ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အမည်ပေးခဲ့တဲ့ မြန်မာ့ပထမဆုံး စစ်သင်္ဘော မေယု အကြောင်း

မေယုစစ်သင်္ဘော (UBS Mayu F 21) ဟာမြန်မာ့ရေတပ် ပထမဦးဆုံး အလံတင် စစ်သင်္ဘာဖြစ်တယ်။ မြန်မာ့ရေတပ်မှာ ၁၉၄၇ မေလတပ်တော်ဝင်ခဲ့ပြီး ပြည်တွင်းစစ်ပွဲများနဲ့ ရေတပ်လေ့ကျင့်ရေးတာဝန်များကို နှစ်ပေါင်း ၃၂ နှစ်ထမ်းဆောင်ခဲ့တယ်။

၁၉၇၉ ခုနှစ်မှာမေယုစစ်သင်္ဘောဟာသံလျင်ရေတပ်စခန်းမှာ ရေတပ်ပြတိုက်အဖြစ် အနားယူခဲ့တယ်။ ကိုလိုနီအင်္ဂလိပ်ဟာ မြစ်အတန်းအစား ဖရီးဂိတ်စစ်သင်္ဘောအမျိုးအစား HMS Fal (မေယုသင်္ဘောမူလနာမည်) ကိုဒုတိယကမ္ဘာစစ်အတွင်း တည်ဆောက်ခဲ့ပြီး မြန်မာနိုင်ငံကို ၁၉၄၈ လွတ်လပ်ရေးနဲ့အတူလက်ဆောင်ပေးလွှဲပြောင်းခဲ့တယ်။

HMS Fal ကို မြန်မာအစိုးရ UBS Mayu (မေယု) အမည်သစ်ပေးခဲ့တယ်။ မေယုစစ်သင်္ဘောကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အင်္ဂလိပ်တို့ထံမှ မြန်မာအစိုးရ ကိုယ်စားလက်ခံရယူခဲ့တယ်။ ဒုတိယကမ္ဘာစစ်အတွင်းရခိုင်ပြည်နယ် မေယုမြစ်အတွင်းမှာ ဖက်ဆစ်ဂျပန်ကို တိုက်ထုတ်ခဲ့ကြတဲ့ ဗမာအပျော်တမ်းရေတပ်ဖွဲ့ကို ဂုဏ်ပြုတဲ့အနေနဲ့ HMS Fal ကို မေယုအမည်ပေးတာဗိုလ်ချုပ်အောင်ဆန်းကသင်္ဘောလွှဲပြောင်းလက်ခံတဲ့အခမ်းအနားမှာပြောကြားခဲ့တယ်။

မြန်မာပထမဦးဆုံးရေ/ချုပ် (ကာကွယ်ရေးဦးစီးချုပ်-ရေ) ဒု-ဗိုလ်မှူးကြီးခင်မောင်ဘို (BN 4017) ဟာပထမဦးဆုံး မေယုစစ်သင်္ဘာရေယာဉ်မှူးဖြစ်တယ်။ ပြည်တွင်းစစ်ကာလမှာ မေယုစစ်သင်္ဘာဟာ ကြည်းတပ်ဖွဲ့နဲ့အတူ အင်းစိန်၊ ပုသိမ်၊ ကျောက်ဖြူ၊ မော်လမြိုင်နဲ့ သံလျင်ကျိုက်ခေါက်ဒေသစစ်ဆင်ရေးများမှာ ပါဝင်လှုပ်ရှားခဲ့တယ်။

၁၉၄၈ ဇန်နဝါရီ ၄ ရက် မြန်မာလွတ်လပ်ရေးလွှဲပြောင်းတဲ့ အခမ်းအနားမှာ စစ်သင်္ဘာမေယုဟာ အင်္ဂလိပ်စစ်သင်္ဘာဘာမင်ဂန်နဲ့ အတူ ရန်ကုန်မြစ်ထဲမှာ ဂုဏ်ပြုအမြောက် ၂၅ ချက် ပစ်ဖေါက် ဂုဏ်ပြုခဲ့တယ်။

HMS Fal (မေယုမူလသင်္ဘာ) ကို ရေငုတ်သင်္ဘာစောင့်ကြည့်ရေးနဲ့ ပင်လယ်တွင်း အစောင့်လိုက်သင်္ဘာအဖြစ် အသုံးပြုနိုင်ဖို့ တော်ဝင်အင်္ဂလိပ်ရေတပ်က ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ ခုနှစ် လန်ဒန်မြို့မှာ တည်ဆောက်ခဲ့ပြီး ၁၉၄၃ ခုနှစ် တော်ဝင်အင်္ဂလန်ရေတပ်မှာ တပ်တော်ဝင်ခဲ့တယ်။

မေယုစစ်သင်္ဘာအချက်အလက်အချို့။ အတန်းအစား – မြစ် (River)။ တန်ချိန် – ၁၄၈၃ တန်။ (Standard) အလျား – ၂၈၃ ပေ၊ အနံ – ၆၃ ပေ။ ရေစူး – ၉ ပေ။ အမြန်နူန်း – ၂၀ ရေမိုင်။ စစ်သည်အင်အား – ၁၁၇ ယောက်။ လ-က်နက် – ၁၀၀ မမစက် Mark အမြောက်နှစ်လက်။ ၄၀ မမ Bofors လေးလက်။ ၂၄ ပြောင်းရေငုတ်သင်္ဘာပစ်လက်နက်စနစ်တခု။ ရေမြုတ်-ိုင်းအလုံး ၁၅၀။ လွင်ဦး (ရန်ကင်း)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page