေအံ့မူးမူး ဖြစ်နေလို့ ဇာတ်အဖွဲ့သား တစ်ယောက်သွားကြည့်ပြီး မေးစမ်းကြည့်တော့မှ ပုလဲစိန် တဲ့ ပြုစု ကုသဖို့ ဝိုင်းကျိုးစားကြပေမဲ့ ဆုံးပါးသွားခဲ့ရပါတယ်…

တစ်ခေတ်မှာတစ်ယောက်လို့ ဆိုရမဲ့မြို့မငြိမ်းဟာ ရောင်စုံ ဒုတ်ထိုးရုပ်လေးတွေရောင်းပြီး ဝမ်းရေးအတွက် ဖြေရှင်းခဲ့ရ ဖူးသတဲ့ ကားကို အရမ်းကြောက်တဲ့သူဟာ အုတ်သယ်ကားအောက်ကို ခေါင်းထိုးထဲ့ပြီး မိမိကိုယ်ကို အဆုံးစီရင် သွားခဲ့ရှာပါတယ်…

ပျားရည်ဘဏ်တိုက် ရွှေပုပ္ပါး ရုပ်သေးပွဲ သီချင်းတွေ ရေးခဲ့တဲ့ ကံမြဲ ဦးအေးကျော်ဟာ နွားတင်းကုတ်ထဲမှာ အသက်ဆုံးပါးခဲ့ရပါတယ်…

ရေဒီယိုခေတ် ကာလပေါ်သီချင်းတွေကစလို့ နာမည်ကြီး စတီဒီယို သီချင်းပေါင်းများစွာကို ရေးစပ်ပေးခဲ့တဲ့ ကိုလေးလွင်ဟာ မိုးသဲနေတဲ့အချိန် တာမွေမီးသတ်ရှေ့က ပလက်ဖောင်းပေါ်မှာ လဲနေခဲ့ ပါတယ် လက်ထဲမှာ ခေါက်ဆွဲသုတ် ထုတ်ကလေး နဲ့တဲ့… (နေမကောင်းတဲ့ကြားက သူ့သမီးစားချင်တယ်ဆိုလို့ သွားဝယ်ပေးရင်း အားပြတ်ပြီး လဲသွားခဲ့ရတာပါ) ဘေးလူတွေက မေးစမ်းပြီး ဆေးရုံပို့ပေးကြပေမဲ့ အသက် မမှီတော့ပါဘူး…

ပုံ – ညာဘက်အစွန်ဆုံး ဝင်းဦးဘေးက ကိုလေးလွင် ဖြစ်ပါတယ်

နာမည်ကသာ အနုပညာ သမား ဒါပေမဲ့ သူတို့ဘဝတွေဟာ ရှင်သန်ဖို့ ခက်ခဲကြမ်းတမ်းလွန်းလှပါတယ်ဗျာ…

Aungkhing

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page