ကမ္ဘာ့ နာမည်ကျော် ဒီဇိုင်နာတဦးရဲ့ သံဝေဂရစရာ ဘဝနေဝင်ချိန် (နောက်ဆုံး ရေးသားခဲ့စာလေး)
နာမည်ကျော် ဒီဇိုင်နာ တဦးဖြစ်တဲ့ Kirjeda Rodriguez ဟာ ကင်ဆာရောဂါနဲ့ ကွယ် လွန်သွားရှာပါပြီ.. မကွယ်လွန်မီ နောက်ဆုံး ရေးသားခဲ့စာလေး ကြိုက်လွန်းလို့ပါ..
လောကမှာ သေခြင်းတရားထက် ပိုတဲ့ အမှန်တရား မရှိပါဘူးရှင်.. လောကမှာ စျေးအမြင့်ဆုံးဆိုတဲ့ ကားတွေ ကျမ အိမ် ဂိုထောင်ထဲမှာ ရပ်နေကြတယ်.. ဒါပေမဲ့ ကျမ ဝီးချဲနဲ့ သွားနေရပါတယ်။ လောကမှာ အလှဆုံး အဆန်းကျယ်ဆုံး ဒီဇိုင်း ဆိုတဲ့ အဝတ်အထည်တွေ ကျမ ဗီရိုထဲမှာ ပြည့်နှက်နေပါတယ်.. ဒါပေမဲ့ ကျမ ဆေးရုံက ပိုးသတ်ထားတဲ့ ဝတ်ရုံဖြူကို ဝတ်ဆင်ထားပါတယ်။ မြောက်များလှစွာသော ငွေတွေ ကျမရဲ့ ဘဏ်စာအုပ်ထဲမှာ အိပ်ပျော်နေကြပါတယ်.. ဒါပေမဲ့ တစ်ကျပ်မှ ကျမအတွက် အသုံးမဝင်တော့ပါဘူး။
နန်းတော်ကြီးအလား ခမ်းနားကြီးကျယ်တဲ့ အိမ်ကြီးကိုပိုင်ဆိုင်ပေမဲ့ ခုတင်အသေးလေး တစ်လုံးပေါ်မှာသာ ကျမ အခု လှဲနေပါတယ်။ အလှပဆုံး ကြယ်ငါးပွင့်ဟိုတယ်တွေမှာ ကျမ ခရီးထွက်တည်းခိုခဲ့ဖူးပါတယ် .. ဒါပေမဲ့ အခု ဆေးရုံ ဓာတ်ခွဲခန်းနဲ့ သွေးစစ်ခန်းကြား ကျမ လူးလာခေါက်တုန့် ခရီးသွားနေရပါတယ်။ တစ်နေ့တစ်နေ့ ကျမဆီက အော်တိုရဖို့ လူထောင်ကျော် တန်းစီတိုးဝှေ့ခဲ့ဖူးပါတယ် .. အခုတော့ ဆရာဝန်ရဲ့ လက်မှတ်တစ်ခုသာ ကျမအတွက် အော်တိုဂရပ်ပါ။
ပွဲတွေ များလွန်းလို့ တစ်ရက်ထဲ Hair style ခုနှစ်မျိုးလောက် ကျမ ပြောင်းလဲ အလှပြင် ခဲ့ရပါတယ်.. ဒါပေမဲ့ ကျမခေါင်းပေါ်မှာ ဖီးစရာ ဆံပင်တစ်မျင်မှ မကျန်တော့ပါ။ အရသာ အကောင်းဆုံး ဆိုတဲ့ ဟိုတယိတွေမှာ ကျမ စားသောက်ခဲ့ပါတယ် ..အခု ဆေးတွေသာ ကျမ အတွက် အစာပါ။ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ပျော်ရွှင်စွာ ပျံသန်း နေခဲ့တဲ့ ကျမ ဆေးရုံဝရန်တာထွက်ဖို့တောင် လူနှစ်ယောက်ကို အားကိုးနေရပါပြီ။
ကျမ နေ့မအား ညမအား ကျိုးစားရှာခဲ့တဲ့ စည်းစိမ်တွေ တစ်ခုမှ ကျမကို မကယ်နိုင်ခဲ့ပါဘူး . ကျမအတွက်အားကိုးရာ မဖြစ်ခဲ့ပါဘူး။ ချစ်ခြင်းမေတာနဲ့ ဖေးမတဲ့ မိသားစုဝင်တွေ ဘာမျော်ကိုးမှုမှမရှိဘဲ ကျမအတွက် ဆုတောင်းပေးကြတဲ့ သူငယ်ချင်း မိတ်ဆွေတွေသာ ကျမကို စ်ိတ်ဖြေရာ စိတ်သက်သာရာ အားဆေးတွေပါ..
ဒါကြောင့်ကျန်းမာနေတုန်းမှာ လူတိုင်းအပေါ် မေတ္တာပြပါ. စေတနာထားပါ.. မိသားစုဝင်တွေကို အချိန်ပေးပါ သူငယ်ချင်းကောင်းတွေ ရှာဖွေပါ.. ဘဝဟာ သိပ်ကို တိုတောင်းလွန်းပါတယ်။